ငါးမန်းတွေက လင်းပိုင်တွေကို ဘာကြောင့် ကြောက်ကြသလဲ

လင်းပိုင်တွေဟာ အမြဲတန်း အုပ်စုနဲ့ သွားလာ နေထိုင်ကြပြီး အချင်းချင်း စည်းလုံးပါတယ်။ တကောင်နဲ့ တကောင် ကူညီတတ်ကြတဲ့ သဘာဝလည်း ရှိပါတယ်။

ငါးမန်းတွေဟာ အကောင်ကြီးတဲ့ လင်းပိုင်တွေထက် အကောင်သေးတဲ့ လင်းပိုင်ငယ်လေးတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်ချင် ကြပါတယ်။

များသောအားဖြင့် လင်းပိုင်ငယ်လေးတွေကို တိုက်ခိုက်တဲ့ အခါမှာ အခြားသော လင်းပိုင်အုပ်က ဝိုင်းဝန်း တိုက်ခိုက်တာကြောင့် မလွတ်နိုင်ပါဘူး။

လင်းပိုင်တွေရဲ့ အကြီးဆုံး အားသာချက် ကတော့ ဉာဏ်ကောင်းနေတာ ပါပဲ။ ရေထဲက ငါးမန်းရဲ့ အသံလှိုင်း ရွေ့လျားတာကို အာရုံခံပြီး ရှောင်သွားတာ၊ တိုက်ခိုက်တာတွေကို ပြုလုပ်ပါတယ်။

ငါးမန်းတွေကပဲ လင်းပိုင်တွေကို ကြောက်ရတာမျိုး မဟုတ်ပါဘူး။ Florida မှာ နေထိုင်တဲ့ လင်းပိုင်တွေရဲ့ ကိုယ်ပေါ်မှာ ငါးမန်းနဲ့ တိုက်ခိုက်ထားတဲ့ ဒဏ်ချက်တွေကို တွေ့ရတတ် ပါတယ်။ ဒါကြောင့် လင်းပိုင်တွေ အတွက်လည်း ငါးမန်းတွေက ကြီးမားတဲ့ ခြိမ်းခြောက်မှု တခုပါပဲ။

လင်းပိုင်တွေဟာ အုပ်စုဖွဲ့ စုပေါင်း နေထိုင်ကြပြီး ဉာဏ်ကောင်းတဲ့ ရေနေနို့တိုက် သတ္တဝါ အမျိုးအစား ဖြစ်ပါတယ်။ ငါးမန်းတွေရဲ့ သဘာဝက တကောင်တည်း နေတတ်ကြပြီး သားရဲတိရစ္ဆာန် အမျိုးအစားပါ။

ငါးမန်းတွေဟာ လင်းပိုင်အုပ်ကို မြင်တဲ့အခါမှာ ရှောင်သွားတတ် ကြပြီး အထူးသဖြင့် Grampus dolphin နဲ့ Killer whales များကို ပိုပြီး ကြောက်ကြ ပါတယ်။

ဘာကြောင့် ရက်စက်တတ်တဲ့ ငါးမန်းတွေက နှစ်လိုဖွယ် အသွင်နဲ့ လင်းပိုင်တွေကို ကြောက်ရတာလဲ။ လင်းပိုင်တွေဟာ ငါးမန်းကို တွေ့တာနဲ့ ချက်ချင်း ဆိုသလို အုပ်စုလိုက် တိုက်ခိုက်ကြပါတယ်။ ဒါက ငါးမန်းတွေက လင်းပိုင်တွေကို ရှောင်ရှားကြတဲ့ အဓိက အချက်ပါပဲ။

လင်းပိုင်တွေဟာ ဉာဏ်ရည်မြင့်မားတဲ့ အပြင် သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် အခြားသော အားသာချက်တွေလည်း ရှိပါတယ်။ လင်းပိုင်တွေရဲ့ အပေါ်ဖက် ရေယပ်ဟာ နူးညံ့တဲ့အရေပြားနဲ့ ဖွဲ့စည်းထားတာကြောင့် သားကောင်ကို တိုက်ခိုက်တဲ့အခါမှာ အတော် မြန်ပါတယ်။

လင်းပိုင်တွေရဲ့ ဒေါင်လိုက်အမြီးကြောင့် ရေကူးတဲ့ အခါမှာ မြန်ဆန်စေပြီး direction ပြောင်းတဲ့အချိန်မှာလည်း မြန်စေပါတယ်။ ခေါင်းဖက်မှာ ရှိတဲ့အရေပြားဟာ ထူပြီး သန်မာတာကြောင့် ငါးမန်းကို မြင်တဲ့အခါမှာ သူတို့ရဲ့နှုတ်သီးနဲ့ အရင်ဆုံး ငါးမန်းရဲ့ ပါးဟပ်ကို တိုက် လိုက်ပါတယ်။

နောက်မှ ငါးမန်းရဲ့ ဝမ်းဗိုက်ကို အားပြင်းပြင်းနဲ့ တိုက်ခိုက် တတ်ကြပါတယ်။ ထိုကဲ့သို့ တိုက်ခိုက်ခြင်းဟာ ငါးမန်းကို သေစေ နိုင်လောက်တဲ့ အတွင်းဒဏ်ရာကို ဖြစ်စေ ပါတယ်။

ဒါ့အပြင် လင်းပိုင် အမျိုးအစားတွေ ထဲမှာ အပါအဝင် ဖြစ်တဲ့ Killer whale တွေဟာ စားစရာ ရှားတဲ့အခါ မှာ white shark တွေကို အမဲလိုက် တတ်ကြပါသေးတယ်။ စည်းလုံးခြင်းသည် အင်အားပါ။ panpyoelat

Post a Comment

0 Comments