ဉာဏ်ကောင်းသောငါးလေး

ဟိုးရှေးရှေးတုန်း ကပေါ့ ကံကို အားကိုတဲ့ ငါးရယ်၊ ဉာဏ်ကို အားကိုးတဲ့ ငါးရယ်၊ ဝီရိယကို အားကိုးတဲ့ ငါးရယ်ဆိုပြီး ငါးလေး သုံးကောင် ရှိခဲ့တယ်။

တနေ့ သူတို့သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့ တံငါသည်ရဲ့ ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေပေါ်ကို ရောက်သွားခဲ့ပါတယ်။

ကံကို အားကိုးတဲ့ ငါးလေးက "တကယ်လိုကွာ ငါသာ သေဖို့ကံ မပါလာခဲ့ဘူး ဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ" ဟု ဆိုကာ အေးအေးဆေးဆေး အိပ်စက်နေ ခဲ့တယ်။

ဝီရိယကို အားကိုးတဲ့ ငါးလေး ကတော့ "ဟ ကိုယ်တိုင်က ကြိုးစားအားထုတ်မှု မရှိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ မရောက်ဘူးကွ။ ငါတော့ ဒီကလွတ်အောင် ကြိုးစားမယ်" ဟု ဆိုကာ တံငါသည် လှေထဲကနေ ဖလပ်ဖလပ်နဲ့ ခုန်ထွက်ဖို့ ကြိုးစားနေ ပါတယ်။

အကြိမ်ဖန် များစွာ ကြိုးစားတာကို တံငါသည် သတိပြုမိသွားတော့ ချက်ချင်းဘဲ လှော်တက်နဲ့ ရိုက်သတ်ခြင်း ခံလိုက်ရပါတယ်။

ဉာဏ်ကို အားကိုးတဲ့ ငါးလေးကတော့ အခွင့်ခါသင့် အချိန်ကို စောင့်နေခဲ့ ပါတယ်။ ခဏကြာတော့ လေပြင်းတချက် တိုက်ခတ်ပြီး လှိုင်းတချက် ပုတ်တာကြောင့် လှေဟာ အနည်းငယ် စောင်းသွားခဲ့ ပါတယ်။

အဲဒီအချိန် ဉာဏ်ကို အားကိုးတဲ့ ငါးက ဟာ အခွင်ရေးဘဲ ဆိုပြီး တချက်ဘဲ ခုန်လိုက်ရပြီး အသက်သေဘေးမှ လွတ်မြောက်သွားခဲ့ရ ပါတယ်။

တံငါသည်က ငါးတကောင် လွတ်သွားတာကို သတိပြုမိပြီး ကျန်နေတဲ့ ငါးတကောင်လဲ လွတ်မှာ စိုးရိမ်တာမို့ ချက်ခြင်းဘဲ ကံကို အားကိုတဲ့ ငါးကို ရိုက်သတ်လိုက် ပါတယ်။

ရည်မှန်းထားတာ အောင်မြင်ဖို့ ကံနဲ့ ဝိရိယ ရှိနေခဲ့ရုံနဲ့ မရဘဲ ကံ၊ ဉာဏ်၊ ဝိရိယ သုံးခုစလုံးကို သေချာ ပိုင်နိုင်စွာ အသုံးချနိုင်မှသာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်လိမ့်လို့ ရည်ညွန်းထားခြင်း ဖြစ်ပါတယ်။ Crd

Zawgyi

ဥာဏ္ေကာင္းေသာငါးေလး

ဟိုးေရွးေရွးတုန္း ကေပါ့ ကံကို အားကိုတဲ့ ငါးရယ္၊ ဉာဏ္ကို အားကိုးတဲ့ ငါးရယ္၊ ဝီရိယကို အားကိုးတဲ့ ငါးရယ္ဆိုၿပီး ငါးေလး သုံးေကာင္ ရွိခဲ့တယ္။ တေန႔ သူတို႔သုံးေကာင္ ပင္လယ္ထဲမွာ ေပ်ာ္ျမဴးရင္းနဲ႔ တံငါသည္ရဲ႕ ပိုက္ကြန္ထဲကို တိုးဝင္မိၿပီး တံငါရဲ႕ ေလွေပၚကို ေရာက္သြားခဲ့ပါတယ္။

ကံကို အားကိုးတဲ့ ငါးေလးက "တကယ္လိုကြာ ငါသာ ေသဖို႔ကံ မပါလာခဲ့ဘူး ဆိုရင္ ဒီတံငါသည္ လက္ထဲက လြတ္မွာဘဲကြ" ဟု ဆိုကာ ေအးေအးေဆးေဆး အိပ္စက္ေန ခဲ့တယ္။

ဝီရိယကို အားကိုးတဲ့ ငါးေလး ကေတာ့ "ဟ ကိုယ္တိုင္က ႀကိဳးစားအားထုတ္မႈ မရွိရင္ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ကို ဘယ္ေတာ့မွ မေရာက္ဘူးကြ။ ငါေတာ့ ဒီကလြတ္ေအာင္ ႀကိဳးစားမယ္" ဟု ဆိုကာ တံငါသည္ ေလွထဲကေန ဖလပ္ဖလပ္နဲ႔ ခုန္ထြက္ဖို႔ ႀကိဳးစားေန ပါတယ္။ အႀကိမ္ဖန္ မ်ားစြာ ႀကိဳးစားတာကို တံငါသည္ သတိျပဳမိသြားေတာ့ ခ်က္ခ်င္းဘဲ ေလွာ္တက္နဲ႔ ႐ိုက္သတ္ျခင္း ခံလိုက္ရပါတယ္။

ဉာဏ္ကို အားကိုးတဲ့ ငါးေလးကေတာ့ အခြင့္ခါသင့္ အခ်ိန္ကို ေစာင့္ေနခဲ့ ပါတယ္။ ခဏၾကာေတာ့ ေလျပင္းတခ်က္ တိုက္ခတ္ၿပီး လႈိင္းတခ်က္ ပုတ္တာေၾကာင့္ ေလွဟာ အနည္းငယ္ ေစာင္းသြားခဲ့ ပါတယ္။ အဲဒီအခ်ိန္ ဉာဏ္ကို အားကိုးတဲ့ ငါးက ဟာ အခြင္ေရးဘဲ ဆိုၿပီး တခ်က္ဘဲ ခုန္လိုက္ရၿပီး အသက္ေသေဘးမွ လြတ္ေျမာက္သြားခဲ့ရ ပါတယ္။

တံငါသည္က ငါးတေကာင္ လြတ္သြားတာကို သတိျပဳမိၿပီး က်န္ေနတဲ့ ငါးတေကာင္လဲ လြတ္မွာ စိုးရိမ္တာမို႔ ခ်က္ျခင္းဘဲ ကံကို အားကိုတဲ့ ငါးကို ႐ိုက္သတ္လိုက္ ပါတယ္။

ရည္မွန္းထားတာ ေအာင္ျမင္ဖို႔ ကံနဲ႔ ဝိရိယ ရွိေနခဲ့႐ုံနဲ႔ မရဘဲ ကံ၊ ဉာဏ္၊ ဝိရိယ သုံးခုစလုံးကို ေသခ်ာ ပိုင္ႏိုင္စြာ အသုံးခ်ႏိုင္မွသာ လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္ႏိုင္လိမ့္လို႔ ရည္ၫြန္းထားျခင္း ျဖစ္ပါတယ္။ Crd

Post a Comment

0 Comments