အဆင်မပြေတာတွေ သိပ်မညည်းနဲ့။ မအိပ်နိုင် မစားနိုင် ဖြစ်လိမ့်မယ်။ မနေ့က အဖြစ်အပျက်တွေကို နောက်နေ့အထိ ဆက်မသယ်မလာခဲ့နဲ့။ ဘယ်တော့မှ မပြီးဆုံးနိုင်ပဲ ဖြစ်နေ့လိမ့်မယ်။
လူတိုင်းက ဒုက္ခတွေ ကိုယ်စီနဲ့ပါ။ ဘယ်လိုကြိုးစား ရှင်သန်ရမလဲ ဆိုတာကို ကျွန်တော်တို့ ကြိုးစားနေရတယ်။
မုန်းနေတဲ့ သူတွေကို ချစ်လာနိုင်အောင်၊ ဒေါသ ထွက်နေတဲ့ သူတွေကို ပြုံးလာနိုင်အောင်၊ အမြင်မကြည် ဖြစ်နေတဲ့ သူတွေကို တည့်လာအောင်၊ လူတ်တိုင်းကို လိုက်လျောညီထွေစွာ ဆက်ဆံတတ်အောင် သင်ရပါတယ်။
လူတိုင်းကို အကြာကြီး မြင်တွေ့နေရမှာ မဟုတ်ဘူးလေ။ တွေ့မြင်နေရတဲ့ ခဏတာ အချိန်တို တွင်းမှာ အမုန်းတွေ အငြိုးတွေ အာဃာတတွေ၊ ကလဲ့စား လိုက်ချေ နေသမျှတော့ ဘဝက ဘယ်တော့မှ မအေးချမ်းနိုင်ဘူးလေ။
ဘဝမှာ အေးချမ်းမှုကို လိုချင်ရင် သူတပါးကို ခွင့်လွှတ်တတ် ရမယ်။ ကိုယ့်ကိုကိုလည်း စွန့်လွှတ်ရဲ ရမယ် သူငယ်ချင်း။ ဆင်းရဲတိုင်းလည်း စိတ်ဓာတ်မကျနဲ့၊ အဆင်မပြေတိုင်းလည်း ပျော့ညံ့မသွားနဲ့။
မနေ့က အဆင်မပြေတာတွေကို သင်ခန်းစာ အဖြစ် ယူပြီး နောက်နေ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြည့်ပါ သူငယ်ချင်း။
စိတ်တွေ ပင်ပန်းလာတဲ့အခါ ခရီးထွက်ပါ။ အနားယူပါ။ ပျော်ရွှင်စရာတွေကို ဖန်တီးပါ၊ ရှာဖွေပါ။ လေကောင်းလေသန့် ရှူပါ။ စိတ်ညစ်စရာ အတွေးတွေကို ခဏ ဘေးဖယ် ထားကြည့်ပါ။ စိတ်သစ် လူသစ်နဲ့ ရှင်သန်ကြည့်ပါ။
ဘဝက နေထိုင်တတ်ရင် ဘယ်လောက် သာယာလိုက်သလဲ ဆိုတာကို မိတ်ဆွေ သိလာပါလိမ့်မယ်။ ဒါကြောင့် စိတ်ဆင်းရဲစရာ အတွေးတွေထဲကနေ ရုန်းထွက် နိုင်အောင် ကြိုးစားပါ။ စိတ်သစ် လူသစ် ခံစားချက် အသစ်တွေနဲ့ ရှင်သန်ကြည့်ပါ သူငယ်ချင်း။ HHN
Zawgyi
စိတ္သစ္လူသစ္နဲ႔ ရွင္သန္ပါ
အဆင္မေျပတာေတြ သိပ္မညည္းနဲ႔။ မအိပ္ႏိုင္ မစားႏိုင္ ျဖစ္လိမ့္မယ္။ မေန႔က အျဖစ္အပ်က္ေတြကို ေနာက္ေန႔အထိ ဆက္မသယ္မလာခဲ့နဲ႔။ ဘယ္ေတာ့မွ မၿပီးဆုံးႏိုင္ပဲ ျဖစ္ေန႔လိမ့္မယ္။ လူတိုင္းက ဒုကၡေတြ ကိုယ္စီနဲ႔ပါ။ ဘယ္လိုႀကိဳးစား ရွင္သန္ရမလဲ ဆိုတာကို ကြၽန္ေတာ္တို႔ ႀကိဳးစားေနရတယ္။
မုန္းေနတဲ့ သူေတြကို ခ်စ္လာႏိုင္ေအာင္၊ ေဒါသ ထြက္ေနတဲ့ သူေတြကို ၿပဳံးလာႏိုင္ေအာင္၊ အျမင္မၾကည္ ျဖစ္ေနတဲ့ သူေတြကို တည့္လာေအာင္၊ လူတ္တိုင္းကို လိုက္ေလ်ာညီေထြစြာ ဆက္ဆံတတ္ေအာင္ သင္ရပါတယ္။
လူတိုင္းကို အၾကာႀကီး ျမင္ေတြ႕ေနရမွာ မဟုတ္ဘူးေလ။ ေတြ႕ျမင္ေနရတဲ့ ခဏတာ အခ်ိန္တို တြင္းမွာ အမုန္းေတြ အၿငိဳးေတြ အာဃာတေတြ၊ ကလဲ့စား လိုက္ေခ် ေနသမွ်ေတာ့ ဘဝက ဘယ္ေတာ့မွ မေအးခ်မ္းႏိုင္ဘူးေလ။
ဘဝမွာ ေအးခ်မ္းမႈကို လိုခ်င္ရင္ သူတပါးကို ခြင့္လႊတ္တတ္ ရမယ္။ ကိုယ့္ကိုကိုလည္း စြန႔္လႊတ္ရဲ ရမယ္ သူငယ္ခ်င္း။ ဆင္းရဲတိုင္းလည္း စိတ္ဓာတ္မက်နဲ႔၊ အဆင္မေျပတိုင္းလည္း ေပ်ာ့ညံ့မသြားနဲ႔။ မေန႔က အဆင္မေျပတာေတြကို သင္ခန္းစာ အျဖစ္ ယူၿပီး ေနာက္ေန႔ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားၾကည့္ပါ သူငယ္ခ်င္း။
စိတ္ေတြ ပင္ပန္းလာတဲ့အခါ ခရီးထြက္ပါ။ အနားယူပါ။ ေပ်ာ္႐ႊင္စရာေတြကို ဖန္တီးပါ၊ ရွာေဖြပါ။ ေလေကာင္းေလသန႔္ ရႉပါ။ စိတ္ညစ္စရာ အေတြးေတြကို ခဏ ေဘးဖယ္ ထားၾကည့္ပါ။ စိတ္သစ္ လူသစ္နဲ႔ ရွင္သန္ၾကည့္ပါ။
ဘဝက ေနထိုင္တတ္ရင္ ဘယ္ေလာက္ သာယာလိုက္သလဲ ဆိုတာကို မိတ္ေဆြ သိလာပါလိမ့္မယ္။ ဒါေၾကာင့္ စိတ္ဆင္းရဲစရာ အေတြးေတြထဲကေန ႐ုန္းထြက္ ႏိုင္ေအာင္ ႀကိဳးစားပါ။ စိတ္သစ္ လူသစ္ ခံစားခ်က္ အသစ္ေတြနဲ႔ ရွင္သန္ၾကည့္ပါ သူငယ္ခ်င္း။ HHN
0 Comments