တခါတုန်းက ဆိတ်ကျောင်းသားလေး တယောက်ဟာ ဆိတ်တွေကို စားကျက်ဆီ လွှတ်ထားတုန်း တောင်ဆိတ်တချို့ သူ့ဆိတ်အုပ်ထဲ ရောက်ရှိနေတာကို သိသွားတယ်။
ညနေရောက်တော့ အဲဒီ တောင်ဆိတ်တွေကိုပါ ခေါ်ပြီး သူနေတဲ့ ဂူဆီ ခေါ်ဆောင်လာခဲ့ပြီး ကျွေးမွေးပြုစုခဲ့တယ်။
နောက်တနေ့မှာ ရာသီဥတုက အတော်လေး ဆိုးရွားနေလို့ ဆိတ်တွေကို စားကျက်ဆီကို ထုံးစံအတိုင်း ခေါ်မသွားနိုင်ဘူး။ သူတို့ကို ခြံထဲမှာပဲ ထားတာပေါ့။
ဆိတ်ကျောင်းသားက သူ့ဆိတ်တွေကို အစာ ဝရုံလေးပဲ ကျွေးပြီး အသစ် ရောက်လာတဲ့ တောင်ဆိတ်တွေ ကိုတော့ သူ့ဆိတ်အုပ်မှာ တိုးပွားလာစေဖို့ မျှော်မှန်းချက်နဲ့ အစာကို ရက်ရက်ရောရောကြီး ကျွေးခဲ့တယ်။
ရာသီဥတု သာယာတဲ့ အချိန်ကျမှာ သူဟာ ဆိတ်တွေ အားလုံးကို စားကျက်ဆီ မောင်းလာခဲ့တယ်။ တောင်ပေါ် ရောက်ရင်ပဲ သူမောင်းလာတဲ့ တောင်ဆိတ်တွေက ချက်ချင်း ထွက်ပြေးသွားပါရော။
ဆိတ်ကျောင်းသားက အစာကောင်းမွန်စွာ ကျွေးထားပါလျက် ကျေးဇူးတရား မသိဘဲ ပြေးရသလားလို့ တောင်ဆိတ်တွေကို ရေရွတ်လိုက်တယ်။
အဲဒီမှာ တောင်ဆိတ်တွေ ပြန်လှည့်ပြောတာက "ကျွန်တော်တို့ မနေ့ကမှ ခင်ဗျားဆီ ရောက်လာခဲ့တယ်။ ဒီတုန်းက ခင်ဗျားရဲ့ ဆိတ်တွေထက် ကျွန်တော်တို့ကို ကောင်းကောင်း ကျွေးထားတယ်။
ဒါကြောင့် အခြားဆိတ်တွေ ထပ်ရောက်လာတဲ့အခါ ကျွန်တော်တို့ထက် သူတို့ကို ပိုဂရုစိုက် ကျွေးမွေးရလိမ့်မယ် ဆိုတာ ထင်ရှားနေတာပဲ" လို့ ပြောခဲ့ပါတယ်။
ဒီအကြောင်းအရာလေးကတော့ လူတွေဟာ မိတ်ဆွေဟောင်းတွေထက် မိတ်ဆွေသစ်ဖြစ်တဲ့ ကျွန်ုပ်တို့ကို ပိုမို အရေးတယူ ပြုစုပါလိမ့်မယ်။
ကျွန်ုပ်တို့က မိတ်ဆွေဟောင်းတွေ ဖြစ်သွားတဲ့ အခါမှာတော့ အဲဒီလူဟာ မိတ်ဆွေသစ်ကို ရှာပါလိမ့်မယ်။ အဲဒီအခါ ကျွန်ုပ်တို့ဟာ နောက်တန်းကို အပို့ခံရမယ့် အလှည့်ပဲ ဆိုတာကို ဖော်ပြခြင်း ဖြစ်ပါတယ်။ Crd
0 Comments