ပိုက်ဆံမရှိရင် တယောက်တည်း နေလိုက်ပါ

ကိုယ့်ဆီမှာ ပိုက်ဆံ မရှိရင် လက်ဖက်ရည်ဆိုင်ထိုင်ပြီး တခြားသူတွေ ငါရှင်းလိုက်မယ်၊ သူရှင်းလိုက်မယ် ပြောနေချိန် မျက်နှာငယ်လေးနဲ့ မင်း ကြည့်နေရ လိမ့်မယ်။

ကိုယ့်မှာ ပိုက်ဆံ မရှိတဲ့အချိန် မင်းကို စားပါဦးလို့ ပြောတဲ့ လူတွေရဲ့ အသံကို ဝတ်ကျေတန်းကျေ အသံလောက်ပဲ မင်းကြားရလိမ့်မယ်။

ကိုယ့်မှာ ပိုက်ဆံ မရှိတဲ့အချိန် ပညာသားပါတဲ့ လူတွေက မင်းကိုတခုပေး တခုကျွေးပြီး၊ ပညာသား ပါပါ တခုခု ပြန်ခိုင်းတာ ခံရတတ်တယ်။

ကိုယ့်မှာ ပိုက်ဆံ မရှိတဲ့အချိန် မင်းကို ဘယ်သူမှ ကြိုဆိုနေကြမှာ မဟုတ်ဘူး။ အဲဒီ လူတွေကိုလည်း အပြစ် မတင်လိုက်ပါနဲ့။ မင်းလည်း အပြစ်မရှိပါဘူး။ လောကနိယာမ သဘာဝကိုက ဘယ်သူမှ လွန်ဆန်လို့ မရပါဘူး။

ကိုယ့်မှာ ပိုက်ဆံ မရှိရင် တယောက်တည်း နေလိုက်ခြင်းဖြင့် မျက်နှာ မငယ်ရတော့ပါဘူး။ မျက်နှာငယ် ခံပြီး စားရတာထက် အငတ်ခံ လိုက်တာက ပိုပြီး အဆင်ပြေပါတယ်။

ကိုယ့်ကို မကြိုဆိုမယ့် ဘယ်နေရာမှ မသွားမိစေနဲ့။ ကိုယ့်အတွက် ဝန်လေးစေမယ်လို့ ထင်ရင် ဘယ်သူမှ မသိအောင် ရှောင်ထွက်လိုက်ပါ။ အတတ်နိုင်ဆုံး တယောက်တည်း နေကြည့်ပါ။

ရှေ့ဆက်ဖို့ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပြီး ပိုက်ဆံ ရအောင်ရှာ။ ကိုယ့်မှာ ရှိလာပြီ ဆိုရင် ကိုယ့်လို ခံစားဖူးတဲ့ လူတွေကို ကိုယ်ချင်းစာ ဖေးမ ကူညီပေးလိုက်ပါ။ Crd

Zawgyi

ပိုက္ဆံမရွိရင္ တေယာက္တည္း ေနလိုက္ပါ

ကိုယ့္ဆီမွာ ပိုက္ဆံ မရွိရင္ လက္ဖက္ရည္ဆိုင္ထိုင္ၿပီး တျခားသူေတြ ငါရွင္းလိုက္မယ္၊ သူရွင္းလိုက္မယ္ ေျပာေနခ်ိန္ မ်က္ႏွာငယ္ေလးနဲ႔ မင္း ၾကည့္ေနရ လိမ့္မယ္။

ကိုယ့္မွာ ပိုက္ဆံ မရွိတဲ့အခ်ိန္ မင္းကို စားပါဦးလို႔ ေျပာတဲ့ လူေတြရဲ႕ အသံကို ဝတ္ေက်တန္းေက် အသံေလာက္ပဲ မင္းၾကားရလိမ့္မယ္။ ကိုယ့္မွာ ပိုက္ဆံ မရွိတဲ့အခ်ိန္ ပညာသားပါတဲ့ လူေတြက မင္းကိုတခုေပး တခုေကြၽးၿပီး၊ ပညာသား ပါပါ တခုခု ျပန္ခိုင္းတာ ခံရတတ္တယ္။

ကိုယ့္မွာ ပိုက္ဆံ မရွိတဲ့အခ်ိန္ မင္းကို ဘယ္သူမွ ႀကိဳဆိုေနၾကမွာ မဟုတ္ဘူး။ အဲဒီ လူေတြကိုလည္း အျပစ္ မတင္လိုက္ပါနဲ႔။ မင္းလည္း အျပစ္မရွိပါဘူး။ ေလာကနိယာမ သဘာဝကိုက ဘယ္သူမွ လြန္ဆန္လို႔ မရပါဘူး။

ကိုယ့္မွာ ပိုက္ဆံ မရွိရင္ တေယာက္တည္း ေနလိုက္ျခင္းျဖင့္ မ်က္ႏွာ မငယ္ရေတာ့ပါဘူး။ မ်က္ႏွာငယ္ ခံၿပီး စားရတာထက္ အငတ္ခံ လိုက္တာက ပိုၿပီး အဆင္ေျပပါတယ္။

ကိုယ့္ကို မႀကိဳဆိုမယ့္ ဘယ္ေနရာမွ မသြားမိေစနဲ႔။ ကိုယ့္အတြက္ ဝန္ေလးေစမယ္လို႔ ထင္ရင္ ဘယ္သူမွ မသိေအာင္ ေရွာင္ထြက္လိုက္ပါ။ အတတ္ႏိုင္ဆုံး တေယာက္တည္း ေနၾကည့္ပါ။

ေရွ႕ဆက္ဖို႔ အတတ္ႏိုင္ဆုံး အေကာင္းဆုံး ႀကိဳးစားၿပီး ပိုက္ဆံ ရေအာင္ရွာ။ ကိုယ့္မွာ ရွိလာၿပီ ဆိုရင္ ကိုယ့္လို ခံစားဖူးတဲ့ လူေတြကို ကိုယ္ခ်င္းစာ ေဖးမ ကူညီေပးလိုက္ပါ။ Crd

Post a Comment

0 Comments