မွေးစကနေ ၃ လ အထိ ညမနက် မှားတတ်တဲ့ အူဝဲလေးကြောင့် အိပ်ပျက်ညတွေ များပြီး ပင်ပန်းနေပြီလား မေမေ။ မွေးစက ၆ လထိ နို့တိုက်ရတဲ့ နေ့ရက်တွေကြောင့် ပင်ပန်းနေပြီလား မေမေ။
၆ လပြည့် ဖြည့်စွက် အာဟာရအတွက် ဝါစိမ်းနီ စုံအောင် စီစဉ်ပေးရလို့ ပင်ပန်းနေပြီလား မေမေ။ Baby Led weaning ရအောင် ကျင့်ပေးရတာ ခက်ခဲတတ်လို့ ပင်ပန်းနေပြီလား မေမေ။
ကလေး အစားကောင်းကောင်းမစားလို့ ပင်ပန်းနေပြီလား မေမေ။ မတ်တတ်စမ်းလေး ဖွယ်ဖွယ်ရာရာ လုပ်ပေးတဲ့ အာဟာရကို မမြည်းစမ်းကြည့်လို့ ပင်ပန်းနေပြီလား မေမေ။
၂ နှစ် ကျော်ပြီ၊ စကားကောင်းကောင်း မပြောသေးဘူး ဆိုပြီး speech delay ဖြစ်မှာ စိုးရိမ်မိလို့ ပင်ပန်းနေပြီလား မေမေ။ မတ်တတ်ပြေးလေး အဆော့မက်ပြီး အစား မစားလို့ တတ်သမျှ အပင်ပန်းခံ ချက်ပြုတ်ပြင်ဆင်ပေးပေမယ့် မစားဘူးဘဲ ငြင်းနေလို့ ပင်ပန်းနေပြီလားမေမေ။
ရှိသင့်တဲ့ ကိုယ်အလေးချိန် အရပ် ညီမျှမှုက BMI ထဲ မဝင်လို့ ကလေး အစားအသောက်တွေ မျိုးစုံ စဉ်းစားချက်ပြုတ်ရင်း ပင်ပန်းနေပြီလား မေမေ။ Terrible two စလို့ ဂျစ်တီးဂျစ်ကန်လေးတွေရဲ့ brain development အရ ဖွံ့ဖြိုးမှု မိုင်တိုင်တွေ ကျော်ဖြတ်နေပြီမို့ ပင်ပန်းနေပြီလားမေမေ။
ရာသီအကူးအပြောင်း စုံလင်တဲ့ ရောဂါတွေကြောင့် နေမကောင်း ဖြစ်တဲ့ ကလေးငယ်ကို ပြုစုရင်း ပင်ပန်းနေပြီလား မေမေ။ နေမကောင်းဖြစ်ချိန် ဆေးတိုက်ရင် မသောက်တဲ့ ကလေးကြောင့် ဆေးဝင်ဖို့ ကြိုးစားရင်း စိတ်ရောလူပါ ပင်ပန်းနေပြီလားမေမေ။
သုံးနှစ်ကျော် ဆင်ခြင်ပေး ဉာဏ်ပြေးတဲ့ အရွယ်လေးတွေရဲ့ NO No ဆိုတဲ့ စကားတွေကြောင့် ပင်ပန်းနေပြီလား မေမေ။ အိမ်မှုကိစ္စ ကလေးကိစ္စ ကူညီလုပ်ကိုင်ပေးမယ့် လူခွဲမရှိ၊ တယောက်တည်း ရုန်းကန်နေရလို့ ပင်ပန်းနေပြီလား မေမေ။
SAHM မို့ Working mom မို့ ပင်ပန်းနေပြီလား မေမေ။ ကလေးအတွက် လုပ်ပေးချင်စိတ် ဝယ်ပေးချင်စိတ်တွေ များနေပေမယ့် budget နဲ့ ချိန်ညှိနေရလို့ ပင်ပန်းနေပြီလားမေမေ။
ကိုယ်ပိုင်ဘ၀ ကိုယ်ပိုင်အချိန် ပျောက်ဆုံးပြီး ထမင်းတနပ် ကော်ဖီတခွက် အေးဆေး သုံးဆောင်ရမယ့် အချိန်မရှိလို့ ပင်ပန်းနေပြီလားမေမေ။
ပုံမှန်ရေချိုးရတဲ့ရက် ဆိုတာ တိတိကျကျ မရှိ၊ အိမ်သာ ဝင်ရင်တောင် စိတ်ဖြောင့်ဖြောင့် မသွားနိုင် ဂျီကျပြီး အော်ခေါ်နေတတ်တဲ့ ကလေးလေးကြောင့် ပင်ပန်းနေပြီလား မေမေ။
လူမှုရေး စီးပွားရေး ဖိစီးမှုတွေ များပြီး ကလေးအပေါ် စိတ်မရှည် အချိန်မပေးနိုင်လို့ ကိုယ့်ကိုယ်ကို အားမရဘဲ ပင်ပန်းနေပြီလား မေမေ။
မူကြိုစတက်ချိန် separation anxiety ကြောင့် တလလောက် ငိုနေတဲ့ ကလေးကို ကြည့်ပြီး ကြိတ်ငို ဝမ်းနည်းရလို့ ပင်ပန်းနေပြီလားမေမေ။ ကျောင်းတက်ချိန် ဘက်စုံပညာရေးတွက် စိတ်ပူပြီး ပင်ပန်းနေရပြန်ပြီလားမေမေ။
မလုံခြုံတဲ့ ပါတ်ဝန်းကျင်ပြောင်းလဲလာတဲ့ လူတွေရဲ့ စိတ်တွေကြောင့် ကလေးလေး အနိုင်ကျင့် ခံနေရလား တွေးပူပြီး ပင်ပန်းနေရပြီလား မေမေ။
မေမေက သိပ်တော်တဲ့ Super Mom ပါ။ ကျွန်မတို့ မိဘတွေဟာ မပြီးဆုံးနိုင်သော ပန်းချီကားကို ရေးဆွဲခဲ့ကြတဲ့ သူတွေမို့ နေ့တိုင်း ရက်တိုင်း ပင်ပန်းကြရမှာပါဘဲ။ ရေလောင်း ပေါင်းသင်ပြီး အနုအရွ စိုက်ပျိုးရမယ့် အပင်လေးတွေရဲ့ ဥယျာဉ်မှူးတွေ မို့ပါ။
ခွန်အားတွေ အပြည့်နဲ့ ဆက်လက်ဖြတ်သန်းရင်း အနာဂတ်ရင်သွေးငယ်လေးတွေကို ပြုစုပျိုးထောင်ပေးကြရအောင်နော်။ မိခင်တိုင်း အမေတိုင်းကို လေးစားဂုဏ်ယူမိပါတယ်။ မိခင်တွေရဲ့ သားသမီးအပေါ် ထားနိုင်တဲ့ မေတ္တာ အရှိန်အဝါထက် ကြီးမားသောအရာ မရှိပါ။ crd
1 Comments
kyawkyawlin
ReplyDelete