မှန်နှင့်တူသော လောကကြီး

တနေ့မှာ ခွေးတကောင်က မှန်တွေနဲ့ချည်း ဆောက်လုပ်ထားတဲ့ ပြခန်းတခုဆီကို ပြေးဝင် သွားပါတယ်။ ပြခန်းက နံရံတွေကော၊ ကြမ်းခင်းတွေကော၊ မျက်နှာကြက်တွေကော အားလုံးကို မှန်တွေနဲ့ အလှဆင် ထားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် ခွေးက မှန်ထဲမှ သူ့ရဲ့ ပုံရိပ်ရောင်ပြန် တွေကို ကြည့်မိပါတယ်။ ခွေးက သူ့ရဲ့ ဘေးပတ်လည်ကို ကြည့်ပြီး အံ့အားသင့် နေလေရဲ့။ ခွေးက သူ့ရဲ့ သွားတွေကို ဖြဲလိုက်၊ သူ့ပုံရိပ်တွေကို ဟောင်လိုက် စသည်ဖြင့် နည်းလမ်း အစုံနဲ့ လုပ်နေပါတယ်။

အပြင်ခွေးက ဟောင်လေ မှန်ထဲက ခွေးက ပြန်ဟောင်လေ၊ အပြင်က ခွေးက ဒေါသထွက်လေ ပိုထိုးဟောင်လေ မှန်ထဲက ခွေးက ထပ်ပြီး ဟောင်လေနဲ့ ခွေးမှာ ဒေါသတွေ ထွက်နေတာပေါ့။ ဒေါသထွက်လေ ထိုးဟောင်ရုံသာမက မှန်ကို တဘက်ကနေ ခေါင်းနဲပစ်တိုက်လိုက် အခြားတဘက်ကိုလည်း ပစ်တိုက်လိုက်နဲ့ လုပ်ပါတော့တယ်။

နောက်တနေ့ မနက်မှာတော့ ပြခန်း လုံခြုံရေးက အသက်မဲ့နေတဲ့ ခွေးကို ပြခန်းအလယ်မှာ မြင်လိုက်ရပါတယ်။ ဘယ်သူကမှ ခွေးကို သတ်ပစ် လိုက်တာ မဟုတ်ပါဘူး။ ခွေးရဲ့ ပုံရိပ်တွေကသာ ခွေးကို သတ်ပစ်လိုက်တာပါ။

ကျွန်တော်တို့ရဲ့ ဘဝတွေမှာလည်း အဲလိုပါပဲ။ လောကကြီးက ကောင်းခြင်း ဆိုးခြင်းတွေကို ယူလာပေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေ၊ ခံစားချက်တွေ၊ ဆန္ဒတွေနဲ့ လုပ်ဆောင်ချက်တွေပေါ် မူတည်ပြီး အကျိုးအကြောင်းတွေ ဖြစ်ပျက် လာရတာပါ။

လောကကြီးက မှန်ချပ်ကြီးနဲ့ တူပါတယ်။ အဲဒါကြောင့် ဒီနေ့ကစပြီး စိတ်ကောင်းထားဖို့၊ အကောင်းဆုံး ဖြစ်အောင် ပြုမူဆက်ဆံကြဖို့၊ အခြားသူများအပေါ် စိတ်ကောင်းထားဖို့ စတဲ့ အကောင်းဆုံး ပုံစံမျိုးစုံနဲ့ ရှင်သန်ကြရအောင်ပါ။ အဲဒါမှ သင်ပုံရိပ်ကလည်း ကောင်းမှာ ဖြစ်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။ bawa

Zawgyi

မွန္ႏွင့္တူေသာ ေလာကႀကီး

တေန႔မွာ ေခြးတေကာင္က မွန္ေတြနဲ႔ခ်ည္း ေဆာက္လုပ္ထားတဲ့ ျပခန္းတခုဆီကို ေျပးဝင္ သြားပါတယ္။ ျပခန္းက နံရံေတြေကာ၊ ၾကမ္းခင္းေတြေကာ၊ မ်က္ႏွာၾကက္ေတြေကာ အားလုံးကို မွန္ေတြနဲ႔ အလွဆင္ ထားတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ေခြးက မွန္ထဲမွ သူ႔ရဲ႕ ပုံရိပ္ေရာင္ျပန္ ေတြကို ၾကည့္မိပါတယ္။ ေခြးက သူ႔ရဲ႕ ေဘးပတ္လည္ကို ၾကည့္ၿပီး အံ့အားသင့္ ေနေလရဲ႕။ ေခြးက သူ႔ရဲ႕ သြားေတြကို ၿဖဲလိုက္၊ သူ႔ပုံရိပ္ေတြကို ေဟာင္လိုက္ စသည္ျဖင့္ နည္းလမ္း အစုံနဲ႔ လုပ္ေနပါတယ္။

အျပင္ေခြးက ေဟာင္ေလ မွန္ထဲက ေခြးက ျပန္ေဟာင္ေလ၊ အျပင္က ေခြးက ေဒါသထြက္ေလ ပိုထိုးေဟာင္ေလ မွန္ထဲက ေခြးက ထပ္ၿပီး ေဟာင္ေလနဲ႔ ေခြးမွာ ေဒါသေတြ ထြက္ေနတာေပါ့။ ေဒါသထြက္ေလ ထိုးေဟာင္႐ုံသာမက မွန္ကို တဘက္ကေန ေခါင္းနဲပစ္တိုက္လိုက္ အျခားတဘက္ကိုလည္း ပစ္တိုက္လိုက္နဲ႔ လုပ္ပါေတာ့တယ္။

ေနာက္တေန႔ မနက္မွာေတာ့ ျပခန္း လုံၿခဳံေရးက အသက္မဲ့ေနတဲ့ ေခြးကို ျပခန္းအလယ္မွာ ျမင္လိုက္ရပါတယ္။ ဘယ္သူကမွ ေခြးကို သတ္ပစ္ လိုက္တာ မဟုတ္ပါဘူး။ ေခြးရဲ႕ ပုံရိပ္ေတြကသာ ေခြးကို သတ္ပစ္လိုက္တာပါ။

ကြၽန္ေတာ္တို႔ရဲ႕ ဘဝေတြမွာလည္း အဲလိုပါပဲ။ ေလာကႀကီးက ေကာင္းျခင္း ဆိုးျခင္းေတြကို ယူလာေပးတာ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္ အေတြးအေခၚေတြ၊ ခံစားခ်က္ေတြ၊ ဆႏၵေတြနဲ႔ လုပ္ေဆာင္ခ်က္ေတြေပၚ မူတည္ၿပီး အက်ိဳးအေၾကာင္းေတြ ျဖစ္ပ်က္ လာရတာပါ။

ေလာကႀကီးက မွန္ခ်ပ္ႀကီးနဲ႔ တူပါတယ္။ အဲဒါေၾကာင့္ ဒီေန႔ကစၿပီး စိတ္ေကာင္းထားဖို႔၊ အေကာင္းဆုံး ျဖစ္ေအာင္ ျပဳမူဆက္ဆံၾကဖို႔၊ အျခားသူမ်ားအေပၚ စိတ္ေကာင္းထားဖို႔ စတဲ့ အေကာင္းဆုံး ပုံစံမ်ိဳးစုံနဲ႔ ရွင္သန္ၾကရေအာင္ပါ။ အဲဒါမွ သင္ပုံရိပ္ကလည္း ေကာင္းမွာ ျဖစ္ပါတယ္လို႔ တိုက္တြန္းလိုက္ပါတယ္။ bawa

Post a Comment

0 Comments