မိခင်လိပ်မကြီးက လိပ်ကလေးတွေ ပေါက်ဖို့ လှိုင်းနဲ့ ဝေးတဲ့ သဲသောင်မှာဥ ဥတယ်။ ပြီးတော့ သဲတွေနဲ့ ဥကို ဖုံးပြီး ပင်လယ်ထဲကို ပြန်လာတယ်။ ဥပေါက်ဖို့အတွက် အဝေးကပဲ မေတ္ထာ ပို့နိုင်တယ်။
ဥက ထွက်တာနဲ့ လိပ်ကလေးတွေဟာ တကောင်ထဲ ရပ်တည် ရတော့မယ်။ သူတို့ကို ကူညီမဲ့သူ မရှိဘူး။ သူတို့ရဲ့ အခက်အခဲဟာ အဲဒီအချိန်မှာပဲ စတင်ပါတယ်။
အပေါ်ကို ရောက်ဖို့ သဲတွေကို စတင်ထိုးဖောက်ရတယ်။ ပင်လယ်ထဲ ရောက်ဖို့ သဲသောင် ကနေ တဖြေးဖြေး ဖြတ်သန်းရတယ်။
အဲဒီအချိန်မှာ သူတို့ကို ထိုးချီပြီး စားဖို့ ငှက်တွေကလဲစောင့်နေလေရဲ့။ ငှက်တွေကို ကြောက်လို့ သူတို့ နောက်ကြောင်း ပြန်မလှည့်ဘူး။ သူတို့ရဲ့ တွင်းထဲမှာ ပုန်းမနေကြဘူး။ သူတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ ပင်လယ်ဆီကို ဦးတည်သွားနေကြတုန်းပဲ။
အောင်နိုင် သူတွေက ပင်လယ်ထဲ ရောက်သွားတယ်။ ပိုတော်တဲ့ သူတွေက ဧရာမလိပ်ကြီးတွေ အဖြစ် စာရင်း ဝင်သွားတာပေါ့။
ဒါကြောင့် ကျွန်တော်တို့ တတွေလည်း ဘဝမှာ တယောက်ထဲ ဆိုပြီး စိတ်ပျက်အားငယ် မနေပါနဲ့။ လိပ်ကလေးလိုမျိုး ရှင်သန်ပါ။
စိတ်ဖိစီးမှုနဲ့ ဖိနှိပ်ခြင်းကနေ ရုန်းထွက်လိုက်ပါ။ အပေါ်က ဖိထားတဲ့ သူတွေကို ရှိသမျှ ခွန်အားတွေနဲ့ တွန်းထုတ် လိုက်ပါ။ မနာလို ဝန်တိုတဲ့ သူတွေ၊ ချောက်တွန်းဖို့ ချောင်းနေတဲ့ သူတွေကို သတိထားပါ။
သူတို့ကို ကြောက်ပြီး ပုန်းမနေပါနဲ့။ သတ္ထိရှိရှိ ရင်ဆိုင်ပါ။ သူတို့ကြောင့် သွားမဲ့ ဦးတည်ချက်ကို မပြောင်းလဲပါနဲ့။ မဆုတ်မနစ်နဲ့ကြိုးစားမယ် ဆိုရင် ဧရာမ လူသားတွေလဲ ဖြစ်လာနိုင်ပါတယ်။ Crd
Zawgyi
လိပ္ကေလးေတြလို ရွင္သန္လိုက္ပါ
မိခင္လိပ္မႀကီးက လိပ္ကေလးေတြ ေပါက္ဖို႔ လႈိင္းနဲ႔ ေဝးတဲ့ သဲေသာင္မွာဥ ဥတယ္။ ၿပီးေတာ့ သဲေတြနဲ႔ ဥကို ဖုံးၿပီး ပင္လယ္ထဲကို ျပန္လာတယ္။ ဥေပါက္ဖို႔အတြက္ အေဝးကပဲ ေမတၳာ ပို႔ႏိုင္တယ္။
ဥက ထြက္တာနဲ႔ လိပ္ကေလးေတြဟာ တေကာင္ထဲ ရပ္တည္ ရေတာ့မယ္။ သူတို႔ကို ကူညီမဲ့သူ မရွိဘူး။ သူတို႔ရဲ႕ အခက္အခဲဟာ အဲဒီအခ်ိန္မွာပဲ စတင္ပါတယ္။ အေပၚကို ေရာက္ဖို႔ သဲေတြကို စတင္ထိုးေဖာက္ရတယ္။ ပင္လယ္ထဲ ေရာက္ဖို႔ သဲေသာင္ ကေန တေျဖးေျဖး ျဖတ္သန္းရတယ္။
အဲဒီအခ်ိန္မွာ သူတို႔ကို ထိုးခ်ီၿပီး စားဖို႔ ငွက္ေတြကလဲေစာင့္ေနေလရဲ႕။ ငွက္ေတြကို ေၾကာက္လို႔ သူတို႔ ေနာက္ေၾကာင္း ျပန္မလွည့္ဘူး။ သူတို႔ရဲ႕ တြင္းထဲမွာ ပုန္းမေနၾကဘူး။ သူတို႔ရဲ႕ ပန္းတိုင္ျဖစ္တဲ့ ပင္လယ္ဆီကို ဦးတည္သြားေနၾကတုန္းပဲ။
ေအာင္ႏိုင္ သူေတြက ပင္လယ္ထဲ ေရာက္သြားတယ္။ ပိုေတာ္တဲ့ သူေတြက ဧရာမလိပ္ႀကီးေတြ အျဖစ္ စာရင္း ဝင္သြားတာေပါ့။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ တေတြလည္း ဘဝမွာ တေယာက္ထဲ ဆိုၿပီး စိတ္ပ်က္အားငယ္ မေနပါနဲ႔။ လိပ္ကေလးလိုမ်ိဳး ရွင္သန္ပါ။
စိတ္ဖိစီးမႈနဲ႔ ဖိႏွိပ္ျခင္းကေန ႐ုန္းထြက္လိုက္ပါ။ အေပၚက ဖိထားတဲ့ သူေတြကို ရွိသမွ် ခြန္အားေတြနဲ႔ တြန္းထုတ္ လိုက္ပါ။ မနာလို ဝန္တိုတဲ့ သူေတြ၊ ေခ်ာက္တြန္းဖို႔ ေခ်ာင္းေနတဲ့ သူေတြကို သတိထားပါ။
သူတို႔ကို ေၾကာက္ၿပီး ပုန္းမေနပါနဲ႔။ သတၳိရွိရွိ ရင္ဆိုင္ပါ။ သူတို႔ေၾကာင့္ သြားမဲ့ ဦးတည္ခ်က္ကို မေျပာင္းလဲပါနဲ႔။ မဆုတ္မနစ္နဲ႔ႀကိဳးစားမယ္ ဆိုရင္ ဧရာမ လူသားေတြလဲ ျဖစ္လာႏိုင္ပါတယ္။ Crd
0 Comments