ဒုက္ခဆိုတာ လှေခါးထစ်တွေပါ

တရက်မှာတော့ လယ်သမားတယောက်ရဲ့ မြည်းဟာ ရေတွင်းပျက်ထဲ ပြုတ်ကျပါလေရော။ မြည်းက သနားစဖွယ် ငိုကြွေးနေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လိုလုပ်ရမလဲ ဆိုတာ အကြံ ထုတ်နေ ခဲ့တယ်။

မြည်းဟာ အိုနေပြီ၊ ရေတွင်းဟောင်းကလည်း ဟောင်းနေလို့ မြေဖို့ပြစ်ဖို့ လိုနေပြီ။ ဒါကြောင့် မြည်းကို ကယ်တင်ဖို့ မထိုက်တန်တော့ဘူးလို့ လယ်သမားက ဆုံးဖြတ်လိုက်တယ်။

လယ်သမားဟာ အိမ်နီးချင်းတွေကို ဖိတ်ခေါ်ပြီး အကူအညီ တောင်းခဲ့တယ်။ အိမ်နီးချင်းတွေလည်း ဂေါ်ပြား ကိုယ်စီကိုင်ပြီး ရောက်လာကြတယ်။ ရေတွင်းကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင်ဖို့ ကြတယ်။

ပထမတော့ မြည်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ် ဆိုတာ သိပြီး တုန်လှုပ် ငိုကြွေးတော့တယ်။ နောက်တော့ မြည်းဟာ ငြိမ်သက်သွားတယ်။

မြေကြီးတွေ အတော်ဖို့ပြီးတော့ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့် လိုက်တယ်။ လယ်သမားဟာ မြင်လိုက်ရတဲ့ အရာကို အံအားသင့် သွားတယ်။

မြည်းဟာ သူ့ရဲ့ ကျောပေါ်ကျလာတဲ့ အမှိုက်တွေ မြေကြီးတွေကို ခါချပြီး မြင့်တက်လာတဲ့ မြေသားနဲ့အတူ အပေါ်ကို တဖြည်းဖြည်း ရောက်လာတယ်။

နောက်ဆုံးမှာ မြည်းဟာ သူ့ကိုဖို့တဲ့ မြေကြီးတွေကို အသုံးချရင်း ရေတွင်းထဲက လွတ်မြောက်လာ ခဲ့တယ်။

လူ့ဘဝမှာ ဘယ်လို အညစ်အကြေးတွေ မကောင်းမှုတွေ သင့်အပေါ် ကျရောက်ပါစေ ။ ဒါတွေကို ခါချပြီး ဘဝတက်လမ်း အတွက် အသုံးချ လိုက်ပါ။

တကယ်တော့ ဒုက္ခ ဆိုတာ ဘဝ အောင်မြင်ဖို့ အတွက် ခုတုံးတွေ၊ လှေခါးထစ်တွေပဲ ဖြစ်ပါတယ်။

ဘယ်လို နက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲ ကျရောက်ပါစေ အရှုံးမပေး ပါနဲ့။ ဒုက္ခတွေကို ခါထုတ် ပစ်လိုက်ပြီး လှေခါးထစ်လို အသုံးချလိုက်ပါ။ ဓမ္မအလင်းရောင်

Post a Comment

0 Comments