တခါတုန်းက မြင်းပိုင်ရှင် လူနှစ်ယောက် ရှိပြီး ပထမမြင်းပိုင်ရှင်ဟာ အပြောအဆို ကြမ်းတမ်း ရက်စက်ပြီး မညှာတာတတ်သူ ဖြစ်ပါတယ်။ ဒုတိယမြင်းပိုင်ရှင် ကတော့ သူ့ရဲ့ မြင်းအပေါ် ကြင်နာဂရုစိုက်ပြီး ကြင်နာတတ်သူ ဖြစ်ပါတယ်။
တနေ့သော အခါမှာ မြင်းပိုင်ရှင် နှစ်ယောက်ရဲ့ တိုင်းပြည်ဟာ အခြားတနိုင်ငံက လာရောက် တိုက်ခိုက်ခြင်းကို ခံကြရပါတယ်။ သူတို့နှစ်ဦးလည်း ဘုရင့်အမိန့်အရ အခြားသော ယောကျ်ားများနဲ့ အတူ စစ်တိုင်ဖို့ရာ ထွက်ကြရ ပါတော့တယ်။
သူတို့ဟာ ကိုယ်စီ ပိုင်တဲ့ မြင်းများကို စီးနင်းလျက် စစ်မြေပြင်ကို ထွက်ခဲ့ကြပါတယ်။ ရန်သူများနဲ့ ရင်ဆိုင် တိုက်ခိုက်တဲ့အခါ ရန်သူများဘက်က အားသာသဖြင့် မြင်းပိုင်ရှင်၂ ဦးလုံးပင် အရေးနိမ့်ကာ ထိခိုက်ဒဏ်ရာ ရကြပါတယ်။
စစ်ပွဲအလယ်မှာ မြင်းပေါ်က ကိုယ်စီကိုယ်ငှ ပြုတ်ကျခဲ့ကြပါတော့တယ်။ အဲဒီအခါမှာ ကြင်နာတတ်သူ မြင်းပိုင်ရှင်ရဲ့ မြင်းဟာ သခင်ဖြစ်သူကို ခါးလည်မှ ခါးပတ်ကို ကိုက်ချီလျက် စခန်းရှိရာဆီ အပြေးနှင်လာ ခဲ့ပါတော့တယ်။
ရက်စက် ကြမ်းတမ်းသူရဲ့ မြင်းကတော့ သူ့ရဲ့မြင်းပိုင်ရှင် မြင်းပေါ်က ပြုတ်ကျသွားတဲ့ အခါမှ ပြန်လည်ပြီး မြင်းဆီအရောက်သွားကာ စခန်းသို့ပြန်ရန် ကြိုးစားသော်လည်း မြင်းမှာ
မိမိပိုင်ရှင်ဖြစ်သူမှာမိမိကို ရိုက်နှက် ကန်ကြောက်တော့မယ် ဟု အထင်ရောက်လျက် ပိုင်ရှင်ကို အကပ်မခံဘဲ ထွက်ပြေးပါတော့တယ်။ နောက်ဆုံးမှာတော့ ရန်သူလက်ချက်ဖြင့် ရက်စက်သူ မြင်းပိုင်ရှင်မှာ အသက် သေဆုံးသွားရ ပါတော့တယ်။
ဒီပုံပြင်လေးမှာလည်း လူမပြောနဲ့ တိရိစ္ဆာန်တောင်မှ ရက်စက်သူနဲ့ ကြင်နာသူအပေါ် တုံ့ပြန်ပုံခြင်း မတူဘူး ဆိုတာကို ပြသသွားတာ ဖြစ်ပါတယ်။ အကြင်နာတရား ထားရင် ကိုယ့်ရဲ့ အကြင်နာတရားကို တိရိစ္ဆာန်တောင်မှ နားလည်တယ် ဆိုတဲ့ သဘောပါပဲ။ BAWA
Zawgyi
မျင္းပိုင္ရွင္ႏွစ္ေယာက္
တခါတုန္းက ျမင္းပိုင္ရွင္ လူႏွစ္ေယာက္ ရွိၿပီး ပထမျမင္းပိုင္ရွင္ဟာ အေျပာအဆို ၾကမ္းတမ္း ရက္စက္ၿပီး မညႇာတာတတ္သူ ျဖစ္ပါတယ္။ ဒုတိယျမင္းပိုင္ရွင္ ကေတာ့ သူ႔ရဲ႕ ျမင္းအေပၚ ၾကင္နာဂ႐ုစိုက္ၿပီး ၾကင္နာတတ္သူ ျဖစ္ပါတယ္။
တေန႔ေသာ အခါမွာ ျမင္းပိုင္ရွင္ ႏွစ္ေယာက္ရဲ႕ တိုင္းျပည္ဟာ အျခားတႏိုင္ငံက လာေရာက္ တိုက္ခိုက္ျခင္းကို ခံၾကရပါတယ္။ သူတို႔ႏွစ္ဦးလည္း ဘုရင့္အမိန႔္အရ အျခားေသာ ေယာက်္ားမ်ားနဲ႔ အတူ စစ္တိုင္ဖို႔ရာ ထြက္ၾကရ ပါေတာ့တယ္။
သူတို႔ဟာ ကိုယ္စီ ပိုင္တဲ့ ျမင္းမ်ားကို စီးနင္းလ်က္ စစ္ေျမျပင္ကို ထြက္ခဲ့ၾကပါတယ္။ ရန္သူမ်ားနဲ႔ ရင္ဆိုင္ တိုက္ခိုက္တဲ့အခါ ရန္သူမ်ားဘက္က အားသာသျဖင့္ ျမင္းပိုင္ရွင္၂ ဦးလုံးပင္ အေရးနိမ့္ကာ ထိခိုက္ဒဏ္ရာ ရၾကပါတယ္။
စစ္ပြဲအလယ္မွာ ျမင္းေပၚက ကိုယ္စီကိုယ္ငွ ျပဳတ္က်ခဲ့ၾကပါေတာ့တယ္။ အဲဒီအခါမွာ ၾကင္နာတတ္သူ ျမင္းပိုင္ရွင္ရဲ႕ ျမင္းဟာ သခင္ျဖစ္သူကို ခါးလည္မွ ခါးပတ္ကို ကိုက္ခ်ီလ်က္ စခန္းရွိရာဆီ အေျပးႏွင္လာ ခဲ့ပါေတာ့တယ္။
ရက္စက္ ၾကမ္းတမ္းသူရဲ႕ ျမင္းကေတာ့ သူ႔ရဲ႕ျမင္းပိုင္ရွင္ ျမင္းေပၚက ျပဳတ္က်သြားတဲ့ အခါမွ ျပန္လည္ၿပီး ျမင္းဆီအေရာက္သြားကာ စခန္းသို႔ျပန္ရန္ ႀကိဳးစားေသာ္လည္း ျမင္းမွာ မိမိပိုင္ရွင္ျဖစ္သူမွာမိမိကို ႐ိုက္ႏွက္ ကန္ေၾကာက္ေတာ့မယ္ ဟု အထင္ေရာက္လ်က္ ပိုင္ရွင္ကို အကပ္မခံဘဲ ထြက္ေျပးပါေတာ့တယ္။ေ နာက္ဆုံးမွာေတာ့ ရန္သူလက္ခ်က္ျဖင့္ ရက္စက္သူ ျမင္းပိုင္ရွင္မွာ အသက္ ေသဆုံးသြားရ ပါေတာ့တယ္။
ဒီပုံျပင္ေလးမွာလည္း လူမေျပာနဲ႔ တိရိစာၦန္ေတာင္မွ ရက္စက္သူနဲ႔ ၾကင္နာသူအေပၚ တုံ႔ျပန္ပုံျခင္း မတူဘူး ဆိုတာကို ျပသသြားတာ ျဖစ္ပါတယ္။ အၾကင္နာတရား ထားရင္ ကိုယ့္ရဲ႕ အၾကင္နာတရားကို တိရိစာၦန္ေတာင္မွ နားလည္တယ္ ဆိုတဲ့ သေဘာပါပဲ။ BAWA
0 Comments