မိဘနှစ်ပါး မရှိတော့ဘူးဆိုရင်

တကယ်လို့ တနေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင် ဒီလောကမှာ မင်းနဲ့ သွေးချင်း အရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ။

ဒါကြောင့် မိဘတွေ ရှိတုန်းမှာ ကောင်းကောင်း မွန်မွန်ဆက်ဆံပါ။ မိဘတွေကို မင်းအတွက် စိတ်မပူပါစေနဲ့။ မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ။ ဘာလို့လဲ ဆိုတော့ သားသမီးတွေ ဆိုတာ မိဘတွေရဲ့ နှလုံးသည်းပွတ် ဖြစ်နေလို့ပါပဲ။

တကယ်လို့ တနေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီ ဆိုရင် ဒီလောကမှာ မင်းကို စိတ်ရင်းစေတနာ နွေးထွေးတဲ့ အကြင်နာနဲ့ ယုယစွာ ချစ်မဲ့သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ။

ဘယ်မိဘကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ သားသမီးတွေ ပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး။

ဒါကြောင့် အချိန်ရပြီ ဆိုတာနဲ့ အိမ်ကိုပြန်ပြီး မိဘတွေနဲ့ တွေ့ပါ။ ကိုယ့်အိမ် မဟုတ်တဲ့ စားသောက်ဆိုင် ပျော်ပွဲစားရုံတွေမှာ အချိန်ကုန်နေမဲ့ အစား မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ။ ဘာလို့လဲ ဆိုတော့ မိဘတွေဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ်လို့ ပါပဲ။

တကယ်လို့ တနေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီ ဆိုရင် ဒီလောကမှာ မင်း ထမင်းမစားချင်တဲ့အခါ ဂရုတစိုက် ကျွေးမွေးမဲ့သူ နှစ်ယောက် မရှိတော့ဘူးလို နားလည်ပါ။

ဒါကြောင့် အပြင်မှာ ဘယ်လောက် အလုပ်များများ အိမ်ပြန်ပြီး မိဘတွေနဲ့ အတူတူ ထမင်းလက်ဆုံစားပါ။ ဘာလို့လဲ ဆိုတော့ မိဘတွေ မရှိတော့မှ သူတို့နဲ့ အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ ပါပဲ။

တကယ်လို့ တနေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီ ဆိုရင် ဒီလောကမှ မင်းကို နေကောင်းရဲ့လား အလုပ်အဆင်ပြေရဲ့လား ပိန်သွားလား ဝနေလား ဆိုပြီး ဂရုစိုက်မဲ့သူ နှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ။

တကယ်တော့ လူတယောက်ကို ဂရုစိုက်ရတယ် ဆိုတာ အပင်ပန်းဆုံးပါပဲ။ တော်ရုံလူက မင်းကို အမြဲ ဂရုစိုက်နေဖို့ ဆိုတာ မလွယ်ပါဘူး။

ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ သူတို့ကို အထူး ဂရုစိုက်ပါ။ အဝေးရောက်နေခဲ့ရင်လဲ မိဘတွေနဲ့ အမြဲ ဖုန်းဆက်သွယ်ပါ။ ကိုယ့်ရဲ့ အခြေအနေကို ပြောပြသလို မိဘတွေရဲ့ ကျန်းမာရေးကိုလဲ အလေးထားပါ။ ဘာလို့လဲ ဆိုတော့ သူတို့ နာမကျန်းတဲ့အခါ အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ ပါဘဲ။

တကယ်လို့ တနေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီ ဆိုရင် ဒီလောကမှာ မင်းကို အဆုံးအစမရှိ မေတ္တာအနန္တနဲ့ ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ။

ဒါကြောင့် မိဘတွေကို စိတ်မထိခိုက် ပါစေနဲ့။ မိဘတွေရှိတုန်းမှာ ပျော်ရွှင်မှု များများပေးပါ။ မင်းမှာ အချိန်မရှိဘူးလို့ စောဒက မတက်ပါနဲ့။ အလုပ် အရမ်းများတယ်လို့ မညည်းတွားပါနဲ့။ ကိုယ့်ရဲ့ အချိန်တွေကို တခြားသူတွေဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့။

မိဘတွေရဲ့ ရင်ထဲမှာ သင့်တယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ။ သူငယ်ချင်း ဆုံးရှုံးသွားရင် ပြန်ရှာလို့ ရတယ်၊ အလုပ်မရှိတော့ရင် အလုပ်အသစ် ရှာလို့ရတယ်။

ယုတ်စွအဆုံး နှလုံးသား တခု ဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ ရပါတယ်။ ဒါပေမဲ့ မိဘတွေ မရှိတော့ဘူး ဆိုရင်တော့ ဘယ်အရာနဲ့မှ အစားထိုးလို့ ရမှာ မဟုတ်တော့ပါဘူး မိတ်ဆွေ။ Crd

Post a Comment

0 Comments