တနေ့မှာတော့ ကျီးကန်းတကောင်ဟာ သစ်ကိုင်းပေါ်မှာ တနေ့လုံး နားနားနေနေ နေနေတယ်။ ကျီးကန်းဟာ ဘာအလုပ်မှလဲ မယ်မယ် ရရ မရှိပါဘူး။ အဲဒီကျီးကန်းကို ကြည့်ပြီး သစ်ပင်အောက်က ယုန်ကလေးဟာ အားကျနေခဲ့ တာပေါ့။
တနေ့မှာတော့ ကျီးကန်းကို ယုန်ကလေးက "ကျုပ်လည်း ဘာမှမလုပ်ဘဲ ခင်ဗျားလို ငြိမ်ငြိမ်လေး တနေ့လုံး ထိုင်နေချင်လိုက်တာဗျာ" လို့ ပြောတယ်။
ထိုအခါ ကျီးကန်းက "ထိုင်လေ၊ မင်းလည်း သစ်ပင်အောက်မှာ တနေကုန် နားနားနေနေ နေပေါ့"လို့ ကျီးကန်းက ပြန်ပြော တယ်။
အဲဒါနဲ့ ယုန်ကလေးလည်း ကျီးကန်း နားနေတဲ့ သစ်ကိုင်းအောက်က မြေပြင်ပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်တယ်။ ဘာမှ မကြာလိုက်ပါဘူး။ မြေခွေးတကောင် ရောက်လာပြီး ယုန်ကလေးကို ဖမ်းစား သွားပါ လေရော။
ဘာမှမလုပ်ဘဲ တနေ့လုံး ထိုင်နေဖို့ဆိုရင် အလွန့်အလွန် မြင့်တဲ့ အခြေအနေမှာ ရှိမှ ရပါလိမ့်မယ်။ ဒါကြောင့် မတူညီတဲ့ ဘဝတွေ မတူညီတဲ့ အခြေအနေတွေမှာ ကိုယ့်ဒုက္ခ ကိုယ်ရှာပြီး လိုက်တု မနေပါနဲ့။ Crd
Zawgyi
ျမင့္တဲ့ေနရာမွာ ရွိေနမွရမယ္
တေန႔မွာေတာ့ က်ီးကန္းတေကာင္ဟာ သစ္ကိုင္းေပၚမွာ တေန႔လုံး နားနားေနေန ေနေနတယ္။ က်ီးကန္းဟာ ဘာအလုပ္မွလဲ မယ္မယ္ ရရ မရွိပါဘူး။ အဲဒီက်ီးကန္းကို ၾကည့္ၿပီး သစ္ပင္ေအာက္က ယုန္ကေလးဟာ အားက်ေနခဲ့ တာေပါ့။
တေန႔မွာေတာ့ က်ီးကန္းကို ယုန္ကေလးက "က်ဳပ္လည္း ဘာမွမလုပ္ဘဲ ခင္ဗ်ားလို ၿငိမ္ၿငိမ္ေလး တေန႔လုံး ထိုင္ေနခ်င္လိုက္တာဗ်ာ" လို႔ ေျပာတယ္။
ထိုအခါ က်ီးကန္းက "ထိုင္ေလ၊ မင္းလည္း သစ္ပင္ေအာက္မွာ တေနကုန္ နားနားေနေန ေနေပါ့"လို႔ က်ီးကန္းက ျပန္ေျပာ တယ္။
အဲဒါနဲ႔ ယုန္ကေလးလည္း က်ီးကန္း နားေနတဲ့ သစ္ကိုင္းေအာက္က ေျမျပင္ေပၚမွာ ၿငိမ္ၿငိမ္ေလး ထိုင္ေနလိုက္တယ္။ ဘာမွ မၾကာလိုက္ပါဘူး။ ေျမေခြးတေကာင္ ေရာက္လာၿပီး ယုန္ကေလးကို ဖမ္းစား သြားပါ ေလေရာ။
ဘာမွမလုပ္ဘဲ တေန႔လုံး ထိုင္ေနဖို႔ဆိုရင္ အလြန႔္အလြန္ ျမင့္တဲ့ အေျခအေနမွာ ရွိမွ ရပါလိမ့္မယ္။ ဒါေၾကာင့္ မတူညီတဲ့ ဘဝေတြ မတူညီတဲ့ အေျခအေနေတြမွာ ကိုယ့္ဒုကၡ ကိုယ္ရွာၿပီး လိုက္တု မေနပါနဲ႔။ Crd
0 Comments