(၁) သူများဘဝကိုလည်း အထူးတလည် အားမကျပါနဲ့။ လူတိုင်းဟာ မတူညီတဲ့ ဒုက္ခတွေ ရင်ဆိုင်ရတယ်။ သင်အားကျတဲ့ လူရဲ့နောက်ကွယ်မှာ သင်မသိနိုင်တဲ့ စိတ်ပင်ပန်းမှုတွေ ရှိနေမှာပဲ။
(၂) ကိုယ့်ဘဝကို မနှောင့်ယှက်စေချင်ရင် သူများဘဝကိုလဲ သွားမနှောက်ယှက်ပါနဲ့။
(၃) ရည်မှန်းချက်ပန်းတိုင် ရှိပါ။ လူတိုင်းဟာ သူ့အရှိန်နဲ့ သူမို့ ဖြည်းဖြည်းမှန်မှန် သွားလဲ ရပါတယ်။ တခုခုအပေါ် ရူးသွပ်နေပါစေ။ Crazy about in something.
(၄) အချစ်ရေးမှာ မလောပါနဲ့။ အိမ်ထောင်ပြုဖို့ မလောပါနဲ့။ ကိုယ့်စိတ်က အထီးကျန်တာနဲ့ပဲ တွေ့ရာလူကို မချစ်လိုက် ပါနဲ့။ အိမ်ထောင် မပြုလိုက်ပါနဲ့။ တချို့အရာတွေ မှားသွားရင် တသက်လုံးအတွက် ဖြစ်သွားနိုင်တယ်။
(၅) ကိုယ့်လုပ်နိုင်စွမ်းကို appreciate လုပ်ပါ။ ခုရောက်နေတဲ့ နေရာက ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ တန်ဖိုးထားပါ။ ဂုဏ်ယူပါ။
(၆) လူတိုင်းအပေါ် မေတ္တာ ထားနိုင်တယ်။ ဒါပေမဲ့ ကိုယ့်မေတ္တာကို မလေးမစား ပြုလာရင် ခေါက်ထားလိုက်ပါ။ နောက်ခါ ပြန်မလှည့်ကြည့်ပါနဲ့။
(၇) ငါ့ဘဝ ပြဿနာတွေပဲ ကြုံရတယ်။ အဆင်ကို မပြေဘူး ဆိုပြီး ညည်းနေရင် လူဖြစ်ကျိုးနပ်မယ် မဟုတ်ပါ။ လူ့ဘဝက ပျော်ပျော်နေတတ်ရင် အမြတ်ပဲ။
(၈) အရာအားလုံးက သင်္ခါရတရားတွေ ပါပဲ။ ဘယ်အရာမှ ကြာရှည် မခံပါဘူး။ မတည်မြဲပါဘူး။ ပျော်ရွှင်ခြင်းလဲ ကြာကြာမခံဘူး။ ဝမ်းနည်းခြင်းလဲ ကြာကြာမခံပါဘူး။ အောင်မြင်ခြင်းလား ကျရှုံးခြင်းလား ကြာရှည်မခံဘူး။ အဲဒီတော့ ကြုံလာတဲ့အခြေအနေအပေါ် အံဝင်ခွင်ကျကျ နေတတ်မှ အဆင်ပြေပါလိမ့်မယ်။
(၉) ဘဝက သိပ်တိုတယ်။ ကိုယ့်အပေါ် လူတွေ ဘယ်လိုမြင်လဲ ဆိုတာ၊ ဘယ်လိုဝေဖန်လဲဆိုတာ စိုးရိမ်နေဖို့ ဝမ်းနည်းနေဖို့ အချိန်မရှိဘူး။ အချိန်တွေက သိပ်တန်ဖိုးရှိ လွန်းတယ်။ ကိုယ့်အတွက်မဟုတ်တဲ့ လူအတွက် အချိန်ကုန် ခံမနေနဲ့။ မလိုအပ်ဘဲ ရှင်းပြမနေနဲ့။ ကိုယ့် energy ကို ချွေတာပါ။
(၁၀) ကိုယ့်ဘဝကို သူများနဲ့ အမြဲ မနှိုင်းယှဉ်ပါနဲ့။ ဘဝက အများကြီး မအောင်မြင်လည်း ရတယ် ဆိုပေမဲ့ မနှစ်ကထက် မနေ့ကထက် ကိုယ်ဟာ ပိုတိုးတက်လာဖို့ လိုတယ်။ မနှစ်တုန်းကလည်း ဒီပုံစံအတိုင်း ဒီနှစ်လည်း ဒုံးရင်းဆိုတော့ မဟုတ် သေးဘူး။ကိုယ့်ကိုယ်ကိုပဲ ယှဉ်ပြိုင်ပါ။ Challenge yourself. Believe yourself. နူးနူးအောင်
0 Comments