လူတိုင်း လူတိုင်း လိုချင်တာ မှန်သမျှ လိုအပ်တာ မှန်သမျှ အကုန် မရခဲ့ပါဘူး။ ရသင့်သလောက် အကျိုးပေးသလောက်ပဲ ပိုင်ဆိုင်ခွင့် ရတာပါ။
ရသင့်တာလေးကို ယူ၊ မရထိုက်တဲ့ အရာလေးတွေ အတွက် မပူပန်ပါနဲ့။ ရှိတာလေးနဲ့တင် ရောင့်ရဲ တင်းတိမ်ပြီး နေပျော်တတ်တာလည်း မင်္ဂလာတပါး ပါပဲ။ လူနှစ်မျိုး အပူနှစ်မျိုးကြောင့် သောကဒဏ်ချက်ကို ခံစားနေရတာ အမှန်ပဲပေါ့။
ရှိတော့လည်း ကြောင့်ကျ၊ မရှိတော့လည်း တောင့်တနေတာ ဘယ်လောက်တောင် စိတ်တွေ လေးလံလိုက် မလဲ။ ဖြစ်ပျက် လောကဓံအောက် ဘာကြောင့် သောကရောက်စရာတွေ ဒုက္ခဖြစ်စရာတွေ ခဏခဏ တွေးနေရတာလဲ။ တအုံနွေးနွေး ဖြစ်နေရတာလဲ။
သူများက ဘယ်လောက်ပဲ ဖျောင်းဖျ ဖျောင်းဖျ ကိုယ့်စိတ် ကြည်လင်ဖို့ရာ ကိုယ်သာ အဓိက။ အေးချမ်းမှုဆိုတာ ကိုယ်ကိုယ်တိုင် ရှာဖွေရတာပါ။ စိတ်ဆင်းရဲမှုတွေ အထပ်ထပ်နဲ့ လောကကြီးကို ထမ်းပိုးနေ သရွေ့တော့ လူဖြစ်ရှုံးနေမှာ အမှန်ပါပဲ။
လိုချင်တာလေး ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရှင်သန်ရမယ့် ရက်ကလေးကို စိတ်လင်းလက်မှုနဲ့ နေပါ။ လောဘရမ္မက် မကြူး အလိုရမ္မက် မထူးနဲ့။ မဖြစ်သင့်တာတွေ မဖြစ်အောင်လို့ ဆင်ခြင်ပါ။ အရာဝတ္ထု ဖြစ်ဖြစ် လူဖြစ်ဖြစ် ဘေးနားမှာ ရှိတုန်းလေး တန်ဖိုးထားပါ။
အနာဂတ်ကို မျှော်လင့်ရင်း လက်ရှိအချိန်လေးကိုလည်း မမေ့လိုက်ပါနဲ့။ ပျော်ရွှင်အောင် ဖန်တီးပါ။
ဘယ်အချိန် ဘယ်အခါ ထွက်ခွာရမှန်း မသိလို့ ရှိတုန်းလေး မိသားစု ဆရာသမား ပတ်ဝန်းကျင် ချစ်သူ ခင်သူတွေကို တန်ဖိုးထား အလေးထားပါ။ ဘဝကို ဖန်တီးထုတ်လုပ်ရင်း နေပျော်အောင် နေပါ။ ပန်းမြတ်ခြယ်(တမာတန်း)
Zawgyi
ေနေပ်ာ္ေအာင္ ေနလိုက္ပါ
လူတိုင္း လူတိုင္း လိုခ်င္တာ မွန္သမွ် လိုအပ္တာ မွန္သမွ် အကုန္ မရခဲ့ပါဘူး။ ရသင့္သေလာက္ အက်ိဳးေပးသေလာက္ပဲ ပိုင္ဆိုင္ခြင့္ ရတာပါ။
ရသင့္တာေလးကို ယူ၊ မရထိုက္တဲ့ အရာေလးေတြ အတြက္ မပူပန္ပါနဲ႔။ ရွိတာေလးနဲ႔တင္ ေရာင့္ရဲ တင္းတိမ္ၿပီး ေနေပ်ာ္တတ္တာလည္း မဂၤလာတပါး ပါပဲ။ လူႏွစ္မ်ိဳး အပူႏွစ္မ်ိဳးေၾကာင့္ ေသာကဒဏ္ခ်က္ကို ခံစားေနရတာ အမွန္ပဲေပါ့။
ရွိေတာ့လည္း ေၾကာင့္က်၊ မရွိေတာ့လည္း ေတာင့္တေနတာ ဘယ္ေလာက္ေတာင္ စိတ္ေတြ ေလးလံလိုက္ မလဲ။ ျဖစ္ပ်က္ ေလာကဓံေအာက္ ဘာေၾကာင့္ ေသာကေရာက္စရာေတြ ဒုကၡျဖစ္စရာေတြ ခဏခဏ ေတြးေနရတာလဲ။ တအုံေႏြးေႏြး ျဖစ္ေနရတာလဲ။
သူမ်ားက ဘယ္ေလာက္ပဲ ေဖ်ာင္းဖ် ေဖ်ာင္းဖ် ကိုယ့္စိတ္ ၾကည္လင္ဖို႔ရာ ကိုယ္သာ အဓိက။ ေအးခ်မ္းမႈဆိုတာ ကိုယ္ကိုယ္တိုင္ ရွာေဖြရတာပါ။ စိတ္ဆင္းရဲမႈေတြ အထပ္ထပ္နဲ႔ ေလာကႀကီးကို ထမ္းပိုးေန သေ႐ြ႕ေတာ့ လူျဖစ္ရႈံးေနမွာ အမွန္ပါပဲ။
လိုခ်င္တာေလး ရသည္ျဖစ္ေစ မရသည္ျဖစ္ေစ ရွင္သန္ရမယ့္ ရက္ကေလးကို စိတ္လင္းလက္မႈနဲ႔ ေနပါ။ ေလာဘရမၼက္ မၾကဴး အလိုရမၼက္ မထူးနဲ႔။ မျဖစ္သင့္တာေတြ မျဖစ္ေအာင္လို႔ ဆင္ျခင္ပါ။ အရာဝတၳဳ ျဖစ္ျဖစ္ လူျဖစ္ျဖစ္ ေဘးနားမွာ ရွိတုန္းေလး တန္ဖိုးထားပါ။
အနာဂတ္ကို ေမွ်ာ္လင့္ရင္း လက္ရွိအခ်ိန္ေလးကိုလည္း မေမ့လိုက္ပါနဲ႔။ ေပ်ာ္႐ႊင္ေအာင္ ဖန္တီးပါ။ ဘယ္အခ်ိန္ ဘယ္အခါ ထြက္ခြာရမွန္း မသိလို႔ ရွိတုန္းေလး မိသားစု ဆရာသမား ပတ္ဝန္းက်င္ ခ်စ္သူ ခင္သူေတြကို တန္ဖိုးထား အေလးထားပါ။ ဘဝကို ဖန္တီးထုတ္လုပ္ရင္း ေနေပ်ာ္ေအာင္ ေနပါ။ ပန္းျမတ္ျခယ္(တမာတန္း)
0 Comments