အမျော်အမြင်ကြီးသော မိန်းမ

မင်္ဂလာဦးညမှာ ဇနီးသည်ဖြစ်သူက ခင်ပွန်းသည်လေးနား ကပ်ပြီး သူတို့ရဲ့ ပထမဆုံး ချစ်ရည်လူးပလူးတဲ့ အထိမ်းအမှတ် အနေနဲ့ ဒေါ်လာ ၂၀ တောင်းတယ်။ စိတ်ဝင်စားစရာ ကောင်းတာနဲ့ ကောင်လေးက ချက်ချင်း သဘောတူ လိုက်တယ်။

ကောင်မလေးရဲ့ ချစ်စရာ အပြုအမူလေး တခုမို့လည်း ကြည်ကြည်ဖြူဖြူ ပေးခဲ့တာပေါ့။ လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့စွဲဖို့ တောင်းတာပဲ ဖြစ်မှာပါ ဆိုပြီး ကောင်လေးက မှတ်ချက် ပြုထားတာပေါ့။

အဲ့ဒီလိုပဲ သူတို့အိမ်ထောင်သက် အနှစ် ၃၀ ကျော်သည့်တိုင် ချစ်ရည်လူးတဲ့ အခါတိုင်း အဲ့ဒီ အလေ့အကျင့်လေးကို ယူသွားဖြစ်လိုက်တယ်။

တရက်မှာတော့ နေလယ်လောက် အလုပ်ကနေ အရက်တွေ အရမ်းမူးပြီး ပြန်လာတဲ့ ခင်ပွန်းသည်ကို တွေ့တော့ ဇနီးသည် အံ့သြသွားတယ်။ တခါမှ ဒီလိုအချိန်မှာ မသောက်စဖူး ထူးခြားနေတာပေါ့။

အိမ်ထဲရောက်ပြီး ခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကို ဖွင့်ပြောပြ လိုက်တယ်။ "ကိုတို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်းလာတဲ့ အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ်လိုက်တယ်ကွာ။

အသက် ၅၉ နှစ်အရွယ် ရောက်ပြီဆိုတော့ အလုပ်သစ် ရှာနိုင်မယ့်ပုံလည်း မပေါ်တော့ပါဘူး။ ကုမ္ပဏီတွေ ကလည်း အလုပ်ခန့်မယ် မထင်တော့ပါဘူး မိန်းမရာ။

အားကိုးစရာ သားသမီးလည်း မရှိတော့ ရေရှည်မှာ စားဝတ်နေရေး အဆင်မပြေမှာ စိုးတယ်ကွာ" ဆိုပြီး မျက်ရည်လေး ဝဲပြီး ဝမ်းနည်းစွာ ပြောပြနေရှာတယ်။

ဒီအခါမှာ ဇနီးဖြစ်သူက အေးဆေးတည်ငြိမ်စွာပဲ ယောကျ်ားကို နှစ် ၃၀ ကျော် သက်တမ်းရှိတဲ့ ဘဏ်စာအုပ် ထုတ်ပြလိုက်တယ်။ စာအုပ်ထဲ မှာတော့ ကာလကြာရှည် ထားရှိလို့ ရလာတဲ့ အတိုးအမြတ်တွေ ပေါင်းရင် ဒေါ်လာ တသန်းနီးပါး ရှိတယ်။

ယောကျာ်းဖြစ်သူ မျက်လုံး ဝိုင်းသွားတယ် ပြီးတော့ သူဘာမှ မပြောနိုင်သေးခင်မှာ ဇနီးသည်က ထပ်ရှင်းပြတယ်။ "ဒီပိုက်ဆံတွေဟာ ချစ်ရည်လူးတဲ့ အခါတိုင်း တောင်းထားတဲ့ ပိုက်ဆံတွေပါ။

အဲ့ဒီ ပိုက်ဆံတွေကို ဘဏ်ထဲမှာ နှစ်သုံးဆယ်ကျော် ကြာ အောင် မှန်မှန် စုဆောင်းလာနိုင်ခဲ့လို့ ခုလို အများကြီး ဖြစ်လာတာပေါ့။ ကျွန်မတို့ ဒီပိုက်ဆံတွေနဲ့ ကောင်းကောင်း ရင်းနှီး လုပ်ကိုင်စားလို့ ရတယ် မဟုတ်လား ကိုရဲ့"

ယောကျာ်းဖြစ်သူဟာ စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားတယ်။ နောင်ရေးအတွက် အိုစာမင်းစာလေး မစုဆောင်း မိခဲ့ပါလားဆိုတဲ့ နောင်တတွေလည်း တသီကြီး ရလိုက်ပါတယ်။ ပြီးတော့ ဇနီးသည်ရဲ့ လိမ္မာပါးနပ်မှုကို ချီးကြူးလိုက်ပါတော့တယ်။ (နောင်ရေးအတွက် ပိုက်ဆံစုပါ) Crd

Post a Comment

0 Comments