တခါတုန်းက ရွှေတူးသမား တယောက်ဟာ ပန်းခြံထဲမှာ အိမ်လေးတလုံး ဆောက်ပြီး နေပါတယ်။ ရွှေတူးသမားဟာ သူ့ရဲ့ ရွှေဒင်္ဂါးတွေကို ပန်းခြံထဲက ကျောက်တုံးတွေရဲ့ အောက်မှာ မြေတူးပြီး မြုပ်ထားခဲ့ပါတယ်။
နေ့တိုင်း အိပ်ရာမဝင်မီ ရွှေတူးသမားဟာ ကျောက်တုံးတွေ နားကို သွားလေ့ ရှိပါတယ်။ ထိုကျောက်တုံးတွေ နားမှာ ရွှေဒင်္ဂါးတွေကို ရေတွက်ပြီး ရွှေတွေကို မြုပ်နှံလေ့ ရှိပါတယ်။ နေ့တိုင်းလိုလို ထိုအလုပ်ကို လုပ်လေ့ ရှိပါတယ်။
တနေ့မှာ ရွှေတူးသမားရဲ့ အကျင့်ကို သိတဲ့ သူခိုးတယောက်က ရွှေတူးသမား အိမ်ထဲ ပြန်ဝင်သွားတာကို စောင့်နေပါတယ်။
အမှောင်ထု ကြီးစိုးလာတဲ့ အခါမှာတော့ သူခိုးဟာ ရွှေတွေ မြုပ်နှံထားတဲ့ နေရာကို သွားပြီး ရွှေဒင်္ဂါးတွေကို တူးဖော်ပြီး ခိုးသွားပါတော့တယ်။
နောက်တနေ့မှာတော့ ရွှေတူးသမားက သူ့ရဲ့ ရွှေတွေ ပျောက်ဆုံးကြောင်း သိရှိသွားပြီး အော်ကြီးဟစ်ကျယ် အော်ငိုပါတော့တယ်။
ရွှေတူးသမားရဲ့ အိမ်နီးနားချင်းတွေက ရွှေတူးသမား ငိုသံကို ကြားတဲ့အခါမှာ ဘာဖြစ်သလဲလို့ စပ်စုကြပါတယ်။
အကြောင်းစုံကို သိတဲ့ အခါမှာတော့ အိမ်နီးနားချင်း တယောက်က မေးပါတယ်။ "ရွှေဒဂါၤးတွေကို ဘာလို့များ အိမ်ထဲမှာ မထားရတာလဲ။ တစုံတခုကို ခင်ဗျား ဝယ်ထားလိုက်ရင် ငွေအဖြစ် ပြောင်းလို့တောင် လွယ်သေးတာကို"
"ဝယ်ရမယ် ဟုတ်လား" လို့ ရွှေတူးသမားက ရေရွတ်လိုက် ပါတယ်။ "ငါက အဲဒီရွှေတွေကို ဘယ်တုန်းကမှ မသုံးချင် ခဲ့ဘူးလေ"
အဲဒါကို ကြားတဲ့ အိမ်နီးချင်းက ကျောက်တုံးတတုံးကို အိမ်ထဲကနေ လွှင့်ပစ်လိုက်ပြီး ပြောလိုက်ပါတယ်။ "ဒီကိစ္စမှာ ကျောက်တုံးတွေကို သိမ်းထား သလိုပေါ့။ အခု လွှင့်ပစ်လိုက်ရင် တန်ဖိုးမရှိဘူး။
အဲဒီလိုပဲ၊ ရွှေတွေ အခုဆုံးရှုံးသွားတော့ မင်းမှာ ဘာတန်ဖိုးရှိတာ ကျန်ခဲ့လို့လဲ။ အဲဒါကြောင့် အစောကြီးထဲက ရွှေတွေကို ရောင်းပြီး မင်းအတွက် တန်ဖိုးရှိတာ တခုခု ဝယ်ထားလိုက်ရမှာ"
သင်ခန်းစာ။ ။ ဒီပုံပြင်ထဲကလို ကိုယ်ပိုင်ဆိုင် ထားသမျှကို ကိုယ့်အတွက် တန်ဖိုးရှိစွာ အသုံးမချဘဲ စုဆောင်းထားခြင်းက အဓိပ္ပါယ် မရှိပါဘူး။
ကိုယ်ပိုင်ဆိုင် ထားသမျှကို ကိုယ်ဘယ်လို အသုံးချသလဲ ဆိုတာကသာ တန်ဖိုးဖြစ်ပါတယ် လို့ သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။
ပြောချင်တာက သင့်မှာ ဘယ်လောက်ပဲ အဖိုးတန်တာတွေ ပိုင်ဆိုင်ပါစေ တန်ဖိုးရှိတဲ့ နေရာမှာ အသုံးမချဘူး ဆိုရင် ထိုအဖိုးတန် ပစ္စည်းကလည်း တန်ဖိုးမဲ့နေတာပါပဲ လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ BAWA
0 Comments