လင်ငယ်နေတတ်တဲ့ မိန်းမတယောက်က ဈေးရောင်းရင်း ငိုက်နေတဲ့ မိန်းမတယောက်ကို မြင်တော့ သူလည်း ငါ့လိုဘဲ ညက ချိန်းတွေ့ပြီး အိပ်ရေးပျက်နေတာ ထင်တယ် ဆိုပြီး တွေးတယ်။
အတုတွေပဲ ဝတ်တတ်တဲ့ မိန်းမက တခြားမိန်းမတွေ စိန်တွေ ရွှေတွေ ဝတ်လာရင် အတုတွေပဲ ထင်တယ် ဆိုပြီး တွေးတယ်။
ပြည့်တန်ဆာမိန်းမက တခြားမိန်းမ တယောက်ကို သူစိမ်းယောကျ်ား တယောက်နဲ့ လမ်းမှာ တွေ့တဲ့အခါ အော်ဒါ ရသွားပြီ လို့ တွေးတယ်။
အရမ်းရှုပ်တတ်တဲ့ မိန်းမက တခြားမိန်းမ တယောက်ကို သူစိမ်းယောကျ်ားတယောက်နဲ့ တွေ့တိုင်း သူ့လို ရှုပ်တဲ့မိန်းမလို့ တွေးတယ်။ ကျောင်းဆရာ တယောက်က လမ်းတွေ့လို ဆရာဆိုပြီး နူတ်ဆက်တဲ့ လူတိုင်းကို သူတပည့်တွေပဲလို့ တွေးတယ်။
အတင်းအဖျင်းတွေ လှည့်ပြောတတ်တဲ့ မိန်းမက အခြားသူတွေရဲ့ စကားဝိုင်းတွေ့တိုင်း အတင်းပြောနေကြတာ ထင်တယ်လို့ တွေးတယ်။ အနီကြိုက်တဲ့ သူတိုင်းက ပုဆိုးစိမ်းလေး ဝတ်မိတာနဲ့ ဒီလူက အစိမ်းဘဲလို့ တွေးတယ်။
ပွဲစားလုပ်တဲ့ မိန်းမတယောက်က တခြားမိန်းမတယောက်ကို သူစိမ်းယောကျ်ားတွေနဲ့ တွေ့တဲ့အခါ ဘာတွေ ပွဲတည့်သွားလဲ မသိ လို့ တွေးတယ်။
ကိုယ့်စိတ်ဓါတ်အပေါ် မှုတည်ပြီး အတွေးတွေ ကွာခြားသွားပါတယ်။ ရှမြင်ပုံတွေ မတူတော့တာပါ။ အမြင်က အမြင် အထင်က အထင် လက်တွေ့က လက်တွေ့ပါ။
တဖက်လူရဲ့ အတွေးက သူ့စိတ်နဲ့ လှမ်းမီသလောက်ပဲ ရှိမှာမို့ တွေးခြင်ရာ တွေးပါစေ ထင်ချင်သလောက် ထင်ပါစေ လိုက်ခံစားနေဖို့ မလိုပါဘူး။
အမှန်တရားဆိုတာ တခါတရံ ဇာတ်သိမ်းကျမှ ပေါ်လာတာမျိုးလေ။ ကိုယ်ပြုရာ ကိုယ်တိုင်သာ ခံစားရှိရင် ခံရမှာ စံစရာ ရှိရင်လည်း စံကြရမှာလေ။
လူဆိုတာမျိုးက ကိုယ့်စိတ်နဲ့ တိုင်းတာပြီး တန်ရာတန်ရာကိုသာ ထင်ကြေးတွေ ပေးတတ်ကြတာပါ။ ဘဝဇာတ်ဆရာ အလိုကျ ကကြရမှာက ကိုယ်တာဝန်ပါ။
ပြောချင်ရာ ပြောကြပါစေ ကျရာနေရာကနေ ကိုယ်တိုင် စီမံခန့်ခွဲပြီး ကိုယ်တိုင်သာ လုပ်သွားရမှာပါ။ လုပ်သမျှ ကောင်းမွေဆိုမွေကို ကိုယ်တိုင် ခံစားရမှာပါ။
ကဲ့ရဲ့ ရှုတ်ချတာတွေ သူမြင် သူထင်တာတွေကို ဂရုမစိုက်ပါနဲ့။ ကိုယ်တိုင်လှော်တဲ့လေ ကိုယ်တိုင် ပဲ့ကိုင်ပြီး လိုရာခရီး ရောက်အောင်သွားပါ။ ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရား မကဲ့ရဲ့အောင်နေ လူပီသအောင် နေနိုင်ဖို့ဘဲ အရေးကြီးပါ။ Crd
0 Comments