လယ်သမားနှင့် စိန်တွင်း

တခါတုန်းက အာဖရိကမှာ နေထိုင်တဲ့ လယ်သမားတဦး ရှိခဲ့တယ်။ သူဟာ လယ်မြေ အများအပြားကို ပိုင်ပြီးတော့ သူ့လယ်မှာပဲ လယ်လုပ်ရင်းနဲ့ ပျော်ရွှင်စွာ နေထိုင်တယ်။

တနေ့မှာတော့ သူ့ဆီကို ခရီးသွားတယောက် ရောက်လာခဲ့ပါတယ်။ သူကလဲ ဧည့်ခံ ကျွေးမွေးလိုက်တယ်။ ခရီးသွားက လယ်သမားကို အခုလို ပြောသွားခဲ့တယ်။

"တကယ်လို့ မင်းမှာသာ လက်မအရွယ်လောက် စိန်တလုံးရှိရင် မင်းဟာ မြို့တမြို့ကိုတောင် ပိုင်နိုင်တယ်။ တကယ်လို့ မင်းမှာသာ လက်သီးဆုပ်လောက် စိန်ရှိရင် မင်းဟာ နိုင်ငံတနိုင်ငံလောက် ပိုင်နိုင်ပါရဲ့"

အဲဒီညမှာ လယ်သမား မအိပ်နိုင်တော့ဘူး။ သူဟာ စိန်ကို အလွန် စိတ်ဝင်စားတယ်။ အဲဒါနဲ့ စိန်တွေကို လိုက်ရှာဖို့ ကြိုးစားတယ်။ စိန်ရှိတဲ့ နေရာတွေကို လိုက်လံ စုံစမ်းပြီး စိန်နောက် လိုက်ခဲ့သတဲ့။

သူဟာ အာဖရိကကနေ တောင်အမေရိကမှာ စိန်တွေ ထွက်တယ် ဆိုတဲ့ သတင်းကြားတော့ တောင်အမေရိကထိ ရှိတဲ့ပစ္စည်းလေးတွေ ရောင်းပြီး သွားတူးပေမယ့် စိန်မရပါဘူး။

နောက်တော့ ဥရောပအလယ်ပိုင်းမှာ စိန်ထွက်တယ်ဆိုတာ ကြားတော့ လိုက်ရှာဖို့ သွားပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ စိန်ရှာရင်း ရှာမတွေ့တဲ့အခါမှာ စိတ်ထောင်းကိုယ်ကြေ ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင် လိုက်ပါတော့တယ်။

သူမသေဆုံးခင် တောင်အာဖရိကက သူ့အိမ်ကို စာရေးပို့လိုက်တယ်။ စာထဲမှာတော့ "ငါ့သား ငါသေပြီ။ တကယ်လို့ မင်းများ စိန်တွေထွက်တဲ့ တွင်းကို ရှာဖွေတွေ့ခဲ့ရင် ငါ့နာမည် ပေးလိုက်ပါကွာ" လို့ ရေးပေးလိုက်သတဲ့။

၃ နှစ်လောက် အကြာမှာတော့ စပိန်တွေ အာဖရိကကို ရောက်လာပြီးတော့ လယ်သမားရဲ့ အိမ်မှာ တည်းခိုတယ်။ အဲဒီအချိန်မှာ လယ်သမားသားဟာ ကုလားအုပ်တကောင် သေသွားတဲ့အတွက် ကုလားအုပ်ကို မြုပ်ဖို့ တောင်ခြေမှာ တွင်းတူးပါတယ်။

အဲဒီထဲက ထွက်လာတဲ့ အကြည်ရောင် ကျောက်တွေကို စပိန်တွေက တွေ့ပြီးတော့ ဒါစိန်တွေ ဆိုတာကို သိသွားကြတယ်။တကယ်တော့ လယ်သမားပိုင်တဲ့ လယ်ကွင်းရဲ့ အောက်ခြေမှာ စိန်တွင်းအကြီးကြီး ရှိနေတာဖြစ်ပါတယ်။

လယ်သမားရဲ့ သားဟာ အလွန်ချမ်းသာတဲ့ သူဌေးကြီး ဖြစ်သွားပြီးတော့ အဲဒီစိန်တွင်းကို သူ့အဖေရဲ့ နာမည် ပေးလိုက်ပါသတဲ့။ (ဘယ်အရာမဆို ကိုယ်နဲ့ ထိုက်တန်မှသာ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်) Crd

Post a Comment

0 Comments