မိဘတွေက ကျောင်းကပွဲဝတ်စုံမဝယ်ပေးနိုင်လို့ ဝမ်းနည်းနေတဲ့ညီမလေးအတွက် ကိုယ်တိုင် ဝတ်စုံချုပ်ပေးခဲ့တဲ့အစ်ကို

တစ်ခါတရံမှာ ဆန္ဒတွေက ဖြစ်မလာနိုင်တော့ဘူးလို့ ထင်ရပေမယ့် ကံကြမ္မာကြောင့်လည်း ဆန္ဒတွေ ပြည့်ဝသွားနိုင်ပါတယ်။

အတွေးအခေါ်ကောင်းတဲ့အစ်ကိုဖြစ်သူကြောင့် ကျောင်းကပွဲကို မတက်ရောက်နိုင်တော့ဘူးလို့ လက်လျှော့ထားတဲ့မိန်းကလေးဟာ အလှဆုံးဝတ်စုံနဲ့ ကပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။


ကျောင်းတွေမပိတ်ခင်မှာ ကျောင်းကပွဲကို ပြုလုပ်မယ့်အကြောင်း ကြေညာလိုက်ပါတယ်။ ဒါပေမယ့် ကျောင်းသူတစ်ယောက်ကတော့ မိဘတွေက ဝတ်စုံဖိုး မတတ်နိုင်တာကြောင့် ကပွဲကို မတက်ရောက်နိုင်တော့ဘူးဆိုပြီး ဝမ်းနည်းသွားခဲ့ပါတယ်။


ကျောင်းသူလေးရဲ့အစ်ကိုဖြစ်တဲ့ Maverick က သူ့ရဲ့ညီမလေး ဝမ်းနည်းနေတာကို ကြည့်ပြီး စိတ်ကူးတစ်ခုရခဲ့ပါတယ်။ ကပွဲအတွက် ဝတ်စုံကို သူကိုယ်တိုင် ချုပ်လုပ်ပေးဖို့ အကြံရခဲ့ပါတယ်။


Maverick က Youtube နဲ့ Google တို့ကနေ လေ့လာပြီး ဝတ်စုံကို အလျင်အမြန်ချုပ်လုပ်ခဲ့ပါတယ်။ Micheal Cinco ရဲ့နွေဦးဝတ်စုံတွေထဲက ဝတ်စုံတစ်စုံကို သဘောကျပြီး ကိုယ်တိုင်ဖန်တီးခဲ့ပါတယ်။


ပထမနေ့မှာတော့ Maverick က ဘယ်အရာကနေ စလုပ်ရမှန်းမသိခဲ့ပါဘူး။ အပြာရောင်ချည်သားပိတ်စ ၉ စကို ဖြတ်ပြီး ဖဲကြိုးတွေနဲ့ အလှဆင်ပါတယ်။ အဲဒီနောက် စကတ်ဖြစ်အောင် ချုပ်ပါတယ်။


အိမ်ထဲမှာ ချုပ်ဖို့နေရာမရှိတာကြောင့် အိမ်အပြင်မှာ ထွက်ပြီး ဝတ်စုံကိ ဖန်တီးခဲ့ပါတယ်။ ဝတ်စုံမှာ ကပ်ဖို့ ပန်းပွင့်တွေကိုလည်း အသေးစိတ်လေ့လာပြီး အသုံးချခဲ့ပါတယ်။


Maverick ကိုယ်တိုင်ကလည်း ကျောင်းသားတစ်ယောက်ဖြစ်တာကြောင့် ကျောင်းက ပြန်ရောက်တာနဲ့ ညီမလေးအတွက် ဝတ်စုံကို ချုပ်ခဲ့ပါတယ်။


တစ်ခါတရံ အရမ်းပင်ပန်းပေမယ့်လည်း ဝတ်စုံလေးကို မြင်ယောင်ကြည့်တဲ့အခါမှာ အားအင်တွေ ပြန်ရလာတယ်လို့ Maverick က ပြောပါတယ်။ ဝတ်စုံတစ်ခုလုံးမှာ သူအကြိုက်ဆုံးကတော့ ဝတ်စုံရဲ့လက်တွေပါပဲ။


တစ်ခါတရံမှာ ညတောင်မအိပ်ဘဲ ဝတ်စုံကို အလှဆုံးချုပ်လုပ်နေခဲ့ပါတယ်။ ဒါပေမယ့် ဝတ်စုံလေးကတော့ ကပွဲနဲ့အချိန်မီပဲ ပြီးစီးသွားခဲ့ပါတယ်။


သူ့ရဲ့ညီမလေးက သူကိုယ်တိုင်ချုပ်လုပ်ထားတဲ့ ဂါဝန်လေးနဲ့ ပျော်နေတာကို ကြည့်ပြီး အရမ်းကို ပီတိဖြစ်ရကြောင်း သူ့ရဲ့ facebook မှာ ရေးသားထားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments