လူတယောက်က စိတ်ဓာတ် အရမ်း ကျဆင်းနေတယ်။ လောကဒဏ်ရဲ့ အရိုက်အပုတ် လှိုင်းတံပိုးဒဏ်ကို သူ မခံနိုင်တော့ပါ။ ဘဝ ဆိုတာကြီးကို လက်မြောက် အရှုံးပေးလုဆဲဆဲ အချိန်မှာပေါ့။
စိတ်ပျက်လက်ပျက် ရှိနေစဉ် သစ်ပင်တပင်ရဲ့ အောက်မှာ ထိုင်နေရင်း မျက်စိရောက်ရာ ကြည့်နေစဉ်မှာ ပင့်ကူတကောင်က သူ့အိမ်ကို ဆောက်ဖို့ ပထမဆုံးသော ပင့်ကူမျှင်ကို ချည်ဖို့ သူလိုရာ အကွာအဝေးမှာ ရှိတဲ့ သစ်ကိုင်းဆီ ခုန်ကူးလိုက်တယ်။
သူ ပြုတ်ကျသွားတယ်။ ထပ်ခုန်တယ်။ ထပ်ခုန်တယ်။ ထပ်ခုန်တယ်။ အကြိမ်ပေါင်း ၇၀ လောက်မှာ သူ လိုရာအရပ်ကို ခုန်နိုင်ပြီးသူ့ရဲ့ ပထမဆုံး ပင့်ကူမျှင်ကို ချနိုင် ခဲ့တယ်။
နောက်ဆုံးတော့ ပင့်ကူအိမ်ကြီး တလုံး ပြီးသည်အထိ ဆောက်နိုင်ခဲ့တယ်။ အဲဒီအဖြစ်အပျက်ကို အစအဆုံး ကြည့်နေတဲ့ ထိုလူဟာ အသိတရားတခု ရလိုက်ပြီး ခွန်အားဖြစ်စေခဲ့တယ်။
သူဟာ "ပင့်ကူလေးတောင်မှ ဒီလို ကြိုးစားနိုင်ခဲ့ရင် ငါဟာ လူသားတယောက်ပဲ၊ ငါလည်း ဖြစ်နိုင်တယ်" ဆိုပြီး
ဘဝကို အရှုံးမပေးတော့ပဲ ပေါ့ပါးရွှင်လန်းသော ခြေလှမ်းဖြင့် သူ့ဘဝကို အကောင်းဆုံး ပြန်တည့်နိုင်ခဲ့တယ်။ phoomyatchal
Zawgyi
အရႈံးမေပးေသာ စိတ္ဓာတ္
လူတေယာက္က စိတ္ဓာတ္ အရမ္း က်ဆင္းေနတယ္။ ေလာကဒဏ္ရဲ႕ အ႐ိုက္အပုတ္ လႈိင္းတံပိုးဒဏ္ကို သူ မခံႏိုင္ေတာ့ပါ။ ဘဝ ဆိုတာႀကီးကို လက္ေျမာက္ အရႈံးေပးလုဆဲဆဲ အခ်ိန္မွာေပါ့။
စိတ္ပ်က္လက္ပ်က္ ရွိေနစဥ္ သစ္ပင္တပင္ရဲ႕ ေအာက္မွာ ထိုင္ေနရင္း မ်က္စိေရာက္ရာ ၾကည့္ေနစဥ္မွာ ပင့္ကူတေကာင္က သူ႔အိမ္ကို ေဆာက္ဖို႔ ပထမဆုံးေသာ ပင့္ကူမွ်င္ကို ခ်ည္ဖို႔ သူလိုရာ အကြာအေဝးမွာ ရွိတဲ့ သစ္ကိုင္းဆီ ခုန္ကူးလိုက္တယ္။
သူ ျပဳတ္က်သြားတယ္။ ထပ္ခုန္တယ္။ ထပ္ခုန္တယ္။ ထပ္ခုန္တယ္။ အႀကိမ္ေပါင္း ၇၀ ေလာက္မွာ သူ လိုရာအရပ္ကို ခုန္ႏိုင္ၿပီးသူ႔ရဲ႕ ပထမဆုံး ပင့္ကူမွ်င္ကို ခ်ႏိုင္ ခဲ့တယ္။
ေနာက္ဆုံးေတာ့ ပင့္ကူအိမ္ႀကီး တလုံး ၿပီးသည္အထိ ေဆာက္ႏိုင္ခဲ့တယ္။ အဲဒီအျဖစ္အပ်က္ကို အစအဆုံး ၾကည့္ေနတဲ့ ထိုလူဟာ အသိတရားတခု ရလိုက္ၿပီး ခြန္အားျဖစ္ေစခဲ့တယ္။
သူဟာ "ပင့္ကူေလးေတာင္မွ ဒီလို ႀကိဳးစားႏိုင္ခဲ့ရင္ ငါဟာ လူသားတေယာက္ပဲ၊ ငါလည္း ျဖစ္ႏိုင္တယ္" ဆိုၿပီး ဘဝကို အရႈံးမေပးေတာ့ပဲ ေပါ့ပါး႐ႊင္လန္းေသာ ေျခလွမ္းျဖင့္ သူ႔ဘဝကို အေကာင္းဆုံး ျပန္တည့္ႏိုင္ခဲ့တယ္။ phoomyatchal
0 Comments