ရှေးရှေးတုန်းက သမင်ဖိုတကောင်သည် ရေထဲက သူ့အရိပ်ကို သူပြန်ကြည့်ရင်း သူ့ဦးချို အရွယ်အစားကို ကျေနပ် ဂုဏ်ယူလျက် ရှိသည်။
သို့သော် သေးသွယ်ပြီး မလှမပ ဖြစ်နေသော ခြေထောက်ကို ကြည့်ရင်း သူ့ကိုယ်သူ ဒေါပွ နေပါတယ်။
သူ့အရိပ်သူ ကြည့်နေတဲ့ အချိန်မှာ ခြင်္သေ့တကောင် ရောက်လာ၏။ သမင်ဖိုလည်း ကဆုန်ပေါက် ပြေးရင်း ခြင်္သေ့နဲ့ ဝေးနိုင်သမျှဝေးအောင် ကြိုးစားနေသည်။
တောအုပ်ထဲ ဝင်ပြေးပြီးနောက်ပိုင်း သူ၏ ဦးချိုသည် နွယ်ပင်များနှင့် ငြိသွား၏။ နောက်က အပြေးလိုက်လာတဲ့ ခြင်္သေ့လည်း သူ့ကို မိသွားလေသည်။
သမင်ဖိုကြီးဟာ အချိန်လွန်မှ နောင်တရကာ သူ့ကိုယ်သူ အပြစ်တင် လိုက်ပါတယ်။ "ငါဟာ ငါ့စိတ်ကိုငါ လှည့်ဖြားမိတာပဲ။ ငါသိမ်ငယ်ခဲ့ရတဲ့ ခြေထောက်တွေက ငါ့ကို ကယ်တင်ခဲ့ပေမယ့် ငါဂုဏ်ယူခဲ့ရတဲ့ ဦးချိုကြောင့်ပဲ ငါဟာ သေပွဲဝင်ရချေပြီ"
ဒီအကြောင်းအရာလေးက ကျွန်တော်တို့ တတွေဟာ တခါတလေမှာ ကိုယ်မှာရှိတဲ့ တကယ့်တန်ဖိုးရှိတဲ့ အရာတွေကို တခါတရံ မတူမတန်သလို ခံစားမိတဲ့ အကြောင်းကို သင်ခန်းစာအဖြစ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ကိုယ့်မှာရှိတဲ့ အရာတွေကို တန်ဖိုးထားပါ။ Crd
Zawgyi
သမင်ကြီး၏ နောင်တ
0 Comments