ဒဏ်ရာများလေ တန်ဖိုးရှိလေ

ရှေးရှေးတုန်းက ဝါးရုံတခုထဲမှာရှိတဲ့ ဝါးလေးနှစ်ချောင်းမှာ တချောင်းက ပုလွေ ဖြစ်သွားပြီး နောက်တချောင်းက အဝတ်လှန်းတဲ့ တန်း ဖြစ်သွားပါသတဲ့။

အဲဒါနဲ့ အဝတ်တန်းဝါးက မကျေမနပ်ဖြစ်ပြီး ပုလွေဖြစ်သွားတဲ့ ဝါးကို လှမ်းမေးပါတယ်။ "ငါတို့က ဝါးရုံတခုထဲ ဖြစ်ရဲ့သားနဲ့ ငါက လေထဲမိုးထဲမှာ နေရပြီး ဘာမှ တန်ဖိုးမရှိဘူး။ မင်းကျတော့ တန်ဖိုး မြင့်နေတာက ဘာ့ကြောင့်လဲ"

အဲဒီအခါမှာ ပုလွေ ပြန်ဖြေလိုက်တာက "မင်းက ဓါးတချက်ပဲ အခုတ်ခံရတယ်။ ငါက ဓါးအချက်ပေါင်း များစွာ အခုတ်ခံရပြီးမှ လက်ရာမြောက်စွာ တန်ဖိုးထားခြင်း ခံရတာလေ" တဲ့။

အဲ့ဒီတော့မှ အဝတ်တန်းက နှုတ်ဆိတ်သွားပြီး တခု တွေးလိုက်မိတယ်။ "သြော် တန်ဖိုးမြင့်နေတဲ့ သူတိုင်းက ဒဏ်ရာပေါင်း များစွာ အလူးအလဲ ခံခဲ့ရတာပါလား" လို့ပေါ့။

ဒီအကြောင်းအရာလေးက ပြောချင်တာကတော့ ကျွန်တော်တို့တွေရဲ့ လူ့ဘဝ ဆိုတာလည်း ဒီလိုပါပဲ။ အခက်အခဲ အတားအဆီး များစွာ ကျော်ဖြတ်ရတဲ့ ဒဏ်၊ နားလည်ပေးနိုင်သူ မရှိလို့ အထီးကျန်ဆန်တဲ့ ဒဏ်၊

ဝိုးတဝါး အခြေနေအောက်မှာ တာဝန်ယူရတဲ့ ဒဏ်၊ ဘဝပေး ကံကြမ္မာကြောင့် တွေ့ဆုံ ကွေကွင်းရတဲ့ ဒဏ်၊ ဒဏ်ပေါင်းစုံကို အပြုံးနဲ့ ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်ပါမှ ဘဝက တန်ဖိုးရှိမှာပါ။

ဒါ့ကြောင့်မို့ သူများတွေ အောင်မြင်နေတာ တွေ့ရင် မနာလို ဝန်တို မဖြစ်မိပါစေနဲ့။ သူ့မှာ ဒါဏ်ရာတွေ နာကျင်မူ့တွေနဲ့ ပေးဆပ်ထားရတာတွေ ပိုများလို့ပါ။ Crd

Zawgyi

ဒဏ္ရာမ်ားေလ တန္ဖိုးရွိေလ

ေရွးေရွးတုန္းက ဝါး႐ုံတခုထဲမွာရွိတဲ့ ဝါးေလးႏွစ္ေခ်ာင္းမွာ တေခ်ာင္းက ပုေလြ ျဖစ္သြားၿပီး ေနာက္တေခ်ာင္းက အဝတ္လွန္းတဲ့ တန္း ျဖစ္သြားပါသတဲ့။

အဲဒါနဲ႔ အဝတ္တန္းဝါးက မေက်မနပ္ျဖစ္ၿပီး ပုေလြျဖစ္သြားတဲ့ ဝါးကို လွမ္းေမးပါတယ္။ "ငါတို႔က ဝါး႐ုံတခုထဲ ျဖစ္ရဲ႕သားနဲ႔ ငါက ေလထဲမိုးထဲမွာ ေနရၿပီး ဘာမွ တန္ဖိုးမရွိဘူး။ မင္းက်ေတာ့ တန္ဖိုး ျမင့္ေနတာက ဘာ့ေၾကာင့္လဲ"

အဲဒီအခါမွာ ပုေလြ ျပန္ေျဖလိုက္တာက "မင္းက ဓါးတခ်က္ပဲ အခုတ္ခံရတယ္။ ငါက ဓါးအခ်က္ေပါင္း မ်ားစြာ အခုတ္ခံရၿပီးမွ လက္ရာေျမာက္စြာ တန္ဖိုးထားျခင္း ခံရတာေလ" တဲ့။

အဲ့ဒီေတာ့မွ အဝတ္တန္းက ႏႈတ္ဆိတ္သြားၿပီး တခု ေတြးလိုက္မိတယ္။ "ေၾသာ္ တန္ဖိုးျမင့္ေနတဲ့ သူတိုင္းက ဒဏ္ရာေပါင္း မ်ားစြာ အလူးအလဲ ခံခဲ့ရတာပါလား" လို႔ေပါ့။

ဒီအေၾကာင္းအရာေလးက ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ေတြရဲ႕ လူ႔ဘဝ ဆိုတာလည္း ဒီလိုပါပဲ။ အခက္အခဲ အတားအဆီး မ်ားစြာ ေက်ာ္ျဖတ္ရတဲ့ ဒဏ္၊ နားလည္ေပးႏိုင္သူ မရွိလို႔ အထီးက်န္ဆန္တဲ့ ဒဏ္၊ ဝိုးတဝါး အေျခေနေအာက္မွာ တာဝန္ယူရတဲ့ ဒဏ္၊ ဘဝေပး ကံၾကမၼာေၾကာင့္ ေတြ႕ဆုံ ေကြကြင္းရတဲ့ ဒဏ္၊ ဒဏ္ေပါင္းစုံကို အၿပဳံးနဲ႔ ရင္ဆိုင္ေျဖရွင္း ေက်ာ္လႊားႏိုင္ပါမွ ဘဝက တန္ဖိုးရွိမွာပါ။

ဒါ့ေၾကာင့္မို႔ သူမ်ားေတြ ေအာင္ျမင္ေနတာ ေတြ႕ရင္ မနာလို ဝန္တို မျဖစ္မိပါေစနဲ႔။ သူ႔မွာ ဒါဏ္ရာေတြ နာက်င္မူ႔ေတြနဲ႔ ေပးဆပ္ထားရတာေတြ ပိုမ်ားလို႔ပါ။ Crd

Post a Comment

0 Comments