တခါက မဟတ္တမဂန္ဒီကို ကောင်မလေး တယောက်က "ရှင့်ကို ကျွန်မချစ်တယ်" လို့ ပြောတော့ ဂန္ဒီက
"ငါဟာ မင်းရဲ့ အချစ်နဲ့ မထိုက်တန်ပါဘူး။ ငါ့ရဲ့ နောက်မှာ ရှိတဲ့ ငါ့ညီက ငါ့ထက် ပိုနုတယ်၊ ငါ့ထက် ပိုပြီး ယောက်ျားပီသတယ်" တဲ့။
ဂန္ဒီရဲ့စကား ဆုံးတာနဲ့ ကောင်မလေးဟာ ဂန္ဒီရဲ့ အနောက်ကို တချက် လှည့်ကြည့် လိုက်တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။ အဲ့ဒီမှာ ဂန္ဒီက ဒီလို ဆက်ပြောလိုက်တယ်။
"မင်းသာ ငါ့ကို တကယ်ချစ်ရင် အနောက်ကို လှည့်ကြည့်စရာ အကြောင်း မရှိဘူး" တဲ့။
ဂန္ဒီပြောတဲ့ စကားက သိပ်ကို လေးနက်ပါတယ်။ ကျွန်မတို့ကို အပေါ်ယံလေး ချစ်ပါတယ်လို့ ပြောခဲ့တဲ့ သူတွေက ကျွန်မတို့ထက် သာတဲ့သူကို တွေ့တဲ့အခါ ကျွန်မတို့ကို ထားရစ်ခဲ့ဖို့ အမည်မသိတဲ့ အကြောင်းပြချက်တွေ ပေးတယ်။ ပြီးတော့ တတိယလူ နောက်ကို ကောက်ကောက် ပါအောင် လိုက်သွားကြတယ်။
တကယ်တော့ သူသာ ကိုယ့်ကို တကယ်ချစ်ခဲ့ရင် နောက်လူဆိုတာ ပေါ်လာစရာအကြောင်း မရှိပါဘူး။
လောကမှာ အချစ်စစ်ကို ရှာဖွေတဲ့အခါ ရွေးချယ်စရာတွေ အများကြီးရှိတဲ့ အထဲကနေ ကိုယ့်ကိုသာ ထပ်ခါတလဲလဲ ရွေးချယ်မယ့်သူ ကိုသာ ဘဝလက်တွဲဖော် အဖြစ် သတ်မှတ်ပါ။
ဘာလို့လဲ ဆိုတော့ သူဟာ ကိုယ့်ထက်သာတဲ့ တခြားသူတွေ သူ့အနား ရောက်လာတဲ့အခါ ကိုယ့်ကိုပဲ ရွေးချယ်မှာ မို့လို့ပါ။ သျှန်သျှန်လင်း
Zawgyi
ကိုယ့္ကိုေရြးခ်ယ္မယ့္သူ
တခါက မဟတၱမဂႏၵီကို ေကာင္မေလး တေယာက္က "ရွင့္ကို ကြၽန္မခ်စ္တယ္" လို႔ ေျပာေတာ့ ဂႏၵီက "ငါဟာ မင္းရဲ႕ အခ်စ္နဲ႔ မထိုက္တန္ပါဘူး။ ငါ့ရဲ႕ ေနာက္မွာ ရွိတဲ့ ငါ့ညီက ငါ့ထက္ ပိုႏုတယ္၊ ငါ့ထက္ ပိုၿပီး ေယာက္်ားပီသတယ္" တဲ့။
ဂႏၵီရဲ႕စကား ဆုံးတာနဲ႔ ေကာင္မေလးဟာ ဂႏၵီရဲ႕ အေနာက္ကို တခ်က္ လွည့္ၾကည့္ လိုက္တယ္။ ဒါေပမဲ့ ဘယ္သူ႔ကိုမွ မေတြ႕ခဲ့ဘူး။ အဲ့ဒီမွာ ဂႏၵီက ဒီလို ဆက္ေျပာလိုက္တယ္။
"မင္းသာ ငါ့ကို တကယ္ခ်စ္ရင္ အေနာက္ကို လွည့္ၾကည့္စရာ အေၾကာင္း မရွိဘူး" တဲ့။
ဂႏၵီေျပာတဲ့ စကားက သိပ္ကို ေလးနက္ပါတယ္။ ကြၽန္မတို႔ကို အေပၚယံေလး ခ်စ္ပါတယ္လို႔ ေျပာခဲ့တဲ့ သူေတြက ကြၽန္မတို႔ထက္ သာတဲ့သူကို ေတြ႕တဲ့အခါ ကြၽန္မတို႔ကို ထားရစ္ခဲ့ဖို႔ အမည္မသိတဲ့ အေၾကာင္းျပခ်က္ေတြ ေပးတယ္။ ၿပီးေတာ့ တတိယလူ ေနာက္ကို ေကာက္ေကာက္ ပါေအာင္ လိုက္သြားၾကတယ္။
တကယ္ေတာ့ သူသာ ကိုယ့္ကို တကယ္ခ်စ္ခဲ့ရင္ ေနာက္လူဆိုတာ ေပၚလာစရာအေၾကာင္း မရွိပါဘူး။ ေလာကမွာ အခ်စ္စစ္ကို ရွာေဖြတဲ့အခါ ေ႐ြးခ်ယ္စရာေတြ အမ်ားႀကီးရွိတဲ့ အထဲကေန ကိုယ့္ကိုသာ ထပ္ခါတလဲလဲ ေ႐ြးခ်ယ္မယ့္သူ ကိုသာ ဘဝလက္တြဲေဖာ္ အျဖစ္ သတ္မွတ္ပါ။
ဘာလို႔လဲ ဆိုေတာ့ သူဟာ ကိုယ့္ထက္သာတဲ့ တျခားသူေတြ သူ႔အနား ေရာက္လာတဲ့အခါ ကိုယ့္ကိုပဲ ေ႐ြးခ်ယ္မွာ မို႔လို႔ပါ။ သွ်န္သွ်န္လင္း
0 Comments