တခါက အရမ်း ချမ်းသာတဲ့ သူဌေးကြီး တယောက်က သူပိုင်တဲ့ ဇိမ်ခံသင်္ဘောကြီးကို စီးပြီးတော့ ခရီး ထွက်လာတယ်။

သာယာတဲ့ နေရာမှာ ရပ်ထားတုန်း လူငယ်တယောက် ငါးဖမ်းနေတာ တွေ့တယ်။ သူဌေးကြီးက စိတ်ဝင်တစား ကြည့်နေတယ်။

လူငယ်လေး က ငါး ၃၊ ၄ ကောင် ရတော့ ဆက်မဖမ်းတော့ပဲ အေးအေးဆေးဆေး အိပ်နေတာပေါ့။ ညနေစောင်းတော့ ငါးတွေ ယူပြီးတာ့ ပြန်တာပေါ့။ နောက်ရက်တွေလည်း အဲဒီလိုပဲ ပေါ့။

အဲဒါနဲ့ သူဌေးကြီးလည်း လှေငယ်လေးနဲ့ လူငယ်ဆီကို လာခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ မိတ်ဆက်ပြီးတော့ လူငယ်ကို မေးတယ်။ "မင်း ဘာလို့ တနေ့ကို ငါး ၃၊ ၄ ကောင် ရတာနဲ့ ဆက်မဖမ်းတော့ တာလဲ" လို့ ဘဝင်မကျတဲ့ လေသံနဲ့ မေးတယ်။

လူငယ်ကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ "ကျွန်တော် တနေ့စားဖို့ ရလို့ ဆက်မဖမ်းတော့တာလေ" လို့ ဖြေတယ်။ သူဌေးကြီးကလည်း "မင်းအနေနဲ့ ဆက်ဖမ်းသင့်တယ်။ ဒါမှ ငါးအများကြီး ရမှာပေါ့"

လူငယ်က "ငါး အများကြီး ဖမ်းပြီးတော့ ဘာလုပ်ရမှာလဲ" လို့ မေးတော့ သူဌေးကြီးက "ဈေးမှာ ရောင်းပေါ့ကွ။

အဲဒီလိုနဲ့ ပိုက်ဆံ စုပြီးတော့ ပိုက်ကွန်ဝယ်၊ ပိုက်ကွန်ဝယ်တော့ ငါးတွေ ပိုရမယ်၊ အဲ့ဒီငါးတွေကို ရောင်း ပိုက်ဆံ ထပ်စုပြီး လှေဝယ်။

ပြီးတော့ လှေနဲ့ ငါးလိုက်ဖမ်း။ ဒီလိုနဲ့ မင်း စက်လှေ ပိုင်လာမယ်။ စက်လှေနဲ့ ငါးတွေ လိုက်ဖမ်းနဲ့ မင်းလည်း ငါ့လို ချမ်းသာ လာ ပြီးတော့ ဇိမ်ခံသင်္ဘောတွေ ဝယ်လာနိုင်မယ်"

လူငယ်က မြက်ရိုးလေး ကိုက်ပြီးတော့ "ဇိမ်ခံသင်္ဘော ဝယ်ပြီးတော့ ဘာလုပ်ရမှာလဲ" လို့ ပြောတော့ သူဌေးကြီးက "ဟ ငါ့လို အပန်းဖြေ ပေါ့ကွ" လို့ ပြန်ပြောတယ်။

လူငယ်ကလည်း မြက်ခင်းပေါ် လှဲချလိုက်ရင်းနဲ့ သူဌေးကြီးကို စကားတခွန်း ပြန်ပြောခဲ့တယ်။ "ကျွန်တော် အခုရော ဘာလုပ်နေတယ် ထင်လို့လဲ" တဲ့။

ဘဝမှာ လူဖြစ်ရကျိုးနပ်ဖို့က ချမ်းသာနေမှ မဟုတ်ပါဘူး၊ ကိုယ့်ရနေတဲ့ ဘဝလေးကို ကျေနပ်တတ် ဖို့လည်း လိုပါသေးတယ်။ Crd