အစားအသောက်တွေ အများကြီးစားမိသွားလို့ လေ့ကျင့်ခန်းလုပ်ချိန်မရတော့တဲ့အခါမှာ သရဲရုပ်ရှင်တွေ၊ ထိတ်လန့်စရာရုပ်ရှင်တွေကို ကြည့်ရှုလိုက်ပါ။
Westminster တက္ကသိုလ်ရဲ့လေ့လာချက်တစ်ခုအရ ထိတ်လန့်စရာရုပ်ရှင်တွေ ကြည့်တဲ့အခါ ကယ်လိုရီတွေ လောင်ကျွမ်းကြောင်းတွေ့ရပါတယ်။
Westminster တက္ကသိုလ်က Dr.Richard Mackenzie က သုတေသနတစ်ရပ်ပြုလုပ်ခဲ့ပြီး မိနစ် ၉၀ ကြာ ကြောက်မက်ဖွယ်ရုပ်ရှင်တွေ ကြည့်ခြင်းက ၁၁၃ ကယ်လိုရီလောင်ကျွမ်းစေကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
အဲဒီကယ်လိုရီပမာဏက မိနစ် ၃၀ လမ်းလျှောက်တဲ့အခါ လောင်ကျွမ်းတဲ့ကယ်လိုရီပမာဏနဲ့တူညီပြီး ၁၅ မိနစ်ပြေးရင် လောင်ကျွမ်းတဲ့ကယ်လိုရီပမာဏနဲ့လည်း တူညီပါတယ်။
သုတေသနပညာရှင်တွေက ကြောက်မက်ဖွယ်ရုပ်ရှင်တွေကို မိနစ် ၉၀ စာကြည့်သူတို့ရဲ့ နှလုံးခုန်နှုန်း၊ ရှူသွင်းတဲ့အောက်ဆီဂျင်ပမာဏ၊ ရှူထုတ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏတို့ကို တိုင်းတာထားပါတယ်။ ထိတ်လန့်ဖွယ်ရုပ်ရှင်ကြည့်သူတွေမှာ နှလုံးခုန်နှုန်းက မြန်လာပါတယ်။
နှလုံးခုန်နှုန်းက မြန်လာပြီး adrenaline ဟော်မုန်းတွေကလည်း တလိပ်လိပ်များလာပါတယ်။ Adrenaline ဟော်မုန်းတွေ များလာတဲ့အခါမှာ စိတ်ဖိစီးမှုတွေ ခံစားလာရပြီး ကြောက်ရွံစိတ်တွေလည်း ဖြစ်လာပါတယ်။
ကြောက်ရွံ့စိတ်ဖြစ်ပေါ်နေတဲ့အချိန်မှာ အစားစားချင်စိတ်တွေလည်း လျော့ကျပြီး ဇီဝကမ္မဖြစ်စဉ်တွေ မြန်ဆန်လာပါတယ်။ အဲဒီကနေ ကယ်လိုရီတွေ များများလောင်ကျွမ်းလာပါတယ်။
ထိတ်လန့်စရာရုပ်ရှင်ကို မိနစ် ၉၀ ကြာကြည့်ရင် ပျမ်းမျှအားဖြင့် ၁၁၃ ကယ်လိုရီလောင်ကျွမ်းပါတဘ်။ ဒါပေမယ့် အချို့ထိတ်လန့်စရာရုပ်ရှင်တွေကို ကြည့်ရင် ကယ်လိုရီတွေ ပိုပြီး လောင်ကျွမ်းပါသေးတယ်။
1. The Shining - 184 calories
2.Jaws - 161 calories
3.The Exorcist - 158 calories
အဲဒီရုပ်ရှင် ၃ ကားကို ကြည့်ရင်တော့ ကယ်လိုရီတွေ ပိုပြီး လောင်ကျွမ်းကြောင်းတွေ့ရပါတယ်။
ဒီရုပ်ရှင် ၃ ကားကို ကြည့်တဲ့အချိန်မှာ နှလုံးခုန်နှုန်းတွေက မြန်လာပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေ ပိုထွက်ပါတယ်။ ကြောက်ရွံ့စိတ်တွေ ပိုဖြစ်လာစေတာကြောင့် ကယ်လိုရီတွေ များများလောင်ကျွမ်းတာပါ။
ဒီသုတေသနကတော့ လောင်ကျွမ်းတဲ့ကယ်လိုရီ ပမာဏပေါ်မူတည်ပြီး တွက်ချက်ထားတာပါ။ ဒါပေမယ့် ရုပ်ရှင်ကြည့်နေရင်းနဲ့ ကယ်လိုရီများတဲ့ ချောကလက်၊ ပေါက်ပေါက်၊ အချိုရည်တွေ သောက်မယ်ဆိုရင်တော့ ကယ်လိုရီက ပိုပြီးတော့တောင် တိုးလာဦးမှာပါ
Zombie (lovemedia)
0 Comments