ငှက်ကလေး၏ ကျောက်စရစ်ခဲများ

တခါတုန်းက ငှက်ကလေးတကောင် ရှိခဲ့တယ်။ သူဟာ လေထဲမှာ ပျံသန်းပြီး ပိုးကောင်လေး တွေကို ဖမ်းပြီး စားသုံးတယ်။ ငှက်ကလေးမှ အကျင့်တခု ရှိတယ်။

သူ့ဘဝမှာ တခုခု ဖြစ်လာတိုင်း သူက ကျောက်စရစ်ခဲလေး တလုံးပေါ်မှာ မှတ်ပြီး သယ်ဆောင်ထားလေ့ ရှိတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် မှတ်သား သယ်ဆောင် ထားတယ်။

လွတ်လပ်စွာ သွားလာ ပျံသန်းနေတာ ဖြစ်လို့ ကျောက်စရစ်လေး တွေကို မချန်ထားခဲ့ပဲ အမြဲ ကိုယ်နဲ့ မကွာ ဆောင်ထားတယ်။

ငှက်ကလေးဟာ သူ့ရဲ့ ကျောက်စရစ်ခဲလေးတွေကို သေချာ ခွဲထားပါတယ်။ ပျော်စရာ ကျောက်စရစ်ခဲလေးတွေ၊ ဝမ်းနည်းစရာ ကျောက်စရစ်ခဲတွေ စသဖြင့် ခွဲသိမ်းထား ပါတယ်။

အစပိုင်းတွေ မှာတော့ ငှက်လေးက လွတ်လပ်စွာ ပျံသန်းနိုင် ပါသေးတယ်။ အချိန်ကြာလာတာနဲ့ အမျှ ကျောက်စရစ်လေးတွေများလာပြီး ငှက်ကလေးဟာ အမြင့်ကို မပျံနိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းနဲ့ သူဟာ လုံးဝ မပျံသန်းနိုင်ပဲ မြေပေါ်မှာပဲ နေရပါတော့တယ်။

ဒါပေမယ့် ငှက်ကလေးက သူ့ရဲ့ အဖိုးတန် လှတဲ့ သူ့ရဲ့ မှတ်တမ်း ကျောက်စရစ်ခဲတွေကို စွန့်ပစ်ဖို့ လုံးဝ စိတ်မကူးခဲ့ ပါဘူး။

နောက်ဆုံးတော့ ငှက်လေးက ဆာလောင်မှုနဲ့ သေဆုံးသွားပါတယ်။ ငှက်ကလေး သေသွားတော့ ကျန်ရစ်ခဲ့တာတာက တန်ဖိုးမရှိတဲ့ ကျောက်စရစ်ခဲတွေပဲ ဖြစ်ပါတယ်။

တခါတရံမှာ ကျွန်တော်တို့တတွေ ဟာလည်း ပိုပြီး မြင့်မြင့်ပျံသန်းဖို့ အတွက် ဆိုရင် ဆုပ်ကိုင်ထားတဲ့ တချို့သော အရာတွေကို စွန့်လွှတ်ဖို့ လိုပါလိမ့်မယ်။ Crd

Zawgyi

ငွက္ကေလး၏ ေက်ာက္စရစ္ခဲမ်ား

တခါတုန္းက ငွက္ကေလးတေကာင္ ရွိခဲ့တယ္။ သူဟာ ေလထဲမွာ ပ်ံသန္းၿပီး ပိုးေကာင္ေလး ေတြကို ဖမ္းၿပီး စားသုံးတယ္။ ငွက္ကေလးမွ အက်င့္တခု ရွိတယ္။

သူ႔ဘဝမွာ တခုခု ျဖစ္လာတိုင္း သူက ေက်ာက္စရစ္ခဲေလး တလုံးေပၚမွာ မွတ္ၿပီး သယ္ေဆာင္ထားေလ့ ရွိတယ္။ ေကာင္းတာပဲျဖစ္ျဖစ္၊ မေကာင္းတာပဲ ျဖစ္ျဖစ္ မွတ္သား သယ္ေဆာင္ ထားတယ္။ လြတ္လပ္စြာ သြားလာ ပ်ံသန္းေနတာ ျဖစ္လို႔ ေက်ာက္စရစ္ေလး ေတြကို မခ်န္ထားခဲ့ပဲ အၿမဲ ကိုယ္နဲ႔ မကြာ ေဆာင္ထားတယ္။

ငွက္ကေလးဟာ သူ႔ရဲ႕ ေက်ာက္စရစ္ခဲေလးေတြကို ေသခ်ာ ခြဲထားပါတယ္။ ေပ်ာ္စရာ ေက်ာက္စရစ္ခဲေလးေတြ၊ ဝမ္းနည္းစရာ ေက်ာက္စရစ္ခဲေတြ စသျဖင့္ ခြဲသိမ္းထား ပါတယ္။

အစပိုင္းေတြ မွာေတာ့ ငွက္ေလးက လြတ္လပ္စြာ ပ်ံသန္းႏိုင္ ပါေသးတယ္။ အခ်ိန္ၾကာလာတာနဲ႔ အမွ် ေက်ာက္စရစ္ေလးေတြမ်ားလာၿပီး ငွက္ကေလးဟာ အျမင့္ကို မပ်ံႏိုင္ေတာ့ပါဘူး။ ဒီလိုနဲ႔ပဲ တျဖည္းျဖည္းနဲ႔ သူဟာ လုံးဝ မပ်ံသန္းႏိုင္ပဲ ေျမေပၚမွာပဲ ေနရပါေတာ့တယ္။

ဒါေပမယ့္ ငွက္ကေလးက သူ႔ရဲ႕ အဖိုးတန္ လွတဲ့ သူ႔ရဲ႕ မွတ္တမ္း ေက်ာက္စရစ္ခဲေတြကို စြန႔္ပစ္ဖို႔ လုံးဝ စိတ္မကူးခဲ့ ပါဘူး။ ေနာက္ဆုံးေတာ့ ငွက္ေလးက ဆာေလာင္မႈနဲ႔ ေသဆုံးသြားပါတယ္။ ငွက္ကေလး ေသသြားေတာ့ က်န္ရစ္ခဲ့တာတာက တန္ဖိုးမရွိတဲ့ ေက်ာက္စရစ္ခဲေတြပဲ ျဖစ္ပါတယ္။

တခါတရံမွာ ကြၽန္ေတာ္တို႔တေတြ ဟာလည္း ပိုၿပီး ျမင့္ျမင့္ပ်ံသန္းဖို႔ အတြက္ ဆိုရင္ ဆုပ္ကိုင္ထားတဲ့ တခ်ိဳ႕ေသာ အရာေတြကို စြန႔္လႊတ္ဖို႔ လိုပါလိမ့္မယ္။ Crd

Post a Comment

0 Comments