ယုံကြည်ချက်

အမေရိကန်နိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားရေး ပြင်းထန်နေတဲ့ ကာလတခုမှာပေါ့။ စိတ်ဆတ်လွန်းသော၊ ဒေါသကြီးသော၊ စည်းကမ်း ကြီးလွန်းသော လူဖြူ စက်ရုံပိုင်ရှင် သူဌေးဦးလေးနဲ့ တွေ့ဖို့ လူဖြူကောင်လေး တယောက် နေပူလွန်းတဲ့ နွေနေ့လည်ခင်းမှာ ထွက်လာခဲ့ပါတယ်။

ဦးလေးဆီရောက်တော့ သူ့ ရုံးခန်းထဲ ထိုင်စကား ပြောနေရပေမဲ့ သူအကူအညီ တောင်းလိုတဲ့ ကိစ္စကို သူ့ဦးလေးကို မပြောရဲ သေးပါဘူး။

ဦးလေးဖြစ်သူရဲ့ ဩဝါဒတွေကို နားထောင်ရင်း ရုံးခန်းအဝမှာ တစုံတယောက် မတ်တတ်ရပ်နေတာကို သူရော ဦးလေးဖြစ်သူပါ လှမ်းမြင်လိုက်ရပါတယ်။

လာရပ်နေတဲ့ သူကတော့ လူမည်း အစေခံမရဲ့ ၁၀ နှစ်အရွယ် သမီးဘဲ ဖြစ်ပါတယ်။ အဲ့လို တွေ့လိုက်တော့ ဦးလေးဖြစ်သူက "ဟဲ့ ကလေးမ သွား၊ ကိုယ်နေရာ ကိုယ်သွားနေ" ဆိုပြီး ငေါက်ထုတ်လိုက်ပြီး သူ့စကား သူ ဆက်ပြောနေပါတယ်။

ခဏကြာတဲ့အထိ ဆက်ပြောရင်း သတိရလို့ ကြည့်လိုက်တော့ ကလေးမလေးက ရုံးခန်းဝမှာ ရပ်နေဆဲပါ။ အဲ့အချိန် ဦးလေး ဖြစ်သူက "ဟဲ့ နင် မသွားသေးဘဲ ဘာရပ်လုပ်နေတာလဲ သွားတော့" လို့ ပြောလိုက်ပြန်တယ်။

ထိုအခါ လူမည်း ကလေးမလေးက "အမေက ဦးကြီးဆီက ပိုက်ဆံငါးမူး တောင်းခဲ့လို့ မှာလိုက်လို့ပါ" လို့ ပြန်ပြောတယ်။

ဒါကို ဦးလေး ဖြစ်သူက "ဟဲ့ ကလေးမသွား ငါနင့်ကို ဘာပိုက်ဆံမှ မပေးနိုင်ဘူး" ဆိုပြီး ငေါက်ထုတ်လိုက်ပါတယ်။

ဦးလေး က ကလေးမကို ငေါက်ထုတ်ပြီး ကျွန်တော်နဲ့ စကား ဆက်ပြောနေရင်း အခီန် တခုကြာတဲ့ အခါ တံခါးဝ ကြည့်မိတော့ ကလေးမလေးက ရပ်နေဆဲပါ။

အဲ့အချိန်မှာ ဦးလေးဖြစ်သူဟာ ဒေါသအတော် ထွက်သွားပြီး သူရဲ့ လမ်းလျှောက်တုတ်ကို ဆွဲကိုင် ပြေးထွက်သွားရင်း "ငါ မပေးနိုင်ဘူး ပြောထားတာကို မသွားသေးတဲ့ နင်တော့" လို့ အော်ဟစ်ရင်း တုတ်ကို မြှောက်ကာ ကလေးမလေးဆီ အပြေးတပိုင်းနဲ့ သွားနေပါတယ်။

ဦးလေးရဲ့ ဒေါသကို သိတဲ့ ကျွန်တော်ဟာ ကလေးမလေး ဖြစ်လာမဲ့ အဖြစ်အပျက်အတွက် စိုးရိမ် ထိတ်လန့်နေ ပါပြီ။

အဲ့အချိန် ကလေးမလေး လုပ်လိုက်တာ ကတော့ ရပ်နေရာကနေ ရှေ့ကို တိုးထွက်ကာ ဦးလေးမျက်နှာကို စေ့စေ့ကြည့်ပြီး ရဲရဲဝံ့ဝံ့ ပြောလိုက်ပါတော့တယ်။

"အမေက ဦးလေးဆီက ပိုက်ဆံ ငါမူး တောင်းခဲ့ပါတဲ့"

အဲ့စကား ကြားလိုက်ရတဲ့ တုတ်ကိုင်မြှောက်ထားတဲ့ စက်ရုံပိုင်ရှင် လူဖြူသူဌေးကြီး တုံ့ကနဲ ရပ်သွားရင်း ကလေးမလေးရဲ့ အကြည့်ကို ပြန်ကြည့်ရင်း ခဏတာမျှ ငြိမ်သွားပြီးနောက် တုတ်ကိုင်ထားတဲ့ လက်က ပြန်ကျလာပြီး အိပ်ကပ်ထဲက ပိုက်ဆံ ငါမူးကို ယူပြီး ကလေးမလေးကို ပေးလိုက်ပါတယ်။

အဲဒီပုံပြင်လေးက သင်တို့ကို ခွန်အားတစုံတရာနဲ့ အတွေး တစုံတရာရမယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။ ပြည်သူအားလုံး ချမ်းမြေ့ပါစေ။ တောင့်တ အပ်သော ကောင်းကျိုးဆန္ဒတွေ ပြည့်စုံပါစေ။ Crd

Post a Comment

0 Comments