တခါတုန်းက လယ်သမားတယောက်ဟာ နှစ်စဉ် သီးနှံပြိုင်ပွဲကို ဝင်ပြိုင်တယ်။ ထူးခြားတာက သူဝင်ပြိုင်တိုင်း သူဟာ ပထမဆုပဲ ရသတဲ့။
တနှစ်မှာတော့ သတင်းသမား တယောက်က လယ်သမားကြီးကို ဒီလို ပြောင်းဖူး အရည်အသွေး ကောင်းအောင် ဘယ်လိုစိုက်သလဲ ဆိုပြီး အင်တာဗျူး လာမေးသပေါ့။ ဒီလို အင်တာဗျူးရင်းနဲ့ စိတ်ဝင်စားစရာ အချက်တခုကို သိလာခဲ့ မိတယ်။
လယ်သမားကြီးဟာ သူ့ပြောင်းမျိုးစေ့တွေကို ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အမြဲလိုလို ဝေမျှ ပစ်နေတယ် ဆိုတာပါပဲ။ တအံ့တသြနဲ့ အင်တာဗျူး လုပ်သူဟာ လယ်သမားကြီး ကိုမေးခဲ့တယ်။
"ဘာလို့ ဒီလောက် ပြောင်းမျိုးကောင်း မျိုးသန့်တွေကို ကိုယ့်စိုက်ခင်း မဟုတ်တဲ့ ဘေးက စိုက်ခင်းတွေဆီ လျှောက်ဝေရသလဲခင်ဗျ။ ခင်ဗျား ဆုံးရှုံးတာပေါ့"
"မဟုတ်တာဗျာ" လို့ လယ်သမားကြီးက ရယ်လျက် ပြန်ဖြေတယ်။ လယ်သမားကြီးက ဆက်ပြောတယ်။ "ပြောင်းမှည့်ပြီ ဆိုတာနဲ့ ထွက်လာတဲ့ ဝတ်မှုန်တွေကို လေတိုက်တဲ့အခါ လေက သယ်ဆောင်သွားတယ် မဟုတ်လား။
ဒီတော့ ခင်ဗျား စဉ်းစားကြည့်၊ ကျုပ်ပတ်ဝန်းကျင်မှာသာ မျိုးမသန့်တဲ့ ပြောင်းတွေ စိုက်နေခဲ့ရင် ကျုပ်အနေနဲ့ မျိုးကောင်း ဘယ်လောက်ပဲ စိုက်စိုက် ဝတ်မှုန်ကူးတာ များလာတာနဲ့ အမျှ ကျုပ်ပြောင်း အရည်အသွေးပါ မကျပေဘူးလား။
ဒီတော့ ကျုပ်ပြောင်း အရည်အသွေး ကောင်းဖို့ ပတ်ဝန်းကျင် မျိုးကောင်းဖို့လည်း လိုပြီလား မိတ်ဆွေရယ်"
ဒီကနေရတဲ့ သင်ခန်းစာကတော့ ကိုယ်ကောင်းဖို့ အတွက် ကိုယ်တိုင်ပြုပြင် အားထုတ်ရသလို ပတ်ဝန်းကျင်ကိုလဲ မျိုးကောင်းတွေ ကြဲပေးဖို့ လိုပါလိမ့်မယ်။
ပတ်ဝန်းကျင် မျိုးညံ့နေတဲ့ အခါမှာတော့ ကိုယ်ဘယ်လောက်ပဲ ကောင်းအောင် လုပ်နေ လုပ်နေ ပတ်ဝန်းကျင် သတ်လို့ သေတဲ့အထိကို ဖြစ်နိုင်ပါတယ်။
ပြောချင်တာကတော့ သင်ကောင်းအောင် လုပ်ပါ။ နောက်ပြီး သင့်ပတ်ဝန်းကျင် ကိုလည်း ကောင်းအောင် လုပ်ပေးပါ။ လွမ်း
0 Comments