အဲ့ဒီအကြံ ဘယ်သူက ပေးတာလဲ

တရက်မှာ သူဌေးကြီး အားလ်ရှောက ကျွန်တော့်ကို အခုလို မေးခွန်း မေးလိုက်တယ်။

"James မင်း ငါ့ဆီမှာ အလုပ် လုပ်နေတာ ဘယ်လောက် ကြာပြီလဲ"

ကျွန်တော်က "၆ နှစ် ရှိပါပြီ" လို့ ပြောလိုက်တယ်။ သူက ထပ်မေးတယ်။

"အလုပ် လုပ်ရတာ အဆင်ပြေရဲ့လား။ လခရော လောက်ရဲ့လား"

"အလုပ်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ လခ ကတော့ စားလောက် သောက်လောက်ရုံ ပါဘဲ"

ဒီတော့ အားရှောလ်က "ဒါဆိုရင် မင်း ဒီအလုပ် ဆက်မလုပ်ပါနဲ့တော့ကွာ။ ၆ နှစ်ဆိုတဲ့ အချိန်ဟာ မင်း ဒီအလုပ်နဲ့ မကြီးပွားနိုင်ဘူး ဆိုတာကို သက်သေပြဖို့ လုံလောက်တဲ့ အချိန်ဘဲကွ" လို့ ပြောလိုက်ပါတယ်။

ခဏလေး ကြာတော့ သူက မေးခွန်းတခု မေးပြန်ပါတယ်။ "ဒါနဲ့ အဲ့ဒီအကြံ မင်းကို ဘယ်သူပေးတာလဲ" တဲ့။

ကျွန်တော် ရုတ်တရက် ကြောင်သွားတယ်။ သူ့မေးခွန်းကို အသေအချာ ပြန်စဉ်းစားတယ်။ စဉ်းစားရင်း ကျွန်တော့် ခေါင်းထဲမှာ ခုလို အတွေးတခု ပေါ်လာတယ်။

ဟုတ်တယ်။ ငါ ဒီအလုပ် လုပ်လာတာ ၆ နှစ် ရှိသွားပြီ။ ပိုက်ဆံ စုမိတာ မရှိတဲ့ အပြင် အကြွေးတောင် တင်နေသေးတယ်။ ဒီအကြံကို ငါ ဘယ်သူ့ဆီက ယူမိတာပါလိမ့်။

၆ နှစ် လုပ်ပြီးလို့ ဘာမှ မစုမိဘူး ဆိုတော့ နောက် အနှစ် ၂၀ ဆက်လုပ်လို့ကော ငါကြီးပွား ချမ်းသာနိုင်ပါ့မလား။ ဒီတော့ ငါဘာလုပ်သင့်လဲ။ အဲ့ဒီနေ့မှာပဲ ကျွန်တော့် ဘဝကို အပြောင်းအလဲ လုပ်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

မိတ်ဆွေတို့ တကယ် ချမ်းသာချင်ရင် မဖြစ်မနေကို ကြုံတွေ့ရမယ့် ဒုက္ခကို ကြောက်လို့ ရှောင်လို့ မရပါဘူး။ တည့်တည့်တိုး ရင်ဆိုင်ကြတာပေါ့ဗျာ။ အမှောင်ရှိလို့သာ အလင်းရဲ့ တန်ဖိုးကို နားလည်တာပါ။ ဒုက္ခရှိမှ ပျော်ရွှင်မှုကို ခံစားတတ်မှာပါ။

ရွှေဘုံနန်းထက်က သူဌေးသားလို လိုတရ ဖြစ်နေရင်လည်း ဘဝရဲ့ အရသာကို သိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ ချမ်းသာချင်ရင် ကိုယ့်မှာ ရှိသမျှ ဉာဏ်ထုတ်ပြီး ချမ်းသာဖို့ ပြင်ဆင်လိုက်ကြရအောင်လား။

ယုံမရှိပါနဲ့။ အခု ဒီစာဖတ်နေသူ မိတ်ဆွေများ ခင်ဗျား အရင်တုန်းကလည်း ချမ်းသာဖို့ ဘာတွေ ရင်ဆိုင်ရမယ်၊ ဘာညာဖြစ်ရမယ်၊ တခြားစာတွေလည်း ဖတ်ထားလွန်းလို့ နားရည်ဝနေပေမဲ့ ဒုံရင်းက ဒုံရင်းဘဲ ဖြစ်နေတဲ့ ကိုယ့်ရဲ့ စိတ်ကို ပြောင်းလဲဖို့ သက်တောင့်သက်သာ မရှိတဲ့ အရာကနေ စလိုက်ကြရအောင်ဗျာ။

ကျွန်တော်ချမ်းသာချင်တယ်ဘဲ ထိုင်မအော်၊ စကားကြီး စကားကျယ်တွေ မပြောဘဲ၊ အလုပ်နဲ့ဘဲ သက်သေပြရအောင်ပါ။ Crd

Post a Comment

0 Comments