အသက် ၄၂ နှစ်အရွယ်ရှိပေမယ့် ဆယ်ကျော်သက်တစ်ယောက်လို နုပျိုနေတဲ့ အမျိုးသမီးရဲ့လျှို့ဝှက်ချက်

ရှေးခေတ်တုန်းက အချို့နိုင်ငံတွေမှာ အမျိုးသမီးတွေက အသားအရေနုပျိုဖို့အတွက် ဆီး၊ မိကျောင်းရဲ့မစင်ကို အသုံးပြုခဲ့ကြသလို ခန္ဓာကိုယ်လှပဖို့အတွက်လည်း ထူးထူးဆန်းဆန်းအရာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ယနေ့ခေတ်မှာတော့ ရှိရင်းစွဲ အသက်အရွယ်ထက် နုပျိုအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းပေါင်းများစွာ ထွန်းကားနေပါပြီ။

ဒီအသက် ၄၂ နှစ်အရွယ်အမျိုးသမီးကတော့ ဆယ်ကျော်သက်တစ်ယောက်လို နုပျိုလှပနေတဲ့လျှို့ဝှက်ချက်တွေကို ဖော်ပြထားပါတယ်။

Amber လို့ခေါ်တဲ့ အသက် ၄၂ နှစ်အရွယ်အမျိုးသမီးက သူမရဲ့အလှကြောင့် နာမည်ကျော်ကြားခဲ့သူတစ်ယောက်ပါ။

Amber ကို ၁၉၈၀ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ အမေရိကန်မော်ဒယ်၊ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ပြီး အိမ်တွင်းအလှဆင်လုပ်ငန်းကိုလည်း လုပ်ကိုင်ပါတယ်။


Amber က အသက် ၃၉ နှစ်အရွယ်မှာ သားတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ သားဖြစ်သူကို ကိုယ်ဝန်ဆောင်ထားချိန်မှာ ရောဂါအချို့ကို ခံစားခဲ့ရပြီး ရောဂါပျောက်ကင်းသွားခဲ့ပါတယ်။


Amber တစ်ယောက် ရောဂါဖြစ်တဲ့အချိန်မှာမှ သူမရဲ့ပရိသတ်တွေက Amber ရဲ့အသက်အမှန်ကို သိရှိသွားပြီး အရမ်းကို အံ့ဩသွားခဲ့ကြပါတယ်။


Amber က အသက်အမှန်ကို ဖွင့်ပြောပြပေမယ့် ပရိသတ်တွေက မယုံကြည်နိုင်ခဲ့ကြပါဘူး။


Amber ရဲ့ instagram မှာ follwer ပေါင်း ၄၀၀၀၀၀ ရှိပြီး သူမရဲ့အသက်ကို ၂၅ နှစ် သို့မဟုတ် ဆယ်ကျော်သက်အရွယ်ပဲ ရှိလောက်မယ်လို့ ပရိသတ်တွေက ခန့်မှန်းကြပါတယ်။ နောက်ပိုင်းမှာမှ Amber ရဲ့အသက်အမှန်ကို ဗွီဒီယိုလေးတစ်ခုနဲ့ ဖော်ပြခဲ့တာပါ။


Amber ရဲ့အသက်အမှန်ကို သိပြီးနောက်မှာ ပရိသတ်‌‌တွေက ဆယ်ကျော်သက်တစ်ယောက်လို နုပျိုနေရတဲ့လျှို့ဝှက်ချက်တွေကို ပြောပြဖို့ တောင်းဆိုခဲ့ပါတယ်။


Amberက နုပျိုနေဖို့အတွက် tretionin ခရင်မ်ကို အသုံးပြုကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် tretionin ခရင်မ်က အသားအရေတိုင်းနဲ့ မသင့်တော်ဘဲ သုံးမယ်ဆိုရင် အရေပြားဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပြီးမှ သုံးသင့်ကြောင်းကို Amberက အကြံပေးထားပါသေးတယ်။ Amber က tretionin ခရင်မ်ကို အသုံးပြုခဲ့တာ ၁၅ နှစ်ကျော်သက်တမ်းရှိနေပါပြီ။


သူမ နောက်ထပ်အသုံးပြုတာတွေကတော့ vitamin C serum, petrolatum ပါဝင်တဲ့ moisturizer, နှုတ်ခမ်း၊ လက်‌၊ ခြေထောက်တို့မှာပါ အသုံးပြုနိုင်တဲ့ sealant ခရင်မ်တို့ ဖြစ်ပါတယ်။ Amber ကို အရမ်းနုပျိုတာကြောင့် သူမရဲ့ပရိသတ်တွေက vampire လို့ နာမည်ပြောင်ပေးထားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments