အိမ်မွေးတိရစ္ဆာန်လေးတွေ ဦးခေါင်းနဲ့နံရံကို ဖိကပ်ထားရတဲ့အကြောင်းအရင်း (၇) ခု

အိမ်မွေးတိရစ္ဆာန်လေးတွက ထူးဆန်းတဲ့အပြုအမူတွေကို ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် လူအများစုကတော့ သူတို့ရဲ့အပြုအမူတွေကို နားမလည်ကြပါဘူး။

အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အချို့သော အပြုအမူတွေက ချစ်စရာကောင်းပြီး အန္တရာယ်လည်း မရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေက ခေါင်းနဲ့ နံရံကို ဖိကပ်ထားတယ်ဆိုရင်တော့ မပေါ့ဆသင့်ပါဘူး။

ခွေးလေးတွေ၊ ကြောင်လေးတွေက ခေါင်းနဲ့နံရံ ကပ်ထားတတ်တာကို သင်မကြာခဏ တွေ့ဖူးနိုင်ပါတယ်။ တစ်ခါတရံ ခေါင်းနဲ့ ကြမ်းပြင်နဲ့ ကပ်နေတတ်ပါတယ်။ ဒီအပြုအမူက ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်။

၁။ ဦးနှောက်ကစဉ့်ကလျားဖြစ်ခြင်း

ခွေးလေးရဲ့ဦးနှောက်ထဲမှာ တစ်ခုခုရောင်ရမ်းနေတဲ့အခါ ခေါင်းနဲ့ နံရံကို ကပ်ထားတတ်ပါတယ်။ ခွေးပေါက်စလေးတွေနဲ့ သက်လတ်ပိုင်းအရွယ်ခွေးတွေမှာ ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များပါတယ်။

ကြောင်တွေမှာတော့ ဦးနှောက်ပတ်သက်တဲ့ ရောဂါက အဖြစ်နည်းပါတယ်။ နံရံနဲ့ခေါင်းနဲ့ မကြာခဏထိကပ်နေပြီး အားနည်းတာ၊ ဖျားတာ၊ ကိုယ်အလေးချိန်ကျတာတို့ ဖြစ်ပေါ်လာတဲ့အခါ ဆရာဝန်နဲ့ ပြသပေးသင့်ပါတယ်။

၂။ ဇီဝတွင်းဖြစ်ပျက်မှု မမှန်ကန်ခြင်း

ဇီဝတွင်းဖြစ်ပျက်မှု မမှန်ကန်တာကြောင့် ခန္ဓာကိုယ်တွင်းက အင်္ဂါတစ်ခုခုမှာ ရောဂါဖြစ်နေိုင်ပါတယ်။ အချို့သော ရောဂါတွေက မျိုးရိုးလိုက်ပြီး ဖြစ်ပေါ်တတ်ပါတယ်။ ခွေးတွေမှာရော ကြောင်တွေမှာပါ ဆီးချိုရောဂါနဲ့ သိုင်းရွိုက်ရောဂါဖြစ်ပွားနိုင်ပါတယ်။

၃။ ဦးခေါင်းထိခိုက်ခြင်း

ခွေးလေးတွေ၊ ကြောင်လေးတွေက ယာဉ်တွေနဲ့ မတော်တဆတိုက်မိပြီး ဦးခေါင်းဒဏ်ရာရသွားပါတယ်။ ခွေးအချင်းချင်း ရန်ဖြစ်ပြီးတော့လည်း ဦးခေါင်းမှာ ဒဏ်ရာတွေ ရလာပါတယ်။ အဲဒီအခါမှာ နာကျင်မှုဒဏ်ကြောင့် ဦးခေါင်းနဲ့ နံရံကို ကပ်ထားတတ်ကြပါတယ်။

၄။ အသည်းပြဿနာ

အိမ်မွေးတိရစ္ဆာန်တွေမျာ အသည်းနဲ့ပတ်သက်ပြီး ပြဿနာဖြစ်တဲ့အခါ ပိုင်ရှင်အများစုက သတိမထားမိတတ်ကြပါဘူး။ ခွေးတွေမှာ အသည်းရောင်ရောဂါ၊ ဆီးချိုရောဂါ၊ Cushing ရောဂါတို့ အဖြစ်များပါတယ်။

ကြောင်တွေမှာတော့ အသည်းအဆီဖုံးတာ၊ ဝမ်းတွင်းမြှေးရောင်တာ၊ သွေးကင်ဆာဖြစ်တာ စတဲ့ ပြင်းထန်တဲ့ရောဂါတွေဖြစ်လေ့ရှိပါတယ်။ အဲဒီလိုအခြေအနေတွေမှာ အိမ်မွေးတိရစ္ဆာန်တွေက ခေါင်းနဲ့ နံရံကို ကပ်ထားတတ်ကြပါတယ်။

၅။ အာရုံကြောပြဿနာ

အိမ်မွေးတိရစ္ဆာန်လေးတွမှာလည်း အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားလေ့ရှိပါတယ်။ အဆိပ်မိတာ၊ အာဟာရချို့တဲ့တာ၊ မျိုးရိုးလိုက်ရောဂါ စတဲ့အခြေအနေတွေကြောင့် အမြင်အာရုံမကောင်းတာ၊ မကြာခဏမျက်တောင်ခတ်တာ၊ ဒေါသကြီးတာတို့ ဖြစ်ပေါ်ပါတယ်။ အဲဒီအခါ နံရံတစ်ခုမှာ ဦးခေါင်းကို မှီထားပြီး အနားယူတတ်ကြပါတယ်။

၆။ ဦးနှောက်အကျိတ်

အသက်ကြီးတဲ့ခွေးတွေ၊ ကြောင်တွေမှာ ဦးနှောက်အကျိတ်ပိုဖြစ်ပါတယ်။ လမ်းလျှောက်တဲ့ပုံစံမမှန်တာ၊ မှိုင်တွေနေတာ၊ အသက်ရှူမဝတာ၊ ခန္ဓာကိုယ်နာကျင်တာ၊ ကိုယ်အလေးချိန်အရမ်းကျသွားတာ စတဲ့လက္ခဏာတွေ ဖြစ်ပေါ်လာတဲ့အခါ ဆရာဝန်နဲ့ မြန်မြန်ပြသသင့်ပါတယ်။

၇။ အဆိပ်မိခြင်း

ခွေးလေးတွေ ဦးခေါင်းနဲ့ နံရံကို ကပ်ထားရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အဆိပ်မိလာတာကြောင့်ပါ။ သူတို့နဲ့မတည့်တဲ့ လူအစားအစာတွေကို စားမိတာ၊ ဆေးတွေကို သောက်လာမိတာ၊ မတည့်တဲ့အပင်တွေကို စားလာမိတာ စတဲ့အခြေအနေတွေမှာ ခွေးလေးတွေက အန်ပြီး ခေါင်းနဲ့နံရံကိုကပ်ထားတတ်ကြပါတယ်။

Bonus

ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ မူမမှန်တဲ့အခြေအနေတွေကို သတိထားမိတဲ့အခါ ဆရာဝန်ဆီကို မြန်မြန်ပြသသင့်ပါတယ်။

ဒါ့အပြင် သူတို့စားတဲ့အစားအစာ၊ ကိုယ်အလေးချိန်၊ အပြုအမူတွေကိုလည်း အမြဲတမ်းစောင့်ကြည့်နေသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments