ကလေးတွေက တဖြည်းဖြည်းကြီးပြင်းလာတာနဲ့အမျှ သင်္ချာအပေါ်မှာ စိတ်ဝင်စားမှုတွေက လျော့နည်းလာပါတယ်။ အဲဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက သင်္ချာကို စိတ်ဝင်စားအောင်ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ လှေကားကို အသုံးပြုပါ။
ကလေးတွေနဲ့အတူ လှေကားတက်တဲ့အခါတိုင်း လှေကားတွေကို အတူတူရေတွက်ပါ။ ကလေးတွေက ရေတွက်တာကို သင်္ချာလို့ နားမလည်သေးပေမယ့်လည်း ဒီနည်းနဲ့ သင်ကြားပေးနိုင်ပါတယ်။ ဒါ့အပြင် လှေကားကို အဆင့်ကျော်တက်ပြီးတော့လည်း ဂဏန်းရေတွက်ပုံတွေကို ပြောပြပေးနိုင်ပါတယ်။
၂။ မိုနိုပိုလီဆော့ပါ။
ကလေးတွေက ကစားတဲ့အခါ ရှုံးတာကို မကြိုက်ပါဘူး။ မိုနိုပိုလီကစားတဲ့အခါမှာ နိုင်ဖို့ဆိုရင် အိမ်တွေ၊ ဟော်တယ်တွေကို ဝယ်ရပါတယ်။ အဲဒီအခါ ပိုက်ဆံတွေကို ရေတွက်ရပါတယ်။
မိုနိုပိုလီကစားခြင်းဖြင့် ကလေးတွေက သင်္ချာရဲ့အရေးပါပုံကို သိရှိလာပြီး အပေါင်းအနုတ်တွေ ကျွမ်းကျင်လာပါတယ်။
၃။ သင်္ချာက ကြောက်စရာမကောင်းကြောင်း ပြောပြပါ။
ကလေးတွေက သင်္ချာနဲ့ပတ်သက်တဲ့ပြဿနာတွေကို မိဘတွေကို မေးမြန်းလေ့ရှိပါတယ်။ အဲဒီအခါ သင်္ချာက ကြောက်စရာမကောင်းဘဲ ပျော်စရာကောင်းကြောင်း ပြောပြပေးပါ။
မိဘတွေက သင်္ချာကို ကြောက်တယ်လို့ ကလေးတွေက ထင်သွားတဲ့အခါ နောက်ပိုင်းမှာ သင်္ချာနဲ့ပတ်သက်ပြီး ပူပန်မှုတွေ ဖြစ်လာစေမှာပါ။
၄။ သင်္ချာကို နေ့စဉ်ဘဝမှာ မရှိမဖြစ်အသုံးပြုရကြောင်း ရှင်းပြပါ။
သင်္ချာက ကျောင်းစာတစ်ခုတည်းပဲ မဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာလည်း သင်္ချာက အမြဲတမ်းပါဝင်နေပါတယ်။ စတိုးဆိုင်တွေ ရောက်တဲ့အခါမှာ ငွေရေတွက်ပုံ၊ ပစ္စည်းရေတွက်ပုံ၊ ကားမောင်းတဲ့အခါ အရှိန်နှုန်းတွေကို ရေတွက်ပုံ၊ အရုပ်ဝယ်ရာမှာ လျှော့ဈေးကို ရေတွက်ပုံစတဲ့အရာတွေနဲ့ သင်္ချာနဲ့ မပြတ်ထိတွေ့ပေးနိုင်ပါတယ်။
၅။ အကွာအဝေးတိုင်းတာမှုတွေအကြောင်း ပြောပြပေးပါ။
ကလေးတွေက အဆောက်အဦးတွေ ဆက်ရတဲ့ အရုပ်တွေကို သဘောကျလေ့ရှိပါတယ်။ ဒီလိုအရုပ်တွေကို ကစားရင်းနဲ့ ပိုပြီး တွေးခေါ်တတ်လာပါတယ်။
အကွာအဝေးတိုင်းတာမှုတွေ၊ တိကျမှုတွေ၊ ရွေ့လျားမှုတွေအကြောင်းကို လက်တွေ့ပြုလုပ်တဲ့နည်းနဲ့ ပိုမိုနားလည်လာပါတယ်။
၆။ ဒိုးဆက်ဆော့ပါ။
ဒိုးဆက်ကစားရတာက အရမ်းပျော်စရာကောင်းပါတယ်။ ဒိုးဆက်ကစားတဲ့အခါမှာလည်း ကိန်းဂဏန်းတွေကို အသုံးပြုရပါတယ်။ ဒိုးဆက်ကစားတဲ့နည်းနဲ့ ကလေးတွေက သင်္ချာကို မကြောက်တော့ပါဘူး။
၇။ သင်္ချာပဟေဠိ
ရိုးရိုးအပေါင်းအနုတ်ပုစ္ဆာတွေအပြင် ခက်ခဲတဲ့ပုစ္ဆာတွေကိုလည်း ကလေးတွေက သဘောကျလေ့ရှိပါတယ်။ ခက်ခဲတဲ့သင်္ချာအပေါင်းအနုတ်ပုစ္ဆာတွေက ကလေးတွေကို ပိုမိုတွေးခေါ်တတ်လာစေပြီး ပြဿနာတွေကို လျင်လျင်မြန်မြန်နဲ့ စနစ်တကျဖြေရှင်းတတ်လာစေပါတယ်။
Zombie (lovemedia)
0 Comments