ဆောင်းရာသီမှာ လူတွေက အိမ်ထဲမှာပဲ ပိုပြီးတော့အနေများလာပါတယ်။ ဆောင်းရာသီမှာ တိုက်ခတ်တဲ့လေ၊ အေးစက်စက်အပူချိန်တို့ကြောင့် စိတ်ထဲမှာ စိတ်ဓာတ်ကျသလို ခံစားလာရတတ်ပါတယ်။
ဆောင်းရာသီရောက်တိုင်း စိတ်ဓာတ်ကျသလို ခံစားရတာကို အနိုင်ယူနိုင်ဖို့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဖုန်းအသုံးပြုတာကို လျှော့ချပါ။
ဖုန်း၊ တက်ဘလက်တို့ကနေ ထွက်တဲ့အပြာရောင်အလင်းတန်းတွေနဲ့ အချိန်ကြာကြာထိတွေ့တဲ့အခါမှာ စိတ်ပင်ပန်းသလို၊ စိတ်အားငယ်သလို ခံစားချက်တွေ ဖြစ်ပေါ်လာပါတယ်။
ဖုန်းအပြင် ကွန်ပျူတာ၊ တီဗွီ၊ e-reader တို့ကနေ ထွက်တဲ့ အပြာရောင်အလင်းတန်းတွေကလည်း အတူတူပါပဲ။ မအိပ်ခင်တစ်နာရီအလိုခန့်ကတည်းက ဖုန်းကို အသုံးမပြုသင့်တော့ပါဘူး။
၂။ အဝတ်အစားအသစ်တွေကို ဝတ်ဆင်ပါ။
အိမ်ထဲမှာနေပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဖြစ်တာက စိတ်ဓာတ်ကျစေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ အိမ်ထဲမှာနေပေမယ့်လည်း အသားအရေထိန်းသိမ်းတာ၊ အလှပြင်တာ၊ ဆံပင်ကိုပြင်ဆင်တာ
အဝတ်အစားအသစ်တွေကို ထုတ်ဝတ်တာတို့ ပြုလုပ်ပေးတဲ့အခါ စိတ်က အပြောင်းအလဲဖြစ်ပေါ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိလှပနေရင် စိတ်အားတွေလည်း တက်လာစေပါတယ်။
၃။ အကကပါ။
ခံစားချက်တွေကို စကားလုံးတွေနဲ့ မဖော်ပြနိုင်တဲ့အခါမှာ သီချင်းဖွင့်ပြီး ကလိုက်ပါ။ အကကခြင်းက ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလုပ်ပြီးသားလည်း ဖြစ်စေသလို စိတ်အားလည်း တက်ကြွလာစေပါတယ်။
အကကတဲ့အခါမှာ ပျော်ရွှင်စေတဲ့ဟော်မုန်း endorphins ထွက်ပါတယ်။ အကကတာက ပျင်းရိငြီးငွေ့နေတာကိုလည်း လျော့သွားစေပါတယ်။
၄။ Vision borad ပြုလုပ်ပါ။
Vision borad ဆိုတာကတော့ သင့်ရဲ့စိတ်ကူးအိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် လိုချင်တဲ့ဆန္ဓတွေကို ဓာတ်ပုံ၊ စာသားအနေနဲ့ ထုတ်ပြီး ကတ်ပြားပေါ်မှာ ကပ်ထားတာပါ။
Vision borad ပေါ်က အနာဂတ်ရည်မှန်းချက်တွေကို တွေ့တိုင်း ကြိုးစားချင်စိတ်တွေက ပိုဖြစ်ပေါ်လာမှာပါ။ Vision borad ပြုလုပ်တာကလည်း စိတ်ဓာတ်ကျနေတာတွေကို ကုစားပေးနိုင်ပါတယ်။
၅။ အခန်းကို ရှင်းလင်းပါ။
အခန်းက ရှုပ်ပွနေတဲ့အခါမှာ ပင်ပန်းပြီး ပျင်းရိသလို ခံစားရေတတ်ပါတယ်။ အဲဒါကြောင့် အခန်းကို ရှင်းပြီး ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ထားလိုက်ပါ။
မလိုအပ်တဲ့အမှိုက်တွေကို လွှင့်ပစ်လိုက်တာက စိတ်ထဲမှာ ပေါ့ပါးသွားသလို ခံစားရစေပါတယ်။ ဒါ့အပြင် အခန်းက သန့်ရှင်းနေတဲ့အခါ စိတ်လည်း ကြည်လင်နေမှာပါ။
၆။ ဆိုရှယ်မီဒီယာ အသုံးပြုတာတွေကို ခဏနားလိုက်ပါ။
ဆိုရှယ်မီဒီယာမှာ လူတွေက ကောင်းတဲ့အချက်၊ ပြည့်စုံတဲ့အချက်တွေကိုပဲ ရွေးချယ်ပြီး တင်လေ့ရှိကြပါတယ်။ ဆိုရှယ်မီဒီယာကို အသုံးပြုပါများတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်လာပြီး စိတ်အားငယ်လာတတ်ပါတယ်။ အဲဒါကြောင့် ဆိုရှယ်မီဒီယာအသုံးပြုတာကို ခဏနားပြီး စိတ်အပန်းပြေစေမယ့်အရာတွေကို ပြုလုပ်ပါ။
၇။ လမ်းလျှောက်ထွက်ပါ။
လေ့လာချက်တစ်ခုအရ နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတဲ့သူတွေမှာ စိတ်ဖိစီးမှုကို ပိုခံစားရလေ့ရှိပါတယ်။ ဆောင်းရာသီမှာ အိမ်ထဲမှာပဲ နေဖြစ်တာကြောင့် ငြီးငွေ့လာပါတယ်။
အပြောင်းအလဲဖြစ်စေဖို့ အပြင်ထွက်လမ်းလျှောက်တာ၊ လေတွေကို ရှူရှိုက်တာ၊ ဈေးဝယ်တာ၊ သူငယ်ချင်းတာတွေနဲ့ တွေ့ဆုံတာကို ပြုလုပ်သင့်ပါတယ်။
Zombie (lovemedia)
0 Comments