သွားကို ညီအောင် ထိန်းညှိပေးတဲ့ brace တပ်ထားရတာက အချို့လူတွေအတွက်တော့ တကယ်ခက်ခဲပါတယ်။ အစားအသောက်တွေ စားတဲ့အခါမှာလည်း အဆင်မပြေဖြစ်နေမှာပါ။
အဲဒါကြောင့် သွားမှာ brace တပ်ထားသူတွေအတွက် စားလို့ရတဲ့အစားအစာတွေနဲ့ ရှောင်ကြဉ်သင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
သွားမှာ brace တပ်ထားတဲ့အခါမှာ အစားအသောက်ကို သေချာရွေးချယ်စားသောက်ဖို့ အရေးကြီးပါတယ်။ အစားအစာအကြွင်းအကျန်တွေက သွားနဲ့ brace ကြားထဲမှာ ကပ်ကျန်နေပြီး သွားအပေါ်ယံကြွေလွှာမှာ အစွန်းတွေ ထင်ကျန်ရစ်စေနိုင်ပါတယ်။ ဒါ့အပြင် အချို့သောအစားအစာတွေကလည်း brace ကို ထိခိုက်စေပါတယ်။
Brace တပ်ထားတဲ့အခါ စားလို့ရတဲ့အစားအစာများ
သွားမှာ brace တပ်ပြီးတစ်ပတ်အတွင်းမှာ အစားအသောက်ကို အထူးဂရးစိုက်ပေးသင့်ပါတယ်။ အဲဒီအချိန်မှာ စားရတာ အဆင်မပြေဘဲ စားလိုက်ရင်လည်း နာကျင်လာစေပါတယ်။ အဲဒါကြောင့် မာတဲ့အစားအစာတွေအစား ပျော့တဲ့အစားအစာတွေကိုပဲ ရွေးချဘ်စားသင့်ပါတယ်။
- နူးညံ့တဲ့ပေါင်မုန့်၊ ကိတ်မုန့်၊ ပန်ကိတ်၊ ဝေဖာ
- ဒိန်ချဉ်၊ နူးညံ့တဲ့ဒိန်ခဲ၊ ပူတင်း၊ နွားနို့နဲ့ပြုလုပ်ထားတဲ့သောက်စရာများ
- အရိုးမပါတဲ့ပင်လယ်စာများ
- ငှက်ပျောသီး၊ ဖရဲသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ကီဝီသီးစတဲ့အသီးများ
- ခေါက်ဆွဲ၊ ပါစတာ၊ အာလူးထောင်း
- အာလူး၊ ပဲ၊ ပြောင်းဖူး၊ ပြုတ်ထားတဲ့အသီးအရွက်များ
- နူးညံ့တဲ့ကြက်သား၊ အသားလံဒး
- အုတ်ဂျုံမှုန့်
- အစေ့အဆန်မပါတဲ့ချောကလက်၊ ကွတ်ကီး၊ ဂျယ်လီ
- ကြက်ဥ၊ စွပ်ပြုတ်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့
စသဖြင့် ပျော့တဲ့အစားအစာတွေကို စားပေးလို့ရပါတယ်။
Brace တပ်ထားတဲ့အခါ မစားသင့်တဲ့အစားအစာများ
Brace တပ်ထားစဉ်အတောအတွင်းမှာ မာတဲ့အစားအစာတွေကို စားရင် brace ရဲ့ပုံစံပျက်ယွင်းသွားတာ၊ ခံတွင်းကျန်းမာရေးထိခိုက်တာတို့ ဖြစ်စေနိုင်ပါတယ်။
- မာတဲ့အစားအစာ၊ သွားမှာကပ်နေတတ်တဲ့အစားအစာ၊ ချိုတဲ့အစားအစာ၊ ဝါးရခက်တဲ့အစားအစာ
- ပေါက်ပေါက်၊ အာလူးကြော်၊ ဝါးရခက်တဲ့ ကွတ်ကီး
- အရိုးပါတဲ့အသားများ
- အစေ့အဆံများ
- မာတဲ့အသီးအနှံများ
- ဆိုဒါ၊ အားဖြည့်အချိုရည်၊ သဘာဝအသီးဖျော်ရည်တို့ကို ရှောင်သင့်ပါတယ်။
Zombie (lovemedia)
0 Comments