သင်က အနက်ရောင်အဝတ်အစားတွေကို ဝတ်ရတာကို သဘောကျတဲ့ဆိုရင်တော့ တကယ်ကို ဆွဲဆောင်မှုရှိတဲ့သူပါပဲ။
သုတေသနပညာရှင်တွေက လူပေါင်း ၁၀၀၀ ကို ဝတ်နေကျအဝတ်အစားအရောင်နဲ့ပတ်သက်ပြီး သုတေသနပြုတဲ့အခါ အနက်ရောင်ကြိုက်သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြောင်း၊ ဆွဲဆောင်မှုရှိကြောင်း၊ ဉာဏ်ရည်ထက်မြက်ကြောင်း တွေ့ရပါတယ်။
အနက်ရောင်က ဉာဏ်ရည်ထက်မြက်မှုနဲ့ ဆက်စပ်နေပါတယ်။
စစ်တမ်းကောက်ယူတာကို အင်္ဂလန်နိုင်ငံ Buytshirtsonline မှာ ပြုလုပ်ခဲ့ပါတယ်။ လူပေါင်း ၁၀၀၀ကို ကြိုက်နှစ်တဲ့အရောင်တွေစစ်တမ်းကောက်ယူပြီး ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆိုင်တဲ့မေးခွန်းတွေ၊ ယုံကြည်မှုနဲ့ဆိုင်တဲ့မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။
အဲဒီအခါ အနက်ရောင်ဝတ်ထားတဲ့သူတွေ၊ အနက်ရောင်အဝတ်အစားကို ကြိုက်နှစ်သက်သူတွေက မေးခွန်းတွေကို အလွယ်တကူဖြေဆိုနိုင်ကြပါတယ်။ ပန်းရောင်ကြိုက်နှစ်သက်သူတွေက ခံစားလွယ်သူတွေဖြစ်ပြီး ဝမ်းနည်းတတ်ကြောင်း တွေ့ရပါတယ်။
အနက်ရောင်နဲ့အတူ အပြာရောင်၊ အဖြူရေင်၊ အစိမ်းရောင်အဝတ်အစားကြိုက်နှစ်သက်သူတွေကလည်း ဉာဏ်ရည်ဉာဏ်သွေးမြင့်မားကြောင်း ရလဒ်တွေမှာ ဖော်ပြထားပါတယ်။
အနက်ရောင်အဝတ်အစားကို ဝတ်ထားရင် အလိုလိုဆွဲဆောင်မှု ရှိနေပါတယ်။
စစ်တမ်းမှာပါဝင်တဲ့ အမျိုးသမီး ၆၆ ရာခိုင်နှုန်းက အနက်ရောင်ဝတ်ထားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ ခံစားရတယ်လို့ ပြောပါတယ်။ ၄၈ ရာခိုင်နှုန်းသော အမျိုးသားတွေကတော့ အနက်ရောင်ဝတ်လေ့ရှိတဲ့အမျိုးသမီးတွေကို နှစ်သက်သဘောကျကြပါတယ်။
လိမ္မော်ရောင်နဲ့ အဝါရောင်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိကြောင်း မပေါ်လွင်ပါဘူး။
ဝတ်ဆင်လိုက်တဲ့အရောင်တွေနဲ့ စိတ်နေသဘောထားက ဆက်စပ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့သူတွေက အဝါရောင်နဲ့ လိမ္မော်ရောင်ကို ရွေးချယ်ကြပါတယ်။ စိတ်နေသဘောထားနူးညံ့သူတွေကတော့ ပန်းရောင်အဝတ်အစားတွေကို နှစ်သက်ကြပါတယ်။
အနက်ရောင်နဲ့ အနီရောင်ကို အချို့က မာန်မာနကြီးတဲ့အရောင်လို့ သတ်မှတ်ကြပါတယ်။
အနီရောင်နဲ့ အနက်ရောင်ကို အချို့က မာန်မာနကြီးတဲ့အရောင်၊ ဟိတ်ဟန်ကြီးတဲ့အရောင်တွေလို့ အချို့တွေက ယူဆကြပါတယ်။
တကယ်တော့ အနက်ရောင်က အကောင်းမြင်မှုကို ကိုယ်စားပြုတဲ့အရောင်ပါ။ ဒါ့အပြင် အနက်ရောင်ကို ရွေးချယ်တတ်သူတွေက အတွေးအခေါ်ကောင်းတဲ့သူတွေပါပဲ။
Zombie (lovemedia)
0 Comments