ကမ္ဘာပေါ်က နိုင်ငံအချို့မှာ တားမြစ်ထားတဲ့ ထူးထူးဆန်းဆန်းအရာ (၈) ခု

နိုင်ငံတိုင်းမှာ ထူးဆန်းတဲ့ဥပဒေတွေ ရှိနေတတ်ပါတယ်။ အချို့သောဥပဒေတွေက ရိုးရာထုံးတမ်းအစဉ်အလာတွေပေါ်မှာ မူတည်ပြီး သတ်မှတ်ထားတဲ့ဥပဒေတွေ ဖြစ်နေတတ်ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံအချို့က တားမြစ်ထားတဲ့ ထူးထူးဆန်ဆန်းအရာတွေလည်း ရှိနေပါသေးတယ်။

၁။ အီရန်မှာ အမျိုးသားတွေကို ဆံထုံးထုံးခွင့် မပေးထားပါဘူး။

အီရန်ရဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့အတွက် အမျိုးသားတွေကို အနောက်တိုင်းဆံပင်ပုံစံတွေ ထားခွင့်မပေးပါဘူး။ အီရန်အမျိုးသားတွေက ဆံထုံးထုံးလို့မရတဲ့အပြင် ပိုနီတေးလ်ဆံပင်ပုံစံကိုလည်း စီးလို့မရပါဘူး။ အီရန်ရဲ့အသားအရေ၊ ယဉ်ကျေးမှုတွေနဲ့ကိုက်ညီတဲ့ဆံပင်ပုံစံကိုပဲ ထားဖို့ ခွင့်ပြုထားပါတယ်။

၂။ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ အမျိုးသားတွေက အင်္ကျီကျွတ်နဲ့ လူမြင်ကွင်းမှာ နေလို့မရပါဘူး။

စပိန်နိုင်ငံက နေရာတော်တော်များများမှာတော့ ဒီအချက်ကို မတားမြစ်ထားပါဘူး။ ဒါပေမယ့် ဘာစီလိုနာမြို့မှာတော့ လူမြင်ကွင်းမှာ အမျိုးသားတွေက အင်္ကျီကျွတ်နဲ့ နေတဲ့အခါမှာ ဒဏ်ရိုက်ခံရလေ့ရှိပါတယ်။

၃။ စင်ကာပူနိုင်ငံမှာ ပီကေဝါးခွင့်မပြုထားပါဘူး။

စင်ကာပူနိုင်ငံမှာ ၁၉၉၂ ခုနှစ်ကတည်းက ပီကေရောင်းချတာနဲ့ ပီကေဝါးတာကို တားမြင်ထားပါတယ်။ ပီကေဝါးလို့မရတဲ့အပြင် ပီကေမှုတ်လို့လည်း မရပါဘူး။

ပီကေမှုတ်တာက ရထားတွေအတွက် အန္တရာယ်ရှိစေပြီး တံခါးတွေဖွင့်ပိတ်တဲ့အခါမှာလည်း ခက်ခဲစေတာကြောင့်ပါ။ ရုပ်ရှင်ရုံနဲ့ အခြားသောနေရာတွေကိုလည်း ညစ်ပတ်စေတာကြောင့်လည်း ပါဝင်ပါတယ်။

၄။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံမှာ ဓာတ်ပုံရိုက်တဲ့အခါ အသံပိတ်ထားလို့မရပါဘူး။

တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံမှာ မသင့်တော်တဲ့ဓာတ်ပုံတွေကို ခိုးပြီး ရိုက်တာကို ဟန့်တားနိုင်ဖို့ camera-click sound ကို ဖွင့်ထားရလေ့ရှိပါတယ်။ အဲဒါကြောင့် ဘယ်အချိန်မှာ ဓာတ်ပုံရိုက်ရိုက် camera-click အသံက ထွက်လာပါတယ်။

၅။ ဆွီဒင်နိုင်ငံမှာ Elvis ဆိုတဲ့နာမည်ကို တားမြစ်ထားပါတယ်။

ဆွီဒင်နိုင်ငံမှာ တားမြစ်ထားတဲ့နာမည်တွေ အများကြီးပါပဲ။ Superman, Veranda,Metallica, IKEA နဲ့ Elvis ဆိုတဲ့နာမည်တွေကို ဆွီဒင်နိုင်ငံမှာ ပေးလို့မရပါဘူး။

ဒီဥပဒေကို ၁၉၈၂ ခုနှစ်ကတည်းက ပြဌာန်းထားပါတယ်။ ဆွီဒင်နိုင်ငံမှာ သင့်ကလေးကို ဒီနာမည်တွေ ပေးထားရင် ကလေးတွေက စနောက်ခံရမှာပါ။

၆။ ဂရိနိုင်ငံမှာ သမိုင်းဝင်နေရာတွေကို ဒေါက်ဖိနပ်စီးပြီး သွားလို့မရပါဘူး။

ဂရနိုင်ငံက ရှေးဟောင်းသမိုင်းဝင်နေရာတွေကို သွားလည်မယ်ဆိုရင် ဒေါက်ဖိနပ်စီးသွားလို့မရပါဘူး။ ဒေါက်ဖိနစ်က ရှေးဟောင်းသမိုင်းဝင်နေရာတွေရဲ့ မျက်နှာပြင်နဲ့ ကျောက်တုံးတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။

၇။ ဩစတေးလျနိုင်ငံ၊ Victoria မှာ ညအချိန် ဆူညံတာကို ခွင့်မပြုပါဘူး။

ဩစတေးလျနိုင်ငံ၊ Victoria မှာ ဆူညံသံတွေအပြင် ကားသံ၊ ယာဉ်တွေရဲ့အသံ၊ အလုပ်ရုံတွေထဲက အသံတွေကိုလည်း ခွင့်မပြုထားပါဘူး။ ချိုသာတဲ့သီချင်းသံတွေကို ညအချိန်မှာ ခပ်ကျယ်ကျယ် ဖွင့်ရင်တောင် ဆူညံသံလို့ သတ်မှတ်ထားပါတယ်။

၈။ မြောက်ကိုရီးယားမှာ အပြာရောင်ဂျင်းအဝတ်အစားတွေ ဝတ်တာကို တားမြစ်ထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ အပြာရောင်ဂျင်းအဝတ်အစားတွေ ဝတ်တာက တရားမဝင်ပါဘူး။ အပြာရောင်ဂျင်းအဝတ်အစားတွေဟာ အနောက်နိုင်ငံရဲ့ယဉ်ကျေးမှုတွေနဲ့ နီးစပ်တယ်လို့ သတ်မှတ်ထားတာကြောင့်ပါ။

အဲဒါကြောင့် အပြာရောင်ဂျင်းအဝတ်အစားဝတ်တာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments