မျက်လုံးအောက်က မျက်ပျဉ်းတွေဖြစ်မလာအောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

မျက်လုံးအောက်မှာ မျက်ပျဉ်းဖြစ်ပေါ်လာတာက သင့်ရဲ့အလှအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ မျက်ပျဉ်းဖြစ်လာရတဲ့အကြောင်းအရင်းတွေနဲ့ မျက်ပျဉ်းတွေဖြစ်မလာအောင် ပြုလုပ်လို့ရမယ့် နည်းလမ်းတွေကို love media ကနေ ပြောပြပေးပါမယ်နော်။

မျက်လုံးအောက်မှာ မျက်ပျဉ်းတွေ ဖြစ်လာရတဲ့အကြောင်းအရင်းများ

အသက်ကြီးလာတဲ့အခါမှာ မျက်လုံးအောက်က တစ်ရှူးတွေ အားနည်းလာပြီး မျက်ပျဉ်းတွေ ဖြစ်ပေါ်လာပါတယ်။ မျဉ်ပျဉ်းတွေဖြစ်လာရတဲ့အခြားသောအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။

- အိပ်ချိန်နည်းခြင်း

- ဓာတ်မတည့်ခြင်း

- မျက်လုံးအောက်က တစ်ရှူးတွေမှာ အရည်တွေ စုလာခြင်း

- မျိုးရိုးဗီဇ

- နေရောင်ခြည်နဲ့ထိတွေ့မှုများခြင်း

- နေထိုင်မှုပုံစံ စတဲ့အကြောင်းအချက်တွေကြောင့်ပဲ မျက်ပျဉ်းတွေ ဖြစ်ပေါ်လာပါတယ်။

မျက်ပျဉ်းတွေကို ဘယ်လိုဖယ်ရှားမလဲ။

- ဇွန်းနဲ့ ရေခဲ

မျက်ပျဉ်းက မျက်လုံးအောက်မှာ ရောင်ရမ်းခြင်းတစ်မျိုးဖြစ်တာကြောင့် ရေခဲနဲ့ကပ်ပေးလို့ရပါတယ်။ ဒါမှမဟုတ် ရေခဲသေတ္တာထဲမှာ ခဏထည့်ထားတဲ့ဇွန်းနဲ့လည်း မိနစ်အနည်းငယ်ကြာအောင် ကပ်ထားပေးလို့ရပါတယ်။

- Sunscreen

နေရောင်ခြည်မှာ ပါဝင်တဲ့ခရမ်းလွန်ရောင်ခြည်တွေက အသားအရေပြဿနာတွေကို များစွာဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် အပြင်ထွက်တိုင်း၊ အိမ်ထဲမှာနေချိန်တိုင်း Sunscreen ကို ပုံမှန်လိမ်းပေးသင့်ပါတယ်။ Sunscreen က နေရောင်ခြည်ကြောင့် အိုမင်းရင့်ရော်လာတာကိုလည်း ကာကွယ်ပေးပါတယ်။

- သခွားသီး

သခွားသီးက မျက်လုံးရောင်ရမ်းတာကို သက်သာစေပါတယ်။ သခွားသီးလေးတွေကို ပါးပါးလေးတွေလှီးပြီး မျက်လုံးအောက်မှာ ကပ်ပေးထားရုံပါပဲ။ သခွားသီးက မျက်ပျဉ်းအပြင် မျက်ကွင်းညိုတာတွေကိုလည်း နည်းပါးသွားစေပါတယ်။

- မျက်နှာကို မိတ်ကပ်တွေမကျန်အောင် သန့်စင်ပါ။

မိတ်ကပ်အကြွင်းအကျန်တွေက မျက်နှာမှာ မပြောင်ဘဲ ကျန်ရစ်နေရင် မျက်လုံးအောက်မှာ ရောင်ရမ်းလာပါတယ်။ ညအိပ်ရာဝင်တဲ့အခါ မိတ်ကပ်ပြောင်အောင် သန့်စင်ပြီးမှ အိပ်ပါ။

- Microcurrent ကုထုံး

Microcurrent ကုထုံးနဲ့ဆိုရင် မျက်လုံးအောက်မှာ ရောင်ရမ်းတာတွေ၊ မျက်ကွင်းညိုတာတွေ နည်းပါးသွားပါတယ်။ Microcurrent ကုထုံးကို ပုံမှန်ပြုလုပ်ပေးရင် သိသာတဲ့ရလဒ်ကို ရရှိလာစေမှာပါ။

- ကာဖိန်းဓာတ်

ကော်ဖီ၊ လက်ဖက်ရည် မှာပါဝင်တဲ့ ကာဖိန်းဓာတ်က အသားအရေအတွက် အများကြီးအကျိုးပြုတာကြောင့် အလှအပပစ္စည်းတွေမှာ အသုံးပြုကြပါတယ်။

အအေးခံထားတဲ့ကော်ဖီအိတ်၊ လက်ဖက်ရည်အိတ်လေးတွေကို မျက်လုံးအောက်မှာ မိနစ်အနည်းငယ်ကြာ ကပ်ပေးရုံနဲ့ မျက်ပျဉ်းတွေက လျော့ပါးသွားနိုင်ပါတယ်။

- ရှားစောင်း

ရှားစောင်းမှာ အင်တီအောက်ဆီးဒင့်တွေ အများကြီးပါဝင်တာကြောင့် မျက်လုံးအောင် ရောင်ရမ်းတာကို အချိန်တိုအတွင်း ဖယ်ရှားပေးပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်လ်လေးကို မျက်လုံးတစ်ဝိုက်မှာ ပုံမှန်လိမ်းပေးရုံပါပဲ။

- အိပ်တဲ့ပုံစံ

အိပ်ရေးမဝတဲ့အခါမှာ မျက်ပျဉ်းဖြစ်လာသလို ဘေးစောင်းအိပ်တဲ့အခါမှာလည်း မျက်ပျဉ်းတွေဖြစ်ပေါ်လာပါတယ်။ ပက်လက်အိပ်တာက မျဉ်းကိုသာမက မျက်လုံးဘေးက အရေးအကြောင်းတွေကိုပါ နည်းသွားစေပါတယ်။

- Retiol

Retiol မှာ အရေးအကြောင်းတွေကို လျော့သွားစေမယ့် အစွမ်းတွေ ရှိပါတယ်။ Retiol ကို အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေမှာ အသုံးများကြပါတယ်။

- စားသောက်မှုပုံစံ

ကော်လဂျင်၊ ဗီတာမင်စီနဲ့ သံဓာတ်ပါဝင်တဲ့ အစားအစာတွေကို များများစားသောက်ပေးရင် မျက်ပျဉ်းတွေက သိသိသာသာ လျော့သွားမှာပါ။ ဆားကိုလည်း လျှော့စားဖို့ လိုအပ်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ အရည်တွေများများ သောက်တာကိုလည်း လျှော့ချသင့်ပါတယ်။

- မိတ်ကပ်

Concealer, corrector, powder တို့နဲ့ မျက်ပျဉ်းတွေကို ဖုံးလို့ရပါတယ်။ ဒါပေမယ့် ညအိပ်ရာဝင်ခါနီးမှာ သေချာသန့်စင်ဖို့လည်း မမေ့ပါနဲ့နော်။

Zombie (lovemedia)

Post a Comment

0 Comments