လက်မပုံစံကနေ ပြောပြမယ့် သင့်အကြောင်း

လက်ဖဝါးပုံစံကနေ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သိရှိနိုင်ပါတယ်။ အထူးသဖြင့် လက်မထောင်လိုက်တဲ့ပုံစံကနေ သင့်အကြောင်းကို ပိုသိနိုင်ပါတယ်။

လက်မအဆစ်နှစ်ခုက အကွာအဝေးချင်း တူညီနေခြင်း

လက်မထောင်ကြည့်တဲ့အခါမှာ လက်မအဆစ်နှစ်ခုက အကွာအဝေးခြင်း တူညီနေရင် သင်က ဘယ်အရာကိုမဆို မျှမျှတတလုပ်ဆောင်တတ်သူပါ။

အေးအေးဆေးဆေးနေရတာကို ပိုနှစ်သက်ပါတယ်။ ဒီလိုလက်မပုံစံရှိသူတွေက စကားပြောကောင်းပြီး စာသင်လည်း ကောင်းပါတယ်။ အနီးအနားကလူတွေကိုလည်း အကြံဉာဏ်ကောင်းတွေ ပေးနိုင်သူပါ။

လက်မ ပထမအဆစ်က ဒုတိယအဆစ်ထက် ပိုရှည်ခြင်း

ဒီလိုလက်မပိုင်ရှင်တွေကတော့ အတွေးအခေါ်ကောင်းသူပါ။ အရာရာကို အသေးစိတ်စနစ်တကျပြုလုပ်တတ်ပါတယ်။ အားလုံးပြီးပြည့်စုံနေမှ သဘောကျတတ်သူပါ။

စိတ်ဓာတ်ခိုင်မာသူဖြစ်ပြီးတော့ အောင်မြင်မှုဆီကို မရောက်ရောက်အောင်သွားပါတယ်။ ရိုးသားမှုကိုတော့ အမြဲတမ်းတန်ဖိုးထားသူပါ။

လက်မ ဒုတိယအဆစ်က ပထမအဆစ်ထက် ပိုရှည်ခြင်း

လက်မ ဒုတိယအဆစ်က ပထမအဆစ်ထက် ပိုရှည်နေရင် သင်က အလုပ်အရမ်းကြိုးစားတဲ့သူပါ။ ဘဝမှာ ဘယ်အရာကိုမှ လွယ်လွယ်ကူကူ မရရှိခဲ့ဘဲ အခက်အခဲတွေ ကြုံပြီးမှသာ အောင်မြင်မှုကို ရလာသူပါ။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ဉာဏ်ရည်လည်း ထက်မြက်ပါတယ်။ စိတ်ရှုပ်တာကို မခံနိုင်တဲ့သူလည်း ဖြစ်ပါတယ်။

လက်မက ပျော့ပျောင်းနေခြင်း

လက်မထောင်ကြည့်တဲ့အခါမှာ လက်မက ပျော့ပျောင်းပြီး အနောက်ဘက်ကို ကွေးလို့ရနေတယ်ဆိုရင် စိတ်ခံစားလွယ်သူပါ။ ဒီလိုလက်မကို Hitchhiker လက်မလို့လည်း ခေါ်ကြပါတယ်။

ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီး ပြောင်းလဲနေထိုင်တတ်ကြပါတယ်။ သိလိုစိတ်ပြင်းပြပြီး အမြဲတမ်းတီထွင်ဖန်တီးနေတတ်ပါတယ်။

ဖြောင့်တန်းနေတဲ့လက်မ

လက်မထောင်လိုက်ရင် ခပ်မတ်မတ်အနေအထားနဲ့ ဖြောင့်တန်းနေရင် သင်က ခေါင်းမာတဲ့သူပါ။ မျက်နှာကိုလည်း အမြဲလိုလို ခပ်တည်တည်ထားတတ်ပါတယ်။

ဒါပေမယ့် သင်က ကတိတည်တတ်သူပါ။ ဘယ်အရာကိုမဆို ချင့်ချိန်စဉ်းစားပြီးမှ လုပ်ဆောင်တတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments