တက်တူးထိုးဖို့ဆိုတာ လွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ တက်တူးထိုးတဲ့အခါ အသားနာတဲ့အပြင် ပြန်ဖျက်တဲ့အခါမှာလည်း ငွေအကုန်အကျများနေမှာပါ။ တက်တူးထိုးတဲ့အခါမှာ ဘယ်တော့မှ နောင်တမရစေဖို့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးမှသာ တက်တူးထိုးပါ။
တက်တူးထိုးတော့မယ်ဆိုရင် အလောတကြီးမဆုံးဖြတ်သင့်ဘဲ သေသေချာချာစဉ်းစားပြီးမှသာ ထိုးသင့်ပါတယ်။ တက်တူးထိုးသူ ၄ ယောက်မှာ ၃ ယောက်က နောင်တရလေ့ရှိပါတယ်။ တက်တူးထိုးတဲ့အခါ စိတ်မြန်လက်မြန်နဲ့ ပြုလုပ်လိုက်တာက နောင်တရစေမှာပါ။
၂။ ငယ်ရွယ်ချိန်မှာ တက်တူးထိုးတာကို ရှောင်ကြဉ်ပါ။
၂၀၁၂ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ Demi Lovato က အသက် ၂၀ အရွယ်မှာ ထိုးခဲ့တဲ့တက်တူးတွေကြောင့် နောင်တရကြောင်း ဖော်ပြဖူးပါတယ်။
စိတ်ခံစားချက်တစ်ခုခုအပေါ် အခြေခံပြီးတော့ တက်တူးထိုးတာက နောင်တစ်ချိန်မှာ နောင်တရစေမှာပါ။ အဲဒါကြောင့် ငယ်ရွယ်စဉ်မှာ တက်တူးထိုးတာကို ရှောင်ကြဉ်ပြီး သေသေချာချာဆုံးဖြတ်ပြီးမှသာ တက်တူးထိုးသင့်ပါတယ်။
၃။ နာမည်နဲ့ မျက်နှာပုံတွေ ထိုးတာကို ရှောင်ကြဉ်ပါ။
တစ်စုံတစ်ယောက်ရဲ့နာမည်၊ တစ်စုံတစ်ယောက်ရဲ့ မျက်နှာတွေကို တက်တူးထိုးတားသူအများစုက နောင်တရကြပါတယ်။
ချစ်ရသူတစ်ဦးဦးကို ရည်ရွယ်ပြီး တက်တူးထိုးတယ်ဆိုပေမယ့် နာမည်နဲ့ မျက်နှာပုံကိုတော့ မထိုးသင့်ပါဘူး။ အချစ်ဆုံးလူတွေက အမုန်းဆုံးလူတွေဖြစ်သွားနိုင်တာကြောင့် နာမည်နဲ့ မျက်နှာပုံကိုတော့ ရှောင်သင့်ပါတယ်။
၄။ စိတ်ကြိုက်ပုံကို ရွေးချယ်ပြီးမှ ထိုးပါ။
အကြိုက်ဆုံးပုံကို ထိုးထားတဲ့သူ ၄၀ ရာခိုင်နှုန်းက သူတို့ရဲ့ပုံတွေကို သဘောမကျတော့ပါဘူး။ အဲဒါကြောင့် စိတ်ကြိုက်ပုံကို သေချာရွေးချယ်ပြီးမှသာ တက်တူးထိုးသင့်ပါတယ်။
၅။ အချိန်ပေးပြီးတော့ လေ့လာပါ။
တက်တူးထိုးတော့မယ်ဆိုရင် အလောတကြီးမလုပ်သင့်ဘဲ တက်တူးထိုးပေးမယ့်သူရဲ့လက်ရာအကြောင်းကို သေချာလေ့လာသင့်ပါတယ်။ ကျန်းမာရေး၊ သန့်ရှင်းမှု၊ ကျွမ်းကျင်မှု စတဲ့အကြောင်းအချက်တွေပေါ်မူတည်ပြီး တက်တူးထိုးမယ့်ဆိုင်၊ တက်တူးထိုးပေးမယ့်ဆရာကို ရွေးချယ်ပါ။
၆။ အရွယ်အစား
တက်တူးထိုးတော့မယ်ဆိုရင် ထိုးမယ့်ပုံရဲ့အရွယ်အစားကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ စစ်တမ်းတွေအရ တက်တူးထိုးထားသူ ၆၃ ရာခိုင်နှုန်းဟာ အရွယ်အစားသေးတဲ့ပုံတွေကို ထိုးမိတာကြောင့် နောင်တရကြောင်း ဖြေဆိုကြပါတယ်။
အချို့ကလည်း ပုံအကြီးကြီးထိုးမိတာကြောင့် နောင်တရပါတယ်။ အဲဒါကြောင့် ပုံရဲ့အရွယ်အစားနဲ့ ခန္ဓာကိုယ်မှာထိုးမယ့်နေရာကို သေချာဆုံးဖြတ်သင့်ပါတယ်။
Zombie (lovemedia)
0 Comments