မနက်ခင်းစောစော နေရောင်ခြည်မှာ ဗီတာမင်ဒီပါဝင်ပါတယ်။ အခုလိုအေးတဲ့ ဆောင်းရာသီမှာ မနက်ခင်းနေပူဆာလှုံတာက ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး သဘာဝအနွေးဓာတ်လည်း ရရှိစေပါတယ်။ ဒါပေမယ့် နေပူဆာလှုံပြီးနောက် ချက်ချင်းမလုပ်သင့်တဲ့အရာ (၈) မျိုးရှိပါတယ်။
၁။ ရှားစောင်းလက်ပတ်နဲ့ပတ်သက်တဲ့ထုတ်ကုန်တွေကို အသုံးပြုခြင်း
ရှားစောင်းလက်ပတ်က အသားအရေနီးမြန်းတာတွေကို သက်သာစေပေမယ့် နေပူဆာလှုံလှုံပြီးချင်းမှာတော့ ရှားစောင်းလက်ပတ်နဲ့ ပြုလုပ်ထားတဲ့ထုတ်ကုန်တွေကို မလိမ်းသင့်ပါဘူး။
ရှားစောင်းလက်ပတ်နဲ့ပြုလုပ်ထားတဲ့အလှကုန်တွေမှာပါဝင်တဲ့ benzocaine က နေရောင်ခြည်နဲ့ချက်ချင်းထိတွေ့လိုက်ရင် အသားအရေကို ပိုဆိုးသွားစေတာကြောင့်ပါ။ အဲဒါကြောင့် နေပူဆာလှုံလှုံပြီးချင်းမှာ ချက်ချင်းအသုံးမပြုသင့်သေးပါဘူး။
၂။ တင်းကြပ်တဲ့အဝတ်အစားတွေကို ဝတ်ဆင်ခြင်း
နေပူဆာလှုံပြီးနောက်မှာ တင်းကြပ်တဲ့အဝတ်အစားတွေကို ဝတ်လိုက်ရင် အသားအရေက လေဝင်လေထွက်မကောင်းတော့ပါဘူး။ အထူးသဖြင့် ခပ်ကြပ်ကြပ်ဂျင်းအဝတ်အစားတွေကို ဝတ်ဆင်တာထက် ပွပွချောင်ချောင်အဝတ်အစားတွေကိုသာ ဝတ်ဆင်သင့်ပါတယ်။
၃။ ကော်ဖီသောက်ခြင်း
နေပူဆာလှုံတာက တစ်ခါတရံမှာ ခေါင်းကိုက်စေပါတယ်။ ကော်ဖီသောက်တာက ခေါင်းကိုက်တာကို သက်သာစေပေမယ့် နေပူဆာလှုံလှုံပြီးချင်း ကော်ဖီသောက်ရင် ခေါင်းကိုက်တာက ပိုဆိုးသွားစေပါတယ်။ နေပူဆာအကြာကြီးလှုံရင်ခန္ဓာကိုယ်မှာ ရေဓာတ်တွေ ဆုံးရှုံးသွားစေတာကြောင့်ပါ။
၄။ မိတ်ကပ်လိမ်းခြင်း
နေပူဆာလှုံပြီးနောက်မှာ အသားအရေကို လေဝင်လေထွက်ကောင်းအောင်လို့ ခဏလောက်အနားပေးသင့်ပါတယ်။ မိတ်ကပ်ကို ချက်ချင်းလိမ်းတဲ့အခါမှာ အသားအရေကို ထိခိုက်သွားစေပါတယ်။
၅။ အသားအရေကို ကြေးချွတ်ခြင်း
နေပူဆာလှုံပြီးနောက်မှာ အသားအရေကို ကြေးချွတ်တာကို မပြုလုပ်သင့်သေးပါဘူး။ နေပူဆာလှုံထားတဲ့အသားအရေနဲ့ အသားအရေကြေးချွတ်တဲ့ပစ္စည်းတွေ ထိတွေ့ရင် ပိုဆိုးသွားတတ်ပါတယ်။ နေပူဆာလှုံပြီး ၇ ရက်ခန့်နေမှာ အသားအရေကြေးချွတ်တာကို ပြုလုပ်သင့်ပါတယ်။
၆။ Cream လိမ်းခြင်း
နေပူဆာလှုံရင်းနဲ့ ခန္ဓာကိုယ်ကို ခရင်မ်လိမ်းတာက အသားအရေအတွက် ကောင်းပါတယ်။ ဒါပေမယ့် alcohol ကို အခြေခံပြီး ပြုလုပ်ထားတဲ့ cream ကိုတော့ မလိမ်းသင့်ပါဘူး။
Alcohol ကို အခြေခံပြီးပြုလုပ်ထားတဲ့ ခရင်မ်တွေက အသားအရေက သဘာဝအဆီတွေကို ဖယ်ရှားသလိုဖြစ်စေတာကြောင့်ပါ။
၇။ လိမ္မော်ရည်သောက်ခြင်း
လိမ္မော်သီးလို ချဉ်တဲ့အသီးမှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပါတယ်။ နေပူဆာလှုံနေချိန်မှာ ချဉ်တဲ့အသီးတွေကို သောက်တာ၊ လိမ်းတာက အသားအရေကို ပိုပြီးနေလောင်သွားစေတာကြောင့်ပါ။ မျက်နှာကို သံပုရာသီးနဲ့ပွတ်လိမ်းပြီးချိန်မှာလည်း နေရောင်နဲ့ တိုက်ရိုက်မထိတွေ့သင့်ပါဘူး။
၈။ SPF moisturizer လိမ်းခြင်း
နေပူဆာလှုံရင်းနဲ့ နေလောင်ဒဏ်ကို ကာကွယ်ရအောင်လို့ အချို့က SPF moisturizer လိမ်းကြပါတယ်။ တကယ်တော့ SPF moisturizer က အသားအရေကို အပြည့်အဝမကာကွယ်ပေးပါဘူး။ SPF moisturizer အစား sunscreen ကိုသာ အသုံးပြုသင့်ပါတယ်။
Zombie (lovemedia)
0 Comments