နေ့စဉ်ဘဝမှာ သကြားရဲ့အခြားအသုံးဝင်ပုံ (၇) မျိုး

သကြားက မီးဖိုထဲမှာ မရှိမဖြစ်အရာပါပဲ။ သကြားက စားစရာ၊ သောက်စရာတွေမှာ အသုံးဝင်ရုံမက နေ့စဉ်ဘဝမှာပါ အသုံးဝင်ပါသေးတယ်။

၁။ ပျားတုတ်ခံရတဲ့အခါ သက်သာစေခြင်း

ပျားတုတ်ခံရတဲ့အခါ ဖြစ်ပေါ်လာတဲ့အဆိပ်တွေကို သကြားက ဖယ်ရှားပေးပါတယ်။ ပျားတုတ်ခံရတဲ့နေရာ၊ အခြားသောပိုးကောင်အကိုက်ခံရတဲ့နေရာတွေကို သကြားနဲ့ပွတ်တိုက်ပေးပါ။

၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာ ရေနဲ့ ဆေးချလိုက်ပါ။ အဲဒီအခါ ရောင်ရမ်းနာကျင်နေတာတွေ သက်သာသွားပါတယ်။

၂။ အစွန်းအထင်းတွေကိုဖယ်ရှားပေးခြင်း

ကော်ဇော်ပေါ်မှာ ကော်ဖီအစွန်းတွေ ပေနေလို့ ဖယ်ရှားချင်တဲ့အခါ သကြားကို အသုံးပြုနိုင်ပါတယ်။ သကြားနဲ့ ရေနွေးအနည်းငယ်ကို ရောပြီး ပျစ်လာတဲ့အထိ မွှေပါ။

ကော်ဇောပေါ်က စွန်းထင်းနေတဲ့နေရာတွေကို သကြားနဲ့ ပွတ်တိုက်ပြီး တစ်နာရီခန့်ထားလိုက်ပါ။ တစ်နာရီခန့် ကြာပြီးနောက် အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်လိုက်လို့ရပါပြီ။

၃။ လက်မှာပေနေတဲ့ဆီတွေကို ပြောင်စင်စေခြင်း

လက်မှာ ဆီတွေ ပေနေပြီးနောက် ဆေးရခက်နေရင် သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို လက်ထဲမှာ ထည့်ပြီး ပွတ်တိုက်ပေးပါ။ လက်ကို မဆေးချခင်မှာ သွားတိုက်ဆေးအနည်းငယ် ထည့်ပြီး ပွတ်တိုက်ပေးလို့လည်း ရပါတယ်။ သကြားနဲ့ ပွတ်တိုက်ပြီးနောက်မှာ ဆပ်ပြာနဲ့ ရေဆေးချလိုက်ရုံပါပဲ။

၄။ လက်မှာ စွဲနေတဲ့ငါးညှီနံ့ကို ပြောင်စင်စေခြင်း

ငါးကို ခုတ်ထစ်ကိုင်တွယ်ပြီးလို့ လက်မှာ ငါးညှီနံ့တွေစွဲနေတဲ့အခါမှာ လက်ထဲကို သကြားထည့်ပြီး ပွတ်လိုက်ပါ။ သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို စိုနေတဲ့လက်ထဲမှာ ထည့်ပြီး ခပ်ကြာကြာပွတ်တိုက်ပေးရုံနဲ့ ငါးညှီနံ့တွေက ကင်းစင်သွားပါတယ်။ ပြီးနောက်လက်ကို ရေနဲ့ဆေးချလိုက်ရုံပါပဲ။

၅။ ပျားတွေကို ဝေးဝေးပြေးစေခြင်း

အိမ်ထဲမှာ ပျားအုံလာစွဲနေတဲ့အခါမှာ အန္တရာယ်ရှိလာနိုင်ပါတယ်။ အဲဒါကြောင့် ပလက်စတစ်ဘူးတစ်လုံးထဲကို သကြားနဲ့ ရေရောပြီး ထည့်ထားပါ။

ဘူးရဲ့အဖုံးမှာ အပေါက်လေးတွေ ဖောက်ထားပြီး အိမ်အပြင်မှာ ချိတ်ဆွဲထားလိုက်ပါ။ အဲဒီအခါ ပျားတွေက အိမ်ထဲမှာ မစွဲတော့ဘဲ သကြားရှိတဲ့ပလက်စတစ်ဘူးနားကိုပဲ ပျံသန်းသွားပါတယ်။

၆။ လျှာအပူလောင်တာကို သက်သာစေခြင်း

ပူတဲ့အရာတစ်ခုခုကို စားပြီးနောက်မှာ လျှာက အပူလောင်သွားပါတယ်။ လျှာအပူလောင်ပြီးနောက် အစားအစာတွေရဲ့အရသာကိုလည်း ကောင်းကောင်းမရရှိနိုင်တော့ပါဘူး။

အဲဒီအခါ လျှာပေါ်ကို သကြားအနည်းငယ်ပုံထားလိုက်ပြီး အရည်ပျော်သွားတဲ့အထိ စောင့်ပေးလိုက်ပါ။ မိနစ်အနည်းငယ်အတွင်းမှာ လျှာအပူလောင်တာက သက်သာသွားပါတယ်။

၇။ ဆေးထိုးပြီးနောက် နာကျင်တာကို သက်သာစေခြင်း

အသက် တစ်နှစ်နဲ့အထက်ကလေးတွေကို ကာကွယ်ဆေးမထိုးခင်မှာ သကြားအနည်းငယ်ကျွေးထားလို့ရပါတယ်။

ဆေးမထိုးခင်မှာ သကြားကို ကြိုတင်ကျွေးထားရင် ဆေးထိုးတဲ့အခါ နာကျင်တာတွေ လျော့ပါးသွားပါတယ်။ ဆေးမထိုးခင် ၂ မိနစ်အလိုခန့်မှာ သကြားအနည်းငယ် သို့မဟုတ် ချိုတဲ့မုန့်တစ်ခုခုကို ကျွေးထားလို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments