အမျိုးသားတွေအတွက် အဝတ်အစားဝတ်ဆင်ရာမှာ စမတ်ကျနေစေဖို့ အဓိကနည်းလမ်းများ

ဖက်ရှင်နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တာကလည်း ဖက်ရှင်တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဖက်ရှင်နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကိုတော့ ဘယ်လိုစနစ်တကျ ဖောက်ဖျက်ရမလဲဆိုတာတော့ အဓိကပါပဲ။

အဲဒါကြောင့် အမျိုးသားတွေအတွက် သပ်သပ်ရပ်ရပ်လည်းဖြစ်၊ စတိုင်လည်းကျစေမယ့် ဝတ်ဆင်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဂျင်းအဝတ်အစားတွေကို boots ဖိနပ်နဲ့ တွဲဝတ်ခြင်း

ဂျင်းဘောင်းဘီအပွကြီးတွေနဲ့ sneaker တွဲဝတ်တာကလည်း ဖက်ရှင်တစ်မျိုးပါပဲ။ နောက်ပိုင်းမှာတော့ ဂျင်းဘောင်းဘီအပွတွေထက် ဂျင်းဘောင်းဘီအကျပ်နဲ့ boots ဖိနပ်ကို တွဲဖက်ဝတ်ဆင်တာကို ပြုလုပ်လာကြပါတယ်။ ဒီလိုဝတ်ဆင်တာက အရပ်ပုတဲ့သူတွေကိုတောင် အရပ်ရှည်တယ်လို့ ထင်ရစေပါတယ်။

၂။ ရိုးရိုးရှင်းရှင်းဝတ်ဆင်ခြင်း

တစ်ခါတရံမှာ ရိုးရိုးရှင်းရှင်းဝတ်ဆင်တာက သင့်ကို လူအများကြားမှာ ထင်ပေါ်နေစေမှာပါ။ နာရီ၊ ဦးထုပ်၊ ခါးပတ်၊ ဆွဲကြိုးစတဲ့အရာတွေကို ဝတ်တာကလည်း ဆွဲဆောင်မှုတစ်မျိုးပါပဲ။

နာရီနဲ့ နေကာမျက်မှန်ကို လိုက်ဖက်အောင်တွဲပြီး ရိုးရိုးတီရှပ်လေးဝတ်လိုက်ရင်လည်း ခန့်ညားချောမောနေမှာ အသေအချာပါပဲ။

၃။ ဘောင်းဘီအပွနဲ့ ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်တဲ့အင်္ကျီကို တွဲဝတ်ခြင်း

အင်္ကျီအပွနဲ့ ဘောင်းဘီအပွကို ဝတ်တာက အမြဲတမ်းမှာ မလိုက်ဖက်နိုင်ပါဘူး။ အဲဒါကြောင့် ဂျင်းဘောင်းဘီအကျပ်နဲ့ တီရှပ်အပွကို တွဲဝတ်တာ၊ fix ဖြစ်တဲ့အင်္ကျီနဲ့ ဘောင်းဘီအပွကို တွဲဝတ်လိုက်တာက ပိုပြီးစတိုင်ကျစေပါတယ်။

၄။ အင်္ကျီလည်ပင်းပုံစံ

အမျိုးသားတွေအတွက် အမြဲတမ်းစမတ်ကျနေစေဖို့ အင်္ကျီလည်ပင်းပုံစံကိုလည်း ဂရုပြုသင့်ပါတယ်။ ဗွီပုံစံအင်္ကျီလည်ပင်းက စတုရန်းပုံမျက်နှာနဲ့ လိုက်ဖက်ပြီး အရပ်ရှည်တဲ့သူတွေက ကော်လံပါတဲ့အင်္ကျီနဲ့ ပိုလိုက်ဖက်ပါတယ်။

၅။ သားရေဂျာကင်

သားရေဂျာကင်ကို ဝတ်တဲ့အခါမှာ ဇစ်တွေအများကြီးပါတာက လူတိုင်းနဲ့ မလိုက်ဖက်နိုင်ပါဘူး။ ဒါ့အပြင် သားရေဂျာကင်ကို ရေတွေအများကြီးနဲ့ မထိတွေ့ဖို့လည်း ဂရုစိုက်ဖို့ လိုအပ်ပါသေးတယ်။

၆။ ဝတ်စုံ

အနောက်တိုင်းဝတ်စုံကို ရွေးချယ်တဲ့အခါမှာ အဓိကအချက်ကတော့ အရပ်အမောင်းပေါ်မှာမူတည်ပြီး ရွေးချယ်ဖို့ပါပဲ။ အရပ်ပူတဲ့သူတွေက ခန္ဓာကိုယ်နဲ့ ချပ်ချပ်ကပ်ကပ်ဖြစ်မယ့်တတ်စုံကို ရွေးချယ်သင့်ပါတယ်။

အရပ်ရှည်တဲ့သူတွေကတော့ အရောင်ရင့်တဲ့ဝတ်စုံတွေနဲ့ ကြယ်သီး၃လုံးပါတဲ့ဝတ်စုံတွေကို ဦးစားပေးသင့်ပါတယ်။

၇။ ရှပ်အင်္ကျီ

ရှပ်အင်္ကျီအရှည်ကြီးနဲ့ ဘောင်းဘီအကျပ်ကို ဝတ်တာက အမျိုးသားတိုင်းနဲ့မလိုက်ဖက်ပါဘူး။ ခြေထောက်က တိုသလို တင်ရစေတာကြောင့်ပါ။ ရှပ်အင်္ကျီရဲ့အရှည်က ဘောင်းဘီဂွနားအထိ မရှည်ရင် ကြည့်ကောင်းနေပါပြီ။ ဒါ့အပြင် အင်္ကျီလက်ကို ခေါက်တင်ထားတာကလည်း ဆွဲဆောင်မှု ရှိစေပါတယ်။

၈။ အင်္ကျီခါး

အင်္ကျီခါးက အရမ်းကို ပွနေရင် သင့်ကို စမတ်မကျစေပါဘူး။ အင်္ကျီခါးက ပွနေတဲ့အခါ၊ ဘေးကို အရမ်းထွက်တဲ့အခါမှာ ခန္ဓာကိုယ်ကို ဝတယ်လို့ ထင်ရစေပါတယ်။

၉။ ဘောင်းဘီ

ဘောင်းဘီတိုတွေကို ဝတ်တဲ့အခါ ဘောင်းဘီရဲ့အရှည်က အရေးပါပါတယ်။ အရမ်းရှည်တဲ့ဘောင်းဘီကို မရွေးချယ်သင့်သလို အရမ်းတိုတဲ့ဘောင်းဘီကိုလည်း မဝတ်သင့်ပါဘူး။

ဘောင်းဘီတိုဝယ်မယ်ဆိုရင် ဒူးအထက် ၃ လက်မမြင့်တဲ့ ဘောင်းဘီတိုကို ဝတ်ရင် အရပ်ပုတဲ့သူကိုတောင် စမတ်ကျနေစေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments