သကြားကို လုံးဝဖြတ်တောက်ပစ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ ဘယ်လိုဆိုးကျိုးတွေ ရလာမလဲ

ကိုယ်အလေးချိန်လျှော့ချဖို့ဆိုရင် အချိုနဲ့ သကြားစားသုံးမှုကိုပါ လျှော့ချဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါပေမယ့် အသီးအနှံ၊ အသီးအရွက်တို့ကနေ ရတဲ့သကြားဓာတ်ကတော့ ကျန်းမာရေးကို အကျိုးပြုပါတယ်။

ခန္ဓာကိုယ်မှာ သကြားစားသုံးမှုကို လုံးဝရပ်တန့်လိုက်တဲ့အခါ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာစေမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆံပင်ပေါက်နှုန်းနှေးလာခြင်း

သကြားကို လုံးဝဖြတ်တောက်ပစ်လိုက်တဲ့အခါမှာ ဆံပင်ကြီးထွားနှုန်းက နှေးလာပါတယ်။ သဘာဝအစားအစာတွေမှာ ပါဝင်တဲ့သကြားဓာတ်က ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ ပိုနေတဲ့ဆားဓာတ်တွေကို ဖယ်ရှားပေးပါတယ်။

ကျောက်ကပ်ရဲ့လုပ်ငန်းတွေကိုလည်း လွယ်ကူလာစေပါတယ်။ သဘာဝအစားအစာတွေကနေ ရတဲ့သကြားကို မျှတရုံစားပေးတဲ့အခါ ဆံပင်တွေက တောက်ပပြီး ပိုထူလာပါတယ်။

၂။ အသားအရေက ထိလွယ်ရှလွယ်ဖြစ်လာခြင်း

သကြားများတဲ့အစားအစာတွေကို အရမ်းစားတဲ့အခါ ဝက်ခြံတွေ ဖြစ်လာစေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့သကြားတွေ စားရင်တော့ အသားအရေပါ ကောင်းလာစေမှာပါ။

သကြားမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက အသားအရေကို free radical ဒဏ်တွေကနေလည်း ကာကွယ်ပေးပါတယ်။ free radical တွေက အသားအရေမှာ အစက်အပြောက်တွေဖြစ်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ဖြစ်ပေါ်စေပါတယ်။

၃။ ကိုယ်အလေးချိန်တက်လာခြင်း

အချိုစားတာများရင် ကိုယ်အလေးချိန်တက်လာပါတယ်။ ဒါပေမယ့် သကြားကို လုံးဝဖြတ်တောက်လိုက်ရင် အစားတွေကို ပိုစားမိသွားတတ်ပါတယ်။

ချောကလက်ကို စားပေးရင် ဗိုက်ပြည့်တယ်လို့ ခံစားရတာကြောင့် ခဏခဏမစားမိတော့ပါဘူး။ သဘာဝအစားအစာတွေကနေ ရတဲ့သကြားက ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ လွယ်ကူစေပါတယ်။

၄။ စိတ်အတက်အကျမြန်လာခြင်း

သကြားကို မစားတော့ဘဲလုံးဝဖြတ်တောက်ပစ်လိုက်ရင် စိတ်ဆတ်လွယ်လာပါတယ်။ သကြားကို အနည်းငယ်စားပေးရုံနဲ့ စိတ်ဖိစီးမှုတွေက လျော့ကျစေပါတယ်။ သကြားက စိတ်တည်ငြိမ်ပြီး ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

၅။ အာရုံစိုက်နိုင်မှု အားနည်းလာခြင်း

သကြားကို လုံးဝမေ့ပစ်လိုက်ရင် လေ့လာမှုတွေမှာ အာရုံစိုက်နိုင်မှု အားနည်းလာပါတယ်။ သဘာဝအစားအစာတွေကနေ ရတဲ့သကြားတွေကို အနည်းငယ်စားပေးရုံနဲ့ ဦးနှောက်ဆီကို သွေးစီးဆင်းမှုက တိုးတက်လာပါတယ်။

သကြားအနည်းငယ် သို့မဟုတ် ချောကလက်ကို စားပေးရုံနဲ့ အာရုံစိုက်နိုင်မှုအားကောင်းပြီး စိတ်လည်း ပျော်ရွှင်လာမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments