နှာချေတဲ့ပုံစံကနေ သိနိုင်မယ့်သင့်အကြောင်း (၅) မျိုး

နှာချေတဲ့အခါ လက်နဲ့ အုပ်ပြီးမှ ချေရမယ်လို့ ငယ်ငယ်ကတည်းက လူကြီးမိဘတွေက သင်ကြားပေးခဲ့ကြပါတယ်။ လေ့လာချက်တစ်ခုအရ လူတိုင်းလူတိုင်းမှာ မတူညီတဲ့နှာချေနည်းပုံစံတွေ ရှိကြပြီး နှာချေနည်းပုံစံကနေ သင့်အကြောင်းကို သိနိုင်ပါတယ်။

၁။ တံတောင်ဆစ်နဲ့ အုပ်ပြီး နှာချေခြင်း

တံတောင်ဆစ်နဲ့ အုပ်ပြီး နှာချေတာက အသံကျယ်ပါတယ်။ နှာချေရတာ အားရပါးရဖြစ်တယ်လို့လည်း ခံစားရစေပါတယ်။ တံတောင်ဆစ်နဲ့ အုပ်ပြီး နှာချေတတ်သူတွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူတွေပါ။ စကားပြောကောင်းတာက သူတို့ရဲ့အရည်အချင်းတစ်ရပါပဲ။

၂။ ပါးစပ်ကို အုပ်ပြီးနှာချေခြင်း

ပါးစပ်နဲ့အုပ်ပြီး နှာချေရင် အသံအရမ်းမထွက်ပါဘူး။ အသံမထွက်အောင်လို့ တမင်အုပ်ပြီးတော့ ချေတာပါ။ ပါးစပ်နဲ့အုပ်ပြီး နှာချေတတ်သူတွေက အရှက်အကြောက်ကြီးတဲ့သူတွေ ဖြစ်ပါတယ်။

ကိုယ်အမူအရာယဉ်ကျေးပြီးတော့ သူတစ်ပါးအတွက် အမြဲတမ်းစဉ်းစားပေးတတ်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းလွယ်သူတွေလည်း ဖြစ်နေကြပြန်ပါတယ်။

၃။ ဆက်တိုက်နှာရှုပ်ခြင်း

နှာချေတာလည်းမဟုတ်ဘဲ ဆက်တိုက်နှာရှုပ်တာကြောင့် ဘေးနားကလူတွေကတော့ စိတ်အနှောင့်အယှက်ဖြစ်ကြပါတယ်။

သူတို့တွေက နှာရှုပ်တာကို မထိန်းနိုင်တာကြောင့် ဆက်တိုက်ဖြစ်သွားတတ်ကြပါတယ်။ အဲဒီလိုအပြုအမူကြောင့် လူကြားထဲသွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိ ဖြစ်နေတတ်ပါတယ်။

၄။ ဆက်တိုက်နှာချေခြင်း

မရပ်မနားတမ်း ဆက်တိုက်နှာချေတာက ဘေးနားကလူတွေအတွက်တော့ စိတ်ရှုပ်စရာပါပဲ။ ကျန်းမာရေးမကောင်းတဲ့အခါ၊ ဖျားနာနေတဲ့အခါမှာ မထိန်းနိုင်တာကြောင့် ဆက်တိုက်နှာချေမိသွားတတ်ပါတယ်။

၅။ မကောင်းတဲ့အနံ့အသက်တွေရတဲ့အခါ နှာချေခြင်း

ဒီလိုလူတွေကတော့ အရမ်းကို အသန့်ကြိုက်သူတွေပါ။ သူတို့ရှိမယ့်နေရာတွေမှာ ဘယ်လိုအနံ့အကြွင်းအကျန်တွေ ရဦးမလဲဆိုတာကို စစ်ဆေးရင်းနဲ့ နှာချေမိတတ်ကြပါတယ်။ အနံ့တွေကို စစ်ဆေးပြီးနောက် air fresher ဖျန်းမှ စိတ်ကျေနပ်ကြသူတွေပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments