ကြောင်လေးတွက ဉာဏ်ရည်မြင့်တိရစ္ဆာန်ထဲမှာ ပါဝင်ပါတယ်။ ကြောင်လေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
အဲဒါကြောင့် ကြောင်အမျိုးအစားတွေထဲမှာ ဘယ်ကြောင်လေးတွေက ဉာဏ်ရည်အမြင့်ဆုံးလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Siamese
Siamese အမျိုးအစားကြောင်လေးတွေက ဉာဏ်ရည်မြင့်ကြောင်လေးတွေထဲမှာ တစ်မျိုးအပါဝင်ပါပဲ။ သူတို့က အရမ်းစူးစမ်းလိုစိတ်ရှိပါတယ်။ လေ့ကျင့်ပေးတဲ့အခါ တတ်မြောက်လွယ်တဲ့ကြောင်လေးတွေပါ။
ရေပိုက်ခေါင်းတွေလည်း ဖွင့်တတ်သလို အံဆွဲတွေဖွင့်ပြီးတော့လည်း ပစ္စည်းတွေ ရှာတတ်ပါတယ်။ ချစ်စရာကောင်းပြီး ချွဲတတ်တာကြောင့် လူချစ်လူခင်ပေါတဲ့ကြောင်လေးတွေပါပဲ။
၂။ Singapura
Singapura ကြောင်လေးရဲ့အရွယ်အစားတွေက သေးပြီး အဆော့သန်ပါတယ်။ သူတို့တွေက လူသားတွေလုပ်တဲ့အပြုအမူတွေကို အတုခိုးပြီး လိုက်လုပ်တတ်ပါတယ်။
လူသားတွေရဲ့ ပုခုံးပေါ်ကို လွယ်လွယ်ကူကူ ခုန်တက်နိုင်ပါတယ်။ ဒီကြောင်လေးတွေက သခင်တွေ ချစ်လာအောင် ဘယ်လိုနေထိုင်ပြုမူရမလဲဆိုတာကို နားလည်လွယ်ပါတယ်။
၃။ Cornish Rex
ဒီကြောင်လေးတွေက သစ္စာရှိပြီး အဆော့သန်တဲ့ကြောင်လေးတွေပါ။ Cornish Rex ကြောင်လေးတွေက အရမ်းးဉာဏ်ကောင်းပြီး ဧည့်သည်တွေနဲ့တောင် အဆင်ပြေအောင် နေတတ်ပါတယ်။ သူတို့တွေက အမြဲလိုလိုတက်ကြွနေတတ်ပြီး တံခါးတွေလည်း ဖွင့်တတ်ပါတယ်။
၄။ Scottish Fold
Scottish Fold ကြောင်လေးတွေရဲ့ နားရွက်လေးတွေက လိပ်နေတတ်ပါတယ်။ ဒီကြောင်လေးတွေက လူကို အရမ်းခင်တွယ်တတ်ပြီး အထီးကျန်လွယ်ပါတယ်။ သူတို့က သခင်နဲ့အတူတူ ရုပ်ရှင်လည်း လိုက်ကြည့်တတ်ပါတယ်။ ပြေးလွှားပြီးဆော့ရတဲ့ဂိမ်းတွေကိုလည်း လိုက်ဆော့တတ်ပါတယ်။
၅။ မြန်မာကြောင်
မြန်မာကြောင်လေးတွေက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပါတယ်။ သခင်တွေရဲ့ အရိပ်အကဲကိုလည်း နားလည်ပါတယ်။ မြန်မာကြောင်လေးတွေက သခင်နဲ့စကားပြောရတာကို သဘောကျပါတယ်။
သူတို့ကို ခဏခဏပစ်ထားရင်တော့ စိတ်ဆိုးလွယ်ပါတယ်။ သခင်တွေကို ခင်တွယ်ပြီး သွားလေရာကို တကောက်ကောက်လိုက်တတ်ပါတယ်။
၆။ Bengal
ဒီကြောင်လေးရဲ့ အသွေးအမွေးကတော့ အရမ်းကို လှပပါတယ်။ သူတို့က အနည်းငယ်အရိုင်းဆန်ပြီး ခုန်ရတာ၊ ပြေးရတာ၊ ပြေးတက်ရတာကို သဘောကျလေ့ရှိပါတယ်။
Bengal ကြောင်လေးတွေက ငါးကန်ထဲက ငါးတွေကို ခိုးစားတတ်ပါတယ်။ Bengal ကြောင်လေးတွေက ဉာဏ်ကောင်းတာကြောင့် မီးအဖွင့်အပိတ်ပြုလုပ်တာကိုတောင် သင်ပေးလို့ရပါတယ်။
၇။ Abyssinian
Abyssinian ကြောင်လေးတွေက ချစ်စရာကောင်းတဲ့အသွင်အပြင်ကို ပိုင်ဆိုင်ထားကြပါတယ်။ Abyssinian လေးတွေက သခင်ကို အရမ်းချစ်တတ်ပြီး သင်ပေးဖို့ လွယ်ကူတဲ့ကြောင်လေးတွေလည်း ဖြစ်ပါတယ်။ အခြားသော အိမ်မွေးတိရစ္ဆာန်တွေနဲ့လည်း အဆင်ပြေအောင် နေတတ်ပါတယ်။
Zombie (lovemedia)
0 Comments