အေးမြတဲ့ ရာသီဥတုကို ရောက်လာပြီဖြစ်တာကြောင့် ခြေအိတ်က လိုအပ်လာပါပြီ။ အချို့တွေက ခြေအိတ်မဝတ်ဘဲ အိပ်တဲ့အခါမှာ အိပ်မပျော်ကြပါဘူး။
ခြေအိတ်ကို ဝတ်ပြီး ညအိပ်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ဘယ်လိုတွေ ပြောင်းလဲလာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ သွေးလည်ပတ်မှုကို ထိခိုက်စေခြင်း
ခြေအိတ်ဝတ်ပြီး အိပ်ရာဝင်တာက ခန္ဓာကိုယ်ကို နွေးထွေးတယ်လို့ ခံစားရစေပါတယ်။ ခဏတာအတွက်တော့ သွေးလည်ပတ်မှု ကောင်းလာစေပါတယ်။
ဒါပေမယ့် အချိန်ကြာကြာ ခြေအိတ်ဝတ်ပြီး ညအိပ်မယ်ဆိုရင်တော့ သွေးလည်ပတ်မှုက လျော့ကျလာပါတယ်။ အဲဒါကြောင့် ခြေအိတ်ကို ညတိုင်း ဝတ်မအိပ်သင့်ပါဘူး။
၂။ အရေပြားယားယံခြင်း
အေးမြတဲ့ရာသီဥတုမှာ ခြေအိတ်လှလှလေးတွေ ဝတ်ထားရတာက စိတ်ကို ပျော်ရွှင်စေပါတယ်။ ပိုလီအက်စတာ၊ နိုင်လွန်တို့နဲ့ချုပ်လုပ်တားတဲ့ ခြေအိတ်တွေက အသားအရေတိုင်းနဲ့ မသင့်တော်ဘဲ ခြေထောက်အသားအရေအတွက်လည်း လေဝင်လေထွက်မကောင်းပါဘူး။
ခြေအိတ်ဝတ်ထားတဲ့အခါမှာ ခြေထောက်က ချွေးတွေ အရမ်းထွက်ပြီး စိုလာပါတယ်။ ခြေထောက်က စိုလာတဲ့အခါမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့အတွက် အခွင့်ကောင်းဖြစ်လာပြီး အရေပြားယားယံလာပါတယ်။
၃။ ခြေထောက်မှာ အရာတွေ ထင်လာခြင်း
ခြေအိတ်ကို အချိန်ကြာကြာဝတ်တာကြောင့် ခြေထောက်မှာ အစင်းရာတွေ ထင်လာပါတယ်။ ခြေအိတ်က လေဝင်လေထွက်မကောင်းဘဲ အရမ်းတင်းကြပ်နေရင် မနက်ရောက်တဲ့အခါ ခြေထောက်မှာ အနည်းငယ်နာကျင်နေတတ်ပါတယ်။
ခြေအိတ်ရဲ့ထိပ်ပိုင်းက အရမ်းတင်းကြပ်နေရင် သွေးလည်ပတ်မှုမကောင်းဘဲ ခြေထောင်ရောင်ရမ်းလာတတ်ပါတယ်။
၄။ ခန္ဓာကိုယ်အပူချိန်ကို ထိခိုက်စေခြင်း
ညဘက်အနားယူနေတဲ့အချိန်မှာတောင် ခန္ဓာကိုယ်က ဆက်လက်အလုပ်လုပ်နေရပါတယ်။ ညဘက်မှာ ခန္ဓာကိုယ်အပူချိန်က အကြိမ်ပေါင်းများစွာ ပြောင်းလဲပါတယ်။
အေးတဲ့ရာသီဥတုတွေမှာ အိပ်ရတာ ပိုကောင်းလာပါတယ်။ လေဝင်လေထွက်မကောင်းတဲ့ခြေအိတ်ကို ဝတ်ပြီးအိတ်တဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်က မြင့်တက်လာပြီး မကြာခဏနိုးလာတတ်ပါတယ်။
Zombie (lovemedia)
0 Comments