အသားအရေကို သိသိသာသာလှပလာစေမယ့် အစားအစာ (၇) မျိုး

အသားအရေက ဘယ်လောက်ပဲ မလှမပဖြစ်နေပါစေ၊ သေချာထိန်းသိမ်းတဲ့အခါမှာတော့ လှပစိုပြေတဲ့အသားအရေကို ရရှိလာမှာပါ။ ဒါပေမယ့် skincare အတွက် ကုန်ကျစရိတ်တွေကလည်း မနည်းလှပါဘူး။ ဒါပေမယ့် နေ့စဉ်စားနေတဲ့ အစားအစာတွေကနေ အသားအရေလှပအောင် ကူညီပေးနိုင်ပါတယ်။

၁။ ပျားရည်

ပျားရည်က လူ့အရေပြားပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သန့်စင်ထားတဲ့ပျားရည်ကို မျက်နှာမှာ လိမ်းပေးနိုင်ပါတယ်။

ပျားရည်ကို မျက်နှာမှာ လိမ်းပေးရင် ဝက်ခြံတွေ သက်သာပြီး အသားအရေလည်း တင်းရင်းလှပလာပါတယ်။ ဒါပေမယ့် ပျားရည်နဲ့ ဓာတ်တည့်လားဆိုတာကို စမ်းသပ်ပြီးမှသာ လိမ်းပေးသင့်ပါတယ်။

၂။ နွယ်ချို

နှင်းခူနာနဲ့ ဝက်ခြံကို ကုသတဲ့နေရာမှာ နွယ်ချိုအမြစ်ကို အသုံးပြုပါတယ်။ နွယ်ချိုက မျက်နှာက အရေးအကြောင်းတွေကိုလည်း နည်းပါးအောင် ပြုလုပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်ကနေလည်း ကာကွယ်ပေးပါသေးတယ်။ Sunscreen မလိမ်းခင်မှာ vitamin C နဲ့ နွယ်ချိုကို ရောစပ်ပြီး လိမ်းပေးနိုင်ပါတယ်။

၃။ သစ်ကြံပိုး

သစ်ကြံပိုးက ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။ သစ်ကြံပိုးမှုန့် ၁ ဆ၊ ပျားရည် ၃ ဆ တို့ကို ရောပြီး သစ်ကြံပိုး mask ပြုလုပ်နိုင်ပါတယ်။ သစ်ကြံပိုးနဲ့ ဓာတ်မတည့်သူတွေကတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။


၄။ မုန်လာဥနီ

မုန်လာဥနီမှာ ပိုတက်ဆီယမ်တွေ အများကြီးပါဝင်ပါတယ်။ အသားအရေခြောက်သွေ့သူတွေအတွက် မုန်လာဥနီက အစိုဓာတ်ဖြည့်ပေးပါတယ်။ မုန်လာဥနီက အသားအရေကို အန္တရာယ်ရှိတဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။

အနှစ်ရအောင်ခြစ်ထားတဲ့ မုန်လာဥနီ၊ ရှားစောင်းလက်ပတ်၊ ပျားရည်တို့နဲ့ ရောပြီး မျက်နှာမှာ လိမ်းပေးရင် အရေးအကြောင်းနဲ့ အမည်းစက်တွေ သက်သာပါတယ်။

၅။ ဒိန်ချဉ်

ဒိန်ချဉ်မှာ အသားအရေကို ချောမွေ့စေပြီး အသားအရေနီမြန်းတာကို သက်သာစေပါတယ်။ အသားအရေကို ပြန်လည်အားဖြည့်ပေးနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။

ဒိန်ချဉ်က ကော်လဂျင်ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။အရည်ညှစ်ထားတဲ့သခွားသီး၊ ဒိန်ချဉ်၊ ပျားရည်တို့ကို ရောပြီး မျက်နှာမှာ မိနစ် ၂၀ခန့် လိမ်းပေးထားရုံနဲ့ လှပစိုဝင်းတဲ့ အသားအရေကို ရရှိလာမှာပါ။

၆။ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ဗီတာမင် စီနဲ့ ဗီတာမင်ကေပါဝင်ပါတယ်။ အဲဒါကြောင့် အနာကျက်တာ မြန်စေပါတယ်။ ဘလူးဘယ်ရီသီးကိုတော့ မျက်နှာပေါ်မှာ တိုက်ရိုက်မတင်သင့်ပါဘူး။

ဘလူးဘယ်ရီသီးပန်ကန်လုံးတစ်လုံးစာလောက် စားပေးရုံနဲ့ လှပတဲ့အသားအရေကို ရရှိစေပါတယ်။ ဘလူးဘယ်ရီသီးက ကော်လဂျင်ထုတ်လုပ်မှုကို တိုးမြှင့်ပေးပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာကိုလည်း တားဆီးပေးပါတယ်။

၇။ စန္ဒကူး

စန္ဒကူးကို အမွှေးနံ့သာအတွက် အသုံးပြုနိုင်ရုံမက အသားအရေအတွက်ပါ အသုံးပြုနိုင်ပါတယ်။ စန္ဒကူးက အမာရွတ်၊ ဝက်ခြံ၊ အရေးအကြောင်းတွေကို ပါးသွားစေပါတယ်။ စန္ဒကူးမှုန့်လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ နှင်းဆီရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောပြီး မျက်နှာမှာ ၁၅ မိနစ်ခန့် လိမ်းပေးထားပါ။

မျက်နှာမှာ မလိမ်းသင့်တဲ့အရာများ

- ကြက်ဥအကာကို မျက်နှာပေါ် တိုက်ရိုက်လိမ်းတဲ့အခါ ဓာတ်မတည့်မှုနဲ့ ပိုးဝင်တာ ဖြစ်ပေါ်စေပါတယ်။

- သံပုရာရည်ကို မျက်နှာပေါ်မှာ လိမ်းပြီး နေပူထဲသွားရင် နေပိုလောင်ပြီး အသားအရေအတွက်ပိုဆိုးလာပါတယ်။

- ပန်းသီးရှာလကာရည်ကိုလည်း မျက်နှာပေါ်မှာ မလိမ်းသင့်ပါဘူး။

- သကြားပွင့်လေးတွေက မျက်နှာပေါ်မှာ လိမ်းဖို့ အရမ်းကြမ်းတမ်းတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments