သင်က ရေထဲမှာ တဖြည်းဖြည်းနစ်မြှုပ်သွားနေတဲ့ ကားထဲကို ရောက်နေတဲ့အခါ အရမ်းကို တုန်လှုပ်ခြောက်ခြားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာပါ။
အဲဒီလို အခြေအနေမှာ စိတ်ကို တည်တည်ငြိမ်ငြမ်ထားပြီး အသက်အန္တရာယ်ကနေလွတ်အောင် တတ်နိုင်သမျှ ကြိုးစားဖို့က အရေးအကြီးဆုံးပါပဲ။
ရေထဲမှာ တဖြည်းဖြည်းနစ်မြှုပ်နေတဲ့ ကားထဲကို ရောက်နေတဲ့အခါ အသက်ဘေးက လွတ်စေမယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ တတ်နိုင်သမျှ စိတ်ကို တည်ငြိမ်အောင် ထားပါ။
ဒီလိုအခြေအနေမှာ အရေးအကြီးဆုံးကတော့ စိတ်ကို တည်တည်ငြိမ်ငြိမထားဖို့ပါပဲ။ ကိုယ့်မှာရှိနေတဲ့စွမ်းအားတွေကို အလဟဿမသုံးဖြစ်ပဲ အသက်ကို ရသလောက်ရှူနေပါ။ စိတ်ကို တည်ငြိမ်အောင်ထားပြီးမှ နောက်ထပ်ပြုလုပ်သင့်တဲ့အရာတွေကို တစ်ဆင့်ချင်းစီ ပြုလုပ်ပါ။
၂။ ထိုင်ခုံခါးပတ်ခေါင်းကို ဖြုတ်လိုက်ပါ။
ကားက ရေအောက်က ကြမ်းပြင်ကို ဘယ်တော့မှ ထိသွားမလဲဆိုတာကို မသိနိုင်ပါဘူး။ အဲဒါကြောင့် အချိန်မဖြုန်းဘဲနဲ့ ထိုင်ခုံခါးပတ်ခေါင်းကို ဖြုတ်လိုက်ပါ။ ကားက ရေထဲကို နစ်မြုပ်သွားချိန်မှာ သင်ကိုယ်တိုင်က သတိလစ်သွားနိုင်တာကြောင့် ထိုင်ခုံခါးပတ်ခေါင်းကို မြန်နိုင်သမျှ မြန်မြန်ဖြုတ်သင့်ပါတယ်။
၃။ ကားထဲကနေ မြန်မြန်ထွက်ပါ။
ရေထဲနစ်မြှုပ်နေတဲ့ကားထဲကို ရောက်နေတဲ့အခါ အချိန်က တစ်စက္ကန့်လေးတောင် တန်ဖိုးရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကားထဲကနေ ထွက်ဖို့အတွက် အချိန်က စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ အထိပဲ အချိန်ရတာကြောင့်ပါ။
အဲဒါကြောင့် ကားထဲကနေ မြန်နိုင်သမျှ မြန်မြန်ထွက်ဖို့ လိုအပ်ပါတယ်။ အကူအညီအတွက် ဖုန်းဆက်ဖို့လည်း အချိန်မလုံလောက်တာကြောင့် ဖုန်းကိုလည်း အချိန်ကုန်ခံပြီး ရှာမနေသင့်ပါဘူး။ ကားထိုင်င်ခုံခါးပတ်ကို မြန်မြန်ဖြုတ်ပြီး ကားထဲကနေ မြန်မြန်ထွက်လာသင့်ပါတယ်။
၄။ ကားမှန်ကို ခွဲလိုက်ပါ။
ကားကို ရေထဲလုံးဝနစ်သွားတဲ့အထိ မစောင့်သင့်ပါဘူး။ ရေထဲကို အရမ်းမနစ်မြုပ်ခင်မှာ ကားထဲကနေ မြန်မြန်ထွက်လာဖို့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ ကားတံခါးကို မြန်မြန်ဖွင့်လို့မရတဲ့အခါ ကားမှန်တံခါးကို ချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ခွဲပြီး ထွက်လာခဲ့လိုက်ပါ။
ကားထဲမှာ ကလေးတွေပါလာတဲ့အခါ ကားပြူတင်းပေါက်နားရောက်အောင် အရင်ပို့ပေးပါ။ ကလေးတွေကို ကယ်ဖို့အတွက် လူကြီးက ကားမှန်တံခါးကိုခွဲပြီး အရင်ထွက်သင့်ပါတယ်။
၅။ ကားတံခါးကို မဖွင့်လိုက်ပါနဲ့။
ကားက ရေထဲမှာ နစ်နေတဲ့အခါမှာ တံခါးကို မဖွင့်လိုက်ပါနဲ့တော့။ ရေရဲ့ဖိအားကြောင့် ကားတံခါးက လွယ်လွယ်ကူကူနဲ့ ဖွင့်လို့ရမှာမဟုတ်ပါဘူး။ ကားတံခါးကို ဖွင့်လိုက်ရင် ရေတွေက ကားထဲကို အရှိန်နဲ့ ဝင်လာပြီး မြန်မြန်နစ်သွားပါတယ်။
၆။ ကားက ရေထဲမှာ နစ်မြုပ်သွားတဲ့အခါ
- ကားတံခါးလက်ကိုင်ကို ကိုင်ထားပါ။
- အသက်ကို ဝဝရှူလိုက်ပါ။
- အသက်ကို ပြင်းပြင်းရှူထုတ်ပြီး ရေထဲမှာ ပူဖောင်းလေးတွေ ထလာတဲ့အခါ အဲဒီလမ်းကြောင်းအတိုင်း လိုက်သွားရင် တဖြည်းဖြည်းနဲ့ ရေပေါ်ကို ရောက်သွားနိုင်ပါတယ်။
Zombie (lovemedia)
0 Comments