လိုအပ်တာ တစ်မျိုးနှစ်မျိုးကို သွားဝယ်ပေမယ့် မလိုအပ်တဲ့အရာတွေကိုပါ ဝယ်လာမိတတ်တာကို သင်ကြုံဖူးနိုင်ပါတယ်။ မလိုအပ်တာတွေကို ဝယ်မိတာကြောင့် ငွေလည်း အပိုကုန်မှာပါ။
အဲဒါကြောင့် ဈေးဝယ်ထွက်တဲ့အခါမှာ ငွေတွေအများကြီး မသုံးမိစေမယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ရေသောက်ပြီးမှ ဈေးဝယ်ထွက်ပါ။
ဈေးဝယ်မထွက်ခင် ရေသောက်သွားတဲ့အခါ ဗိုက်ပြည့်နေသလို ခံစားရပါတယ်။ ဗိုက်ပြည့်နေတာကြောင့် မလိုအပ်တဲ့အစားအစာတွေ၊ မလိုအပ်တဲ့တွေကို မဝယ်ဖို့ ထိန်းချုပ်ပြီးသားဖြစ်စေပါတယ်။ မလိုအပ်တဲ့အရာတွေကို မဝယ်မိတာကြောင့် ငွေကုန်လည်း သက်သာသွားမှာပါ။
၂။ ငွေသားအသစ်ကို သုံးစွဲပါ။
ပိုက်ဆံအိတ်ထဲမှာ ငွေစက္ကူအဟောင်းတွေ ရှိနေရင် ပိုပြီး ဈေးဝယ်မိတတ်ပါတယ်။ ငွေစက္ကူအသစ်လေးတွေကို ထည့်ထားတဲ့အခါ သုံးရမှာ နှမြောပြီး မလိုအပ်တာတွေကိုလည်း မဝယ်မိတော့ပါဘူး။
နောက်တစ်နည်းကတော့ ငွေစက္ကူအသစ်လေးတွေမှာ နောက်ထပ်ငွေတွေကို ဆွဲဆောင်နိုင်တဲ့အစွမ်းရှိပါတယ်။
၃။ အရောင်းဝန်ထမ်းတွေနဲ့ ခပ်ဝေးဝေးမှာနေပါ။
အရောင်းဝန်ထမ်းတွေက သူတို့ရဲ့ကုန်ပစ္စည်းကောင်းကြောင်းကို ကြော်ငြာရင်းနဲ့ မလိုအပ်တဲ့အရာတွေကို ဝယ်မိသွားတတ်ပါတယ်။ လိုအပ်တဲ့အရာကို ဝယ်ပြီးရင် အခြားအရာတွေကို ထပ်ပြီးတော့ မရှာသင့်တော့ပါဘူး။ ရှာရင်းလိုက်ကြည့်ရင်းနဲ့ ပိုဝယ်မိသွားတတ်ပါတယ်။
၄။ သေးတဲ့ဈေးခြင်းတောင်းကိုပဲ အသုံးပြုပါ။
ဈေးဝယ်ထွက်တဲ့အခါ ဈေးဝယ်တွန်းလှည်းက အရမ်းကို အဆင်ပြေစေပါတယ်။ ဒါပေမယ့် ဈေးဝယ်တွန်းလှည်းနဲ့ ဈေးဝယ်တဲ့အခါ ပစ္စည်းတွေ ပိုဝယ်မိသွားတတ်ပါတယ်။ အဲဒါကြောင့် ဈေးဝယ်တွန်းလှည်းအစား ဈေးခြင်းတောင်းအသေးလေးနဲ့သာ ဈေးဝယ်ပါ။
၅။ ဒေါက်မြင့်ဖိနပ်စီးပါ။
အချို့အမျိုးသမီးတွေက ဈေးဝယ်ထွက်တဲ့အခါ ဒေါက်မြင့်ဖိနပ်စီးရတာကို သဘောကျကြပါတယ်။ ဒေါက်မြင့်ဖိနပ်စီးပြီး ဈေးဝယ်ထွက်ရင် ဖိနပ်ကို အာရုံစိုက်နေရတာကြောင့် အခြားအရာတွေကို အရမ်းစိတ်မဝင်စားနိုင်တော့ပါဘူး။
၆။ အကြွေးဝယ်ကတ်ကို အိမ်မှာပဲ ထားခဲ့ပါ။
ဈေးဝယ်ထွက်တဲ့အခါ အကြွေးဝယ်ကတ်ပါလာရင် အသုံးမလိုတာတွေကို ပိုဝယ်မိသွားတတ်ပါတယ်။ ငွေသားစက္ကူနဲ့သာ ဈေးဝယ်ထွက်ရင် အများကြီး မဝဘ်မိတော့ပါဘူး။ ငွေသားနဲ့ ဈေးဝယ်ရင် ငွေဘယ်လောက်ကုန်သွားပြီလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။
၇။ ပူဒီနာစားပါ။
အချို့သောစတိုးဆိုင်တွေမှာ ရှိတတ်တဲ့ရနံ့လေးတွေက ဈေးဝယ်သူကို အများကြီး ဆွဲဆောင်နိုင်ပါတယ်။ အဲဒါကြောင့် ဈေးဝယ်ချိန်ပိုကြာပြီး လိုအပ်တာတွေရော မလိုအပ်တာတွေပါ ဝယ်မိသွားပါတယ်။
ဈေးဝယ်မထွက်ခင် ပူဒီနာပီကေစားရင် စတိုးဆိုင်က ဆွဲဆောင်မှုရှိတဲ့အနံ့တွေကို အများကြီးမရတော့ပါဘူး။
၈။ လူရှုပ်တဲ့စတိုးဆိုင်၊ ဈေးဝယ်စင်တာတွေမှာ ဝယ်ပါ။
လူရှုပ်နေတဲ့စတိုးဆိုင်မှာဆိုရင် ပစ္စည်းတွေကို ကြာကြာမကြည့်နိုင်တော့ပါဘူး။ လိုအပ်တာပဲ ဝယ်ပြီး မြန်မြန်ပြန်ထွက်လာတတ်ပါတယ်။ လူရှင်းတဲ့ဆိုင်မှာတော့ ပစ္စည်းတွေကို စိတ်ရှည်လက်ရှည်ကြည့်နိုင်ပြီး ဝယ်မိသွားတတ်တာကြောင့်ပါ။
Zombie (lovemedia)
0 Comments