ခန္ဓာကိုယ်က နာကျင်မှုအမျိုးမျိုးကို သက်သာသွားစေမယ့် နှိပ်နယ်နည်း (၈) မျိုး

ခန္ဓာကိုယ်က နှိပ်နယ်ပေးတဲ့ နည်းစနစ်မှန်ကန်တဲ့အခါ ပင်ပန်းတာတွေ ပြေပျောက်ပြီး အားအင်တွေ ပိုရလာစေပါတယ်။ နှိပ်နယ်ပေးခြင်းကြောင့် ကြွက်သားအမျှင်တွေ ပြန်လည်သန်စွမ်းလာပါတယ်။

စိတ်ကိုလည်း ကြည်လင်လာစေပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်မှာ ရှိတဲ့နာကျင်မှုတွေကို သက်သာသွားစေဖို့ နှိပ်နယ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သွားဖုံး

လက်ချောင်းထိပ်လေးနဲ့ သွားဖုံးအောက်ခြေကနေ အရင်းအထိ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ မနှိပ်နယ်ချင်တဲ့အခါမှာ ရေနွေးနဲ့ ပလုပ်ကျင်းပေးလို့ ရပါတယ်။

ဒီလိုနှိပ်နယ်ပေးတာက သွားဖုံးနာကျင်တာကို သက်သာစေပြီး သွားဖုံးမှာရှိတဲ့ဘက်တီးရီးယားတွေကို လျော့သွားစေပါတယ်။ လက်ကို သန့်ရှင်းအောင်ဆေးကြောပြီးမှ နှိပ်နယ်ဖို့ မမေ့ပါနဲ့နော်။

၂။ ခြေထောက်

ထိုင်ခုံတစ်ခုံမှာ ထိုင်လိုက်ပြီး ဖိနပ်ချွတ်လိုက်ပါ။ တင်းနစ်ဘောလုံးကို ခြေဖဝါးအောက်မှာ ထားပြီး ခြေဖဝါးနဲ့ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် ပြုလုပ်ပေးပါ။

မိနစ်အနည်းငယ်ကြာပြီးနောက် နောက်ထပ်ခြေဖဝါးတစ်ဖက်ကို ပြောင်းပြီး ပြုလုပ်ပေးပါ။ ခြေထောက်ရောင်ရမ်းပြီး နာကျင်နေတဲ့သူတွေအတွက် အလွယ်တကူနဲ့ သက်သာစေမယ့် နှိပ်နယ်နည်းပါပဲ။

၃။ ကျော

နံရံတစ်ခုမှာ မှီပြီးရပ်လိုက်ပြီး ကျောနဲ့ နံရံကြားမှာ တင်းနစ်ဘောလုံးကို ထားလိုက်ပါ။ အဲဒီနောက် ကျောနဲ့ ဘောလုံးကို ဘေးဘက်ကို ရွေ့လိုက်၊ အပေါ်အောက်ရွေ့လိုက် ပြုလုပ်ပေးပါ။

ဒီနှိပ်နယ်နည်းမှာတော့ အားထည့်ပြီး ပြုလုပ်ပေးလို့ ရပါတယ်။ ဒီနှိပ်နယ်နည်းကတော့ ကျောမှာ နာကျင်ညောင်းညာနေတာကို ပြေလျော့သွားစေပါတယ်။

၄။ ပြန်ရည်ကြော

ပြန်ရည်ကြောက ရောင်ရမ်းနေတဲ့အခါမှာတော့ ဒီနှိပ်နယ်နည်းကို အသုံးပြုနိုင်ပါတယ်။ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး လက်ခလယ်ကို ညှပ်ရိုးပေါ်မှာ တင်လိုက်ပါ။

လက်ချောင်းလေးတွေကို ညှပ်ရိုးတစ်လျှောက် ညင်ညင်သာသာနှိပ်နယ်ပေးပါ။ ပြီးနောက် နားရွက်ကို လက်ချောင်းလေးတွေနဲ့ ညှပ်ပြီး အကြိမ် ၅၀ ခန့်နှိပ်နယ်ပေးပါ။

၅။ ဝမ်းဗိုက်

အစားအစာတွေ စားပြီးနောက် အစာကြေအောင်လို့ ဝမ်းဗိုက်ကို နှိပ်နယ်ပေးနိုင်ပါတယ်။ ဝမ်းဗိုက်ပေါ်မှာ လက်ဖဝါးနှစ်ဖက်လုံးကို တင်လိုက်ပြီး နာရီလက်တံအတည့်ပုံစံအတိုင်း နှိပ်နယ်ပေးပါ။ ကလေးတွေရဲ့ ဝမ်းဗိုက်ကို နှိပ်နယ်ပေးတဲ့အခါမှာလည်း ဝမ်းဗိုက်နာကျင်တာနဲ့ လေနာတာကို သက်သာစေပါတယ်။

၆။ လက်နဲ့ လက်ကောက်ဝတ်

ဘယ်ဘက်လက်ကောက်ဝတ်က သွေးခုန်နှုန်းရှိတဲ့နေရာကို ညာဘက်လက်ချောင်းနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ ပြီးနောက် လက်ဖဝါးအောက်ခြေကနေ လက်ချောင်းထိလေးတွေအထိ ပွတ်တိုက်ပေးပါ။ လက်ကောက်ဝတ်မှာ ဖိအားများနေတာတွေကို ဒီနှိပ်နယ်နည်းက သက်သာသွားစေပါတယ်။

၇။ နှာခေါင်း

နှာခေါင်းပိတ်နေတာကို သက်သာစေဖို့ လက်ချောင်းလေးတွေကို နှာခေါင်းအပေါ်ကနေ မျက်လုံးအောက်ဘက်ထိ တဖြည်းဖြည်းချင်း နှိပ်သွားပါ။ နောက်ဆုံးမှာတော့ ပါးရိုးကို လက်မလေးနဲ့ နှိပ်နယ်ပေးပါ။

၈။ မေးရိုး

ခဲတံ သို့မဟုတ် တုတ်ချောင်းတစ်ချောင်းကို ယူပြီး အပေါ်သွားနဲ့ အောက်သွားကြားထဲမှာ ထားလိုက်ပါ။ ပြီးနောက် ခဲတံကို ညာဘက်ကို ရွေ့လိုက်၊ ညာဘက်ကို ရွေ့လိုက်ပြုလုပ်ပေးပါ။ မေးရိုးတွေနာကျင်နေတဲ့အခါမှာ ဒီနှိပ်နယ်နည်းက ထိရောက်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments